Thursday, January 16, 2014

နှစ်ကုန်ချိန်တွင် ပဲဈေးများငြိမ်နေရာမှ ယခုနှစ် ဇန်န၀ါရီ လ၀က်အတွင်း ပဲဈေးကွက်တွင် အရောင်းအ၀ယ်သွက်လာပြီး မတ်ပဲဈေးနှုန်းများမြင့်တက်


Thursday, January 16, 2014



ပြည့်စုံအောင်
ရန်ကုန်မြို့ရှိ ပဲကုန်စည်ဒိုင်အား မြင်တွေ့ရစဉ်


နှစ်ကုန်ချိန်တွင် ပဲဈေးများငြိမ်နေရာမှ ယခုနှစ် ဇန်န၀ါရီလ၀က်အတွင်း ပြန်လည်မြင့်တက်လာခဲ့ကာ ဘုရင့်နောင်ကုန်စည်ဒိုင် ဈေးနှုန်းများအရ မတ်ပဲအမျိုးအစားအလိုက် တစ်တန်လျှင် ကျပ် ၄၀၀၀ ခန့် မြင့်တက်ခဲ့ကြောင်း သိရသည်။

မန္တလေး ကုန်စည်ဈေးကွက်တွင် မတ်ပဲတစ်အိတ်လျှင် ကျပ် ၅၃၀၀၀ ရှိခဲ့ရာမှ ယခုအခါတွင် ကျပ် ၅၄၀၀၀ မှ ၅၆၅၀၀ အထိ မြင့်တက်လာခဲ့ခြင်းကြောင့် မတ်ပဲတစ်အိတ်လျှင် ကျပ် ၂၀၀၀ ကျော် မြင့်တက်လာခဲ့ခြင်းဖြစ်သည်။

“နှစ်ကုန်ပိုင်းမှာ ပဲဈေးက သိပ်မသွက်ပဲ အေးသွားတယ်။ အခု ဒီလ၀က်အတွင်းမှာ ပဲဈေးက တရိပ်ရိပ် ပြန်တက်လာခဲ့ပြီး အခုပေါက်ဈေးတွေ အရဆိုရင် ကျပ် ၄၀၀၀ နီးပါးလောက် မြင့်တက်လာပါတယ်” ဟု ဘုရင့်နောင်ကုန်စည်ဒိုင်မှ ပဲကုန်သည်တစ်ဦးက ဆိုသည်။

ဇန်န၀ါရီ ၁၃ ရက် ဘုရင့်နောင် ကုန်စည်ဒိုင်မှ ဈေးနှုန်းထုတ်ပြန်ချက်များအရ မတ်ပဲ Raw(2014) တစ်ပိဿာလျှင် ကျပ် ၉၆၆၊ မတ်ပဲ FAQ/RC (2014) တစ်တန်လျှင် ကျပ် ၆၁၅၀၀၀၊ မတ်ပဲ SQ/RC (2014) တစ်တန်လျှင် ကျပ် ၆၅၀၀၀၀၊ ပဲစင်းငုံနီ RC (2014) တစ်တန်လျှင် ကျပ် ၅၈၀၀၀၀ ရှိကြောင်း သိရသည်။

ဇန်န၀ါရီ ၁၄ ရက် ဘုရင့်နောင် ကုန်စည်ဒိုင်မှ ဈေးနှုန်းထုတ်ပြန်ချက်များအရ မတ်ပဲ Raw (2014) တစ်ပိဿာလျှင် ၉၇၅ ကျပ်၊ မတ်ပဲ FAQ/RC (2014) တစ်တန်လျှင် ကျပ် ၆၁၉၅၀၀၊ မတ်ပဲ SQ/RC (2014) တစ်တန်လျှင် ကျပ် ၆၅၄၀၀၀၊ ပဲစင်းငုံနီ RC (2014) တစ်တန်လျှင် ကျပ် ၅၈၄၀၀၀ ရှိကာ မတ်ပဲဈေးနှုန်းများ မြင့်တက်လာခဲ့ခြင်းဖြစ်သည်။ ဒီဇင်ဘာ ၂၆ ရက်တွင် မတ်ပဲ FAQ/RC တစ်တန်လျှင် ကျပ် ၅၇၉၅၀၀၊ မတ်ပဲ SQ/RC တစ်တန်လျှင် ကျပ် ၆၀၉၅၀၀၊ ပဲစင်းငုံနီ RC တစ်တန်လျှင် ကျပ် ၅၁၅၀၀၀ ဖြင့် ပဲဈေးကွက်အတွင်း အရောင်းအ၀ယ်ဖြစ်ခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာ ၂၇ ရက်တွင် လက်လီဈေးနှုန်းများအရ မတ်ပဲတစ်ပိဿာလျှင် ၈၇၅ ကျပ်၊ ကုလားပဲဝါ တစ်ပိဿာလျှင် ၇၂၅ ကျပ်၊ ပဲပုပ်တစ်ပိဿာလျှင် ၁၀၈၀ ကျပ်၊ ပဲနီပြား တစ်ပိဿာလျှင် ၁၂၀၀ ကျပ်၊ ပဲတီစိမ်း (ကြီး) တစ်ပိဿာလျှင် ၁၂၀၀-၁၃၀၀ ကျပ်၊ ပဲပိစပ် တစ်ပိဿာလျှင် ကျပ် ၆၀၀ ပေါက်ဈေးရှိခဲ့ကြောင်း သိရသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...