Saturday, September 28, 2013

မြန်မာနိုင်ငံတွင် အသေးစားချေးငွေလုပ်ငန်းများ ဖွံ့ ဖြိုးလာရေးအတွက IFC က ဆက်လက် ကူညီမည်






မြန်မာနိုင်ငံတွင် အသေးစား ချေးငွေလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာရေးအတွက် ကမ္ဘာ့ဘဏ်၏ ကဏ္ဍခွဲတစ်ခုဖြစ်သော IFC (International Finance Corpotation) က ဆက်လက် ကူညီသွားမည်ဖြစ်ကြောင်း IFC ၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် Charles Schneider က စက်တင်ဘာ ၂၅ ရက်တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။

''အမှန်တော့ IFC က ကမ္ဘာ့ဘဏ်ရဲ့ ပုဂ္ဂလိကကဏ္ဍ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အဖွဲ့အစည်းတစ်ခုပါ။ မြန်မာနိုင်ငံမှာလည်း ပုဂ္ဂလိကကဏ္ဍတွေ ပိုမိုရှင်သန် အားကောင်းလာဖို့အတွက်နဲ့ အရင်းအနှီးတွေ ပိုမိုဖြန့်ကြက်နိုင်ဖို့အတွက် ဆောင်ရွက်ပေးနေပါတယ်။ အလားတူ အသေးစား ချေးငွေလုပ်ငန်းတွေနဲ့ ပတ်သက်ပြီးတော့လည်း ပြီးခဲ့တဲ့ မတ်လ လောက်ကစပြီး ဆောင်ရွက်နေတာတွေ ရှိပါတယ်။ အခုဆိုရင် ပြည်တွင်းမှာလည်း အသေးစား ချေးငွေလုပ်ငန်း လုပ်ကိုင်ဖို့အတွက် လိုင်စင် လျှောက်ထားတဲ့ အဖွဲ့အစည်းတွေ အများကြီး ရှိနေပါပြီ။ IFC အနေနဲ့ နောက်ထပ် အသေးစား စီးပွားရေးလုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့အတွက် အကူအညီပေးဖို့ စဉ်းစားနေတာတွေ ရှိပါတယ်''ဟု IFC (International Finance Corpotation) က ပြောကြားသည်။

အလားတူ ကမ္ဘာ့ဘဏ် အနေနှင့်လည်း ဆင်းရဲမွဲတေမှု လျှော့ကျရေး၊ မြို့ပြနှင့် ကျေးလက် ကွာဟမှု နည်းပါးရေးအတွက် ရေရှည်စီမံကိန်းများ ချမှတ်ရေး၊ ဆင်းရဲမွဲတေမှု လျှော့ချရေး အများပြည်သူအားလုံး မျှဝေ ခံစားနိုင်ရေးတို့ကို ၂၀၃၀ တွင် အောင်မြင်အောင် ဆောင်ရွက်နိုင်ရေးအတွက် UN ချမှတ်ထားသည့် ရည်မှန်းချက်အတိုင်း ဆောင်ရွက်နေကြောင်း၊ မြန်မာနိုင်ငံတွင် ကျေးလက်ဒေသဖွံ့ဖြိုးမှာ တိုင်းပြည် စီးပွားရေး တိုးတက်ရေးအတွက် များစွာအရေးပါကြောင်း၊ အဘယ့်ကြောင့်ဆိုသော် မြန်မာနိုင်ငံ၏ စုစုပေါင်း GDP ၏ ရာခိုင်နှုန်း ၅၀ အား စိုက်ပျိုးရေးကဏ္ဍမှ ရရှိနေကြောင်း၊ ထို့အတွက် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးမှာလည်း များစွာအရေးပါကြောင်း ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံဆိုင်ရာဌာနေ ကိုယ်စားလှယ်က ပြောကြားသည်။

''မြန်မာနိုင်ငံ အစိုးရအနေနှင့်လည်း ဆင်းရဲမွဲတေမှု လျှော့ချရေးနဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအတွက် လုပ်ဆောင်နေတယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ အနေနဲ့လည်း အစိုးရကို ကူညီဖို့အသင့်ပါပဲ။ ဒါ့ကြောင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး အစီအစဉ်တွေကို လုပ်နေပါတယ်။ ဥပမာ ကျေးလက်ဒေသ မီးလင်းမှ ဒီဒေသမှာ နေထိုင်တဲ့ လူတွေရဲ့ လူမှုရေး၊ ကျန်းမာရေး၊ စီးပွားရေးလုပ်ငန်းတွေ တိုးတက်ကောင်းမွန်လာမှာပါ။ ဒါကြောင့် လျှပ်စစ်မီးရရှိမှုကလည်း အလွန်အရေးကြီးပါတယ်''ဟု ၎င်းက ပြောကြားသည်။

(ရန်ကုန်မြို့ ခြောက်မိုင်ခွဲရှိ ကမ္ဘာ့ဘဏ်ရုံးတွင် သတင်းစာ ရှင်းလင်းပွဲပြုလုပ်နေစဉ်)

EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...