Saturday, September 28, 2013

ဦးသိန်းစိန် နဲ့ ဒေါ်အောင်ဆန်း စုကြည် အပေါ် ဘယ်လိုမြင်လဲ


ဟိုတစ်လော က မိတ်ဆွေတစ်ယောက်က မောင်ဘ ကို မေးတယ် “သမ္မတ ဦးသိန်းစိန် နဲ့ ဒေါ်အောင်ဆန်းစုကြည် အပေါ် ဘယ်လိုမြင်လဲ” လို့ မေးလာတာ ကြုံဖူးတယ်။ အမှန်ပြောရရင် မောင်ဘ လည်း လေ့လာဖတ်မှတ်ဆဲ လူတစ်ဦးဖြစ်သလို ၊ ကိုယ့်ကိုဆွေးနွေးတဲ့ သဘောနဲ့ မေးလာတဲ့ မေးခွန်းမို့လည်းကိုယ်တိုင်လည်းငါဘယ်လို မြင်နေသလဲလို့ ပြန်သုံးသပ်မိတယ်။အခု
 မောင်ဘဒါကို မြင်တဲ့အတိုင်းပဲ ရေးမှာပါ ။ ဒီအပေါ်မှာ ကြိုက်တဲ့သူလဲရှိသလို မကြိုက်တဲ့သူလည်း ရှိမှာမို့ လွတ်လပ်စွာ ကွဲလွဲနိုင်ပါတယ်။
          လက်ရှိ မြန်မာနိုင်ငံမှာရှိတဲ့ လူရွယ်၊လူကြီး ပတ်ဝန်းကျင်မှာ  သမ္မတ ဦးသိန်းစိန် ကို လေးစားကြသူများနဲ့ အတိုက်အခံခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ကို လေးစားကြသူများဆိုတဲ့ လူအဖွဲ့အစည်း နှစ်ခု ဟာ ကွဲလွဲရပ်တည်လျှက်ရှိပါတယ်။ဒီအထဲမှာမှထပ်မံ ခွဲခြားဆန်းစစ် ကြည့်မယ်ဆိုရင် တစ်ချို့လူတွေဟာ ပုဂ္ဂလအဓိဌာန် ကျကျ လူပုဂ္ဂိုလ် ကိုးကွယ်တဲ့ အပိုင်းတွေ ရှိသလို ၊ တစ်ချို့ လူတွေက ဓမ္မအဓိဌာန် ကျကျ လုပ်ရပ်အပေါ် (၀ါ) ပြည့်သူအပေါ်အကျိုးပြုမှု နဲ့ တိုင်းတာ ကြတဲ့ အပိုင်းတွေကို တွေ့ရပါတယ်။ဒီလူအဖွဲ့အစည်း နှစ်ခု မှာ မတူကွဲပြားတာတွေ ရှိသလို တူတာတွေလဲရှိပါတယ် ။ ဒါကတော့ နိုင်ငံကိုချစ်တဲ့စိတ်ပါ။ဒါပေမယ့် ဒီမိုကရေစီိကို မြတ်နိုးပါတယ်လို့ မိုးလုံးပြည့်ညံ ကြွေးကြော်သံတွေနဲ့ လူအများစု မှာ မတူကွဲပြားတဲ့ ဒီမိုကရေစီ ရဲ့သဘောသဘာဝ ကိုနားမလည်နိုင်ပဲ“ငါနဲ့မတူငါ့ရန်သူ”ဆိုတဲ့အတွေးတွေပိုင်ဆိုင်သူတော်တော်များများ တွေ့မိတယ်။ကဲထား
ပါလေ လိုရင်းကိုပဲဆက်ပြောကြမယ်။
          ဒီအကြောင်း ကို အမြင်ပြောရမယ်ဆိုရင် Politicians are many  but Statesmen is few  ဆိုတဲ့ စကားပုံလေးကိုထည့်ပြောချင်ပါတယ်။ဒါမှ လဲ မိမိ အမြင်ကို နားလည်အောင်ပြောနိုင်မှာ မို့လို့ပါ။ဒီနေရာမှာ Statesman ဆိုတာ တိုင်းပြည်ပြုသုခမိန် လို့ ပြန်ဆိုပါတယ်။ဒီစကားလုံး နဲ့ ပတ်သတ်ပြီး တိုင်းပြည်ပြုသုခမိန် ဆိုတာကို ဒေါက်တာမောင်မောင် စုစည်းတင်ပြထုတ်ဝေတဲ့ AungSan of Burma (Myanmar) ဆိုတဲ့စာအုပ်မှာ ဗြိတိသျှ ၀န်ကြီးချုပ်ဟောင်း C.R.Attlee က ၎င်း ရဲ့ ဆွေးနွေးဖက် ဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းကို အောက်ပါအတိုင်း ရေးသားထားပါတယ်။
“Aung San was a Statesman of considerable capacity and wisdom as was show by his proposals for dealing with the minority communities in generous lines.Had he lived ,might well have staged in the commonwealth,but,as it was ,the Burmese decided an complete independence”။အဘိဓာန်မှာတော့ ဒီ Statesmen ဆိုတဲ့ စကားလုံး ကို  တိုင်းပြည်ပြုသုခမိန် ၊ အမြော်အမြင်ကြီးမားသော နိုင်ငံရေးသမားလို့ ဖွင့်ဆိုပါတယ်။Politicians ဆိုတာက နိုင်ငံရေးသမားတော့ နိုင်ငံရေးသမားပဲ ဒါပေမယ့် ရွေးကောက်ပွဲအတွက်ပဲ ကြည့်တတ်တဲ့ နိုင်ငံရေးသမားမျိုးလို့ အဓိပ္ပါယ် ဖွင့်ဆိုပါတယ်.။Statesman ကတော့ အဲလိုမဟုတ်ဘူး နိုင်ငံရေးသမားတော့ နိုင်ငံရေးသမားပဲ ဒါပေမယ့် နောက်မျိုးဆက် တစ်ခု အတွက်ပါ ကြည့်တတ်တဲ့ နိုင်ငံရေးသမားလို့ ဆိုပါတယ်။ဒီတော့ နိုင်ငံရေးသမားချင်းတူပေမယ့် Statesman နဲ့ Politicians  စကားလုံးတော်တော်လေး ကွာခြားသွားတာတွေကိုတွေ့ရပါတယ်။မောင်ဘ ပြောချင်တဲ့ အပိုင်းကို ရောက်လာပါပြီ.။
         လက်ရှိအခြေအနေမှာ သမ္မတ ဦးသိန်းစိန်ရဲ့ ရပ်တည်ချက်တွေ လုပ်ဆောင်ချက်တွေဟာ တော်တော်လေးလဲ ထိရောက်မှုရှိသလို အချို့ မမျှော်မှန်းထားတဲ့ လူအချို့မထင်မှတ်ထားတာတောင် လုပ်ခဲ့တယ်လို့ ဆိုရမယ်။(ဥပမာ-မြစ်ဆုံကိစ္စ ရပ်တန့်ထားတာတွေ) ၊ ပြီးတော့ ဘင်္ဂလီအရေးတွေမှာ ပြည်သူနဲ့ တစ်သားတည်း ပြည်သူဆန္ဒ အတိုင်း အပြင် နောက်မျိုးဆက်တွေ အတွက်ပါ ထည့်တွက် စဉ်းစားဆုံးဖြတ်ခဲ့တယ်လို့ တွက်လို့ရတယ်။ပြီးတော့ အခု သမ္မတဦးသိန်းစိန်လက်ထပ်မှာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့အပစ်အခတ်ရပ်စဲရေး ငြိမ်းချမ်းရေးေ
ဖ်ာဆောင်မှုလုပ်ခဲ့တာတွေဟာလည်း နောက်မျိုးဆက်တွေအတွက်ကောင်းတဲ့လက္ခဏာတွေပဲ ဖြစ်ပါတယ်
။နောက်ပြီး စီးပွားရေးပိတ်ဆို့မှုတွေ ဖြေလျော့အောင်ကြိုးစားခဲ့တာတွေ ၊ နိုင်ငံအတွင်း အလုပ်အကိုင်တွေ ပေါများလာအောင် ဖန်တီးနေတာတွေ ၊ စင်္ကာပူ ၀န်ကြီးချုပ် လောက်နဲ့တွေ့ဖို့ ကိုသမ္မတတစ်ယောက်မာန်ကိုချပြီးအမျိုးသားအကျိုးစီးပွားအတွက်မိနစ်ပေါင်းများစွာထိုင်စောင့် သည်းခံပေးခဲ့တာတွေဟာ နောက်မျိုးဆက်တစ်ခု အတွက်ပဲ မဟုတ်ဘူးလား ။ဒါကြောင့် မောင်ဘ က တော့ လက်ရှိသမ္မတဦးသိန်းစိန်ကို နိုင်ငံရေးသမား ဆိုပေမယ့် Statesman အမျိုးအစားခေါင်းစဉ်အောက်မှာ ထားလိုက်ပါတယ်။  နောက်ထပ် ဒေါ်အောင်ဆန်းစုကြည်ကို စဉ်းစားကြရအောင်။
       ဒေါ်အောင်ဆန်းစုကြည် ဆိုတာဟာလည်းပဲ မြန်မာနိုင်ငံမှာ ပြည်သူလူထု ရဲ့ ထောက်ခံမှု တော်တော်များများ ရထားတဲ့အတိုက်အခံ ပါတီခေါင်းဆောင်တစ်ယောက် ဖြစ်ပါတယ်။ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံမှာ ရှိတဲ့ အတိုက်အခံပါတီတွေအများကြီးရှိတဲ့အထဲကမှအတော်ဆုံး ခေါင်းဆောင်တစ်ယောက်လို့ ပြောလို့ရပါတယ်။
ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ဆို က ကျွန်တော် တို့ရဲ့ အမျိုးသားဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီး လည်းဖြစ်လို့ လူထု က ထောက်ခံအားပေးကြတာလည်း ပါကောင်းပါမှာ ပါ။မောင်ဘ အမြင်တော့ နိုင်ငံအတွက်ကောင်းတာလုပ်ရင် မောင်ဖြူ လုပ်လုပ် ၊ မောင်မဲ လုပ်လုပ် ထောက်ခံရမှာပဲ။စစ်အစိုးရ လက်ထပ်က ဒေါ်အောင်ဆန်းစုကြည် နဲ့ အခု ဒေါ်အောင်ဆန်းစုကြည် ဆိုတာအပေါ်မှာ ပြည်သူလူထုက ကြည့်တဲ့ရှုထောင့်တွေက ကွဲပြားလာကြပြီ ။အရင်တုန်းက ဒေါ်အောင်ဆန်းစုကြည်ကိုသနားကြတယ်၊ မေတ္တာစိတ်နဲ့ချစ်ကြတယ်။ဒါပေမယ့် ဒေါ်အောင်
ဆန်းစုကြည်အကျယ်ချုပ် က ထွက်လာခဲ့တဲ့နောက်ပိုင်းမှာ လည်း ပြည်သူလူထု နဲ့ အတူ မောင်ဘ တို့လဲ အပါအ၀င် အမျှော်လင့်ကြီး မျှော်လင့်ခဲ့ကြတယ်။(မောင်ဘ အမြင်အတိုင်းပြောရမယ်ဆိုရင်)အခုအချိန်ထိ တိုင်းပြည်နဲ့ လူမျိုး အတွက် ဘာတစ်ခုမှ ထိထိရောက်ရောက် မလုပ်ပေးသေးဘူး။ဒါကို တစ်ချို့ ကလဲ အာဏာမရှိသေးလို့  လို့ ပြောကြတယ်။ဒါဆို လွှတ်တော်ထဲမှာ ၀င်နေပြီး တရားဥပဒေစိုးမိုးရေး ဥက္ကဌ ကဘာမှ မယ်မယ်ရရ လုပ်တာမတွေ့ရဘူး။ လွှတ်တော် နားရင် ပြည်ပသွားတယ် ။ တစ်ချို့ လွှတ်တော်ကိုယ်စားလှယ်တွေ ၊ အမတ်လောင်းတွေ ပြည်သူတွေ အတွက် အမျိုးဘာသာ သာသနာအတွက် ဥပဒေကြမ်းတွေတင်နယ်တွေကို ကွင်းဆင်းလုပ်နေတဲ့အချိန်မှာ  တစ်နိုင်ငံပြီးတစ်နိုင်ငံ ခရီးသွားလိုက်၊ အခြေခံဥပဒေ ပြင်ကိုပြင်ရမယ်တို့ပဲ အတွင်အတွင် ပြောနေတယ်။ ပြင်ရမှာတော့ မောင်ဘ အပါအ၀င် လူတိုင်းသိတာပေါ့။ ပြီးတော့ အမျိုးဘာသာ သာသနာ ကိစ္စတွေ ၊ ဥပမာ မောင်တော ၊ မိတ္ထီလာ ကုလားအရေးအခင်း ကိစ္စတွေမှာ ဘာတစ်ခုမှ လုပ်မပေး မပြောပေးတဲ့အပြင်ကွင်တားနား မှန်တယ် လို့တောင်ထောက်ခံလိုက်သေး။မိမိ သမ္မတ ဖြစ်ရေး ရွေးကောက်ပွဲနိုင်ရေး အတွက် ဘာမဆို ချခင်းမယ့် ချနင်းမယ့်ပုံပဲ။မောင်ဘ နောက်တစ်ခု ထောက်ပြချင်သေးတယ်။ NLD က ၂၀၁၅ မှာWhite Card မဲမပေးရဘူးဆိုတဲ့ ကိစ္စမှာ ဘာလို့နှာစေး နေတယ်လို့ ထင်လဲ။ဘင်္ဂလီ ကိစ္စဆို လက်ရှောင် တယ်လို့ထင်လဲ။ အသာလေး နှာစေးပြီး လက်ရှောင်နေရင် လာမယ့် ၂၀၁၅ မှာ အဲ့ ဒီ မဲ ၄ သိန်းအား က NLD ၀ှက်ဖဲ ဖြစ်လာမယ် မဟုတ်လား။လယ်ပြင်မှာ ဆင်သွားသလို ရှင်းပါတယ်။မောင်ဘကတော့ ရွေးကောက်ပွဲအတွက်ပဲ ဆိုင်းပြင်းနေတဲ့ ဒေါ်စုကို Politicians ထဲထည့်ထားလိုက်မယ်ဗျာ..။ကဲ..မောင်ဘအမြင်ကတော့ဒါပါပဲဗျာ..။

မောင်ဘ

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...