Saturday, September 28, 2013

iPad Mini 2 ရွှေရောင်ကို မြင်တွေ့နိုင်မည်လား


========================
မေသဇင်

အင်တာနက်စာမျက်နှာတွေမှာ ပျံ့နှံ့နေတဲ့ iPad အခွံတစ်လုံးရဲ့ ဓာတ်ပုံအရ iPad Mini အသစ်မှာ ရွှေရောင် သို့မဟုတ် မီးခိုးဖျော့ရောင်
ကို ရွေးချယ်နိုင်မယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ iPhone 5S ရဲ့နာမည်ကျော် Touch ID fingerprint Sensor လည်း ပါဝင်လာမယ်လို့ ဆိုပါတယ်။

တရုတ်အခြေစိုက် DoNews နည်းပညာသတင်းဌာနက fingerprint Sensor နဲ့ ရွှေရောင် iPad Mini အသစ်ကို မကြာမီ တွေ့မြင်ရတော့မည် လို့ သတင်းရေးလိုက်တာကြောင့် Apple ပရိသတ်တွေ ပိုပြီး အုံးအုံးကြွသွား ခဲ့တယ်။ ဒီသတင်းက Twitter ပေါ်မှာ တစ်ဟုတ်ထိုး ပြန့်နှံ့သွားခဲ့ပြီး စိတ်ဝင်စားမှု အများအပြားရှိခဲ့ပါတယ်။

ဆက်စပ်သတင်းအရ iPad 5 တွင် မီးခိုးရောင်ဖျော့ဖျော့နဲ့ ငွေရောင်
နှစ်မျိုးကို ရွေးချယ်နိုင်မယ်လို့ ဆိုပါတယ်။ iPad Mini 2 မှာ 1GB RAM ပါဝင်နိုင်သလို iPad 5 မှာ 2GB RAM ပါဝင်နိုင်တယ်လို့ ထင်ကြေးပေး
ပြောဆိုနေကြပါတယ်။

ကောလဟာလသတင်းတွေကလည်း တစ်ခါတစ်လေမှန်တတ်တာမို့ ဒီသတင်းတွေကိုတော့ လျစ်လျူရှုလို့ မရပါဘူး။ အသစ်ထုတ်မယ့် iPad Mini 2 နဲ့ iPad 5 အတွက် ဘယ်လိုသတင်းတွေ ထွက်ရှိလာဦးမလဲဆိုတာ
စောင့်ကြည့်ရဦးမှာပါ။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...