Thursday, January 16, 2014

ရင်သားကြီးချင်လွန်းလို့ ပြုပြင်ရာက ဒုက္ခရောက်ရတဲ့အမျိုးသမီးတစ်ယောက်ရဲ့ အဖြစ်




အယ်လိဇဘက်ဆိုတဲ့အမျိုးသမီးကိုတော့ကမ္ဘာ့မှာအကြီးဆုံးရင်သားပိုင်ရှင်လို့ ပြောရမှာပါ။
အဲလိဇဘက်ရဲ့ မူလရင်သားဆိုဒ်က ၃၂လက်မရှိပါတယ်။ဒါကိုမကျေနပ်နို်င်တဲ့အတွက် ပိုလီပရိုဖီလင်းစထရင်းဆိုတဲ့နည်းနဲ့ ရင်သားကြီးအောင်ပြုလုပ်ရာကတနေ့ တခြားသူ့ ရဲ့ ရင်သား ဟာကြီးထွားလာရာကခုလိုမရှူနိုင်မကယ်နိုင်ဘ၀ကိုရောက်ခဲ့ ရတာပါပဲ။
တနေ့ တခြားကြီးထွားလာတဲ့ရင်သားဟာ သူ့ အတွက်တော့ ဘယ်အချိန်ထပေါက်ကွဲမလဲ မသိရတဲ့ချိန်ကိုက် ဗုံးတလုံးကိုရင်ဝယ်ပိုက်ထားရသလို့ ပါပဲတဲ့။


လွန်ခဲ့တဲ၁၅နှစ်က ရင်သားကြီးထွားအောင်ပေါင်၃၀၀၀ကုန်ကျခံပြီးရင်သားထဲကို synthetic string ထည့်ခဲ့ပါတယ်။ခွဲစိတ်ပြီးရက်အနည်းငယ်အကြာမှာနေရထိုင်ရအဆင်မပြေဖြစ်လာတဲ့အတွက် ပြန်ထုတ်ခဲ့ပါ တယ်။ညာဖက်ရင်သားထဲက string ကိုတော့ပြန်ထုတ်လို့ ရပြီး ဖက်ဘက်ရင်သားကတော့ပြန်ထုတ် လို့ မရတော့ပါ။အဲဒီကျန်ခဲ့တဲ့ string ကသူ့ ရင်သားနှစ်ဖက်စလုံးဆီကို အရည်တွေကိုထုတ်ပေးနေ တာကြောင့်သူ့ ရင်သားဟာဘောလုံးလိုကြီးထွားပြီးသယ်မနိုင်တဲ့ အရွယ်အစား ဖြစ်လာရတော့တာပါ။
၆၃ကြိမ်လောက်ဒီရင်သားအတွက်ခွဲစိတ်ကုသနေရတဲ့အဲလိဇဘက်ဟာ ခုခွဲစိတ်တဲဒဏ်ကို မခံနိုင်တော့ဘူးလို့ ပြောပါတယ်။

သူ့ လိုရင်သားကြီးထွားအောင်ပြုပြင်ချင်သူများအတွက်အဲလိဇဘက်ရဲ့ စကားကတော့
ကျမလို ရင်သားကြီး ထွားအောင်လုပ်ဖို့ ကြိုးစားမယ်ဆိုရင်တော့ အင်မတန်အန္တရာယ်ကြီး ထဲကိုယ့်ကိုယ်တွန်းပို့  လိုက်တာပါပဲ။ ရှင်တို့ သိရမှာက ဒီလိုလုပ်လိုက်တာဟာ ရှင်ဘ၀ကို တစ်သက်လုံးပြောင်းလဲပစ်လိုက်လိမ့်မယ် တဲ့။
နောက်မှရတဲ့နှောင်းနောင်တတွေပါပဲ။



အထက်ကဗီဒီယိုမှာသူ့ ရင်သားကိုမနိုင်မနင်းသယ်ပိုးနေရတဲ့အဲလိဇဘက်ရဲ့ ဒုက္ခကိုတွေ့ ရမှာပါ။
နောက် လှချင်လွန်းလို့ သြစတြေးလျ က ရင်သားခွဲစိတ်တဲ့ခွဲစိတ်ခန်းထဲကမြင်ကွင်း ဗီဒီယိုကိုပါအောက်မှာတင်ထားပေးပါတယ်။
အသားနာခံပြီးတော့ရင်သားခွဲစိတ်ပြုပြင်တာကြည့်ပြီး အမျိုးသမီးတွေအလှကြိုက်ပုံများတော့လက်ဖျား ခါလောက်အောင်ကိုအံ့သြမိပါရဲ့ ။




READ MORE: http://news.naij.com/56636.html




My breasts could kill me: Porn star who had illegal 'string' implants 15 years ago to boost her career says her life has been ruined by super-sized chest
Elizabeth Starr had now-illegal 'string' implants 15 years ago
Doctors have recommended Elizabeth face a double mastectomy
The mother-of-two has endured 63 corrective procedures
The £3,000 procedure involved inserting synthetic string into the breasts to stimulate fluid production and growth
A few days after the operation she began suffering complications
The string implant in her left breast is causing fluid to leak into both breasts making them balloon

2 comments:

  1. This comment has been removed by the author.

    ReplyDelete
  2. စာတစ်ပုဒ်လုံးကူးပြီးမှ အောက်ခြေက ကူးလာတဲ့မူရင်းလင့်ကိုဖြုတ်ပြီး ခရက်ဒစ်မပေးချင်တဲ့ စိတ်ဓာတ်ကတော့မကောင်းပါဘူး။ ကူးလို့ ၇ပါတယ်။ ဒါပေမယ့် ခရက်ဒစ်တော့ပေးစေချင်ပါတယ်။ http://www.themeltingpot4u.com/2014/01/blog-post_6596.html

    ReplyDelete

Related Posts Plugin for WordPress, Blogger...