Wednesday, September 18, 2013

ဘိုလီဗီးယားမှ ကမ္ဘာ့အသက်အကြီးဆုံး ပုဂ္ဂိုလ်



ပုံမှာ မြင်တွေ့နေရတဲ့သူ ဖြစ်ပါတယ်။ Carmelo Flores Laura လို့ အမည်ရ ပါတယ်။ သူ့ အသက်က ၁၂၃ နှစ် ရှိပါပြီ။ ဒါကြောင့် ကမ္ဘာ့ အသက် အကြီးဆုံး ပုဂ္ဂိုလ် အဖြစ် စံချိန်တင်စေခဲ့ကြောင်း သိရပါတယ်။

၁၈၉၀ ခုနှစ်၊ ဇူလိုင်လဖွား အမျိုးသား တစ်ဦးပါ သို့ပေမယ့် အဲ့ဒီအချိန်က မှတ်တမ်းက ပြန်ရှာရခက်ခဲနေပြီး အဖွဲ့ အစည်း အချို့ ကတောာင် လက်မခံ ပါဘူး။ သူ့ကို အသက် ၁၀၇ နှစ်လို့လည်း အဖွဲ့အစည်း အချို့ က ပြောဆို ကြပါတယ်။ တောင်အမေရိကတိုက် အလယ်ပိုင်းမှာ ရှိတဲ့ ဘိုလီဗီးယားမှာ ၁၉၄၀ မတိုင်မှီအထိ မွေးဖွားမှတ်တမ်း မရှိပါဘူး။ ဒီတော့ အတည်ပြုရ ခက်ခဲတဲ့ အခြေအနေ တစ်ခုလည်း ဖြစ်ပါတယ်။ သူ့ကို ဂင်းနစ် မှတ်တမ်းတင်ဖို့တောင် ခက်ခဲနေပါတယ်။

သို့ပေမယ့် ဘိုလီဗီးယား အစိုးရ ကတော့ အတည်ပြုပေးထား ပါတယ်။ နိုင်ငံရဲ့  အမွေအနှစ် ပုဂ္ဂိုလ် တစ်ဦးလို့တောင် အသိအမှတ်ပြု ထားပါတယ်။ နားကောင်းကောင်း မကြားတော့ သလို၊ အမြင်အရုံလည်း သိပ် မကောင်းတော့ပါဘူး။ သို့ပေမယ့် ကူသူမပါပဲ ကိုယ်တိုင် လမ်းလျှောက်နေနိုင် ပါသေးတယ်။ သူ့ဇနီးကတော့ အသက် ၁၀၀ ကတည်းက ကွယ်လန်သွားပြီလို့ ဆိုပါတယ်။ သားမီး ၃ ဦးရှိပြီး အငယ်ဆုံးသားက အသက် ၆၅ နှစ်နဲ့ အသက်ရှင်နေဆဲ ဖြစ်ပါတယ်။ မြေး ၆ ယောက်၊ မြစ် ၃၉ ယောက်ရှိပြီး မိသားစု ကလည်း ပြုစု စောင့်ရှောက် ပေးထား ပါတယ်။

Carmelo က အသက်ငယ်ရွယ်စဉ်ကတည်းက အရက်သေစာသောက် စားခြင်းကို ရှောင်ကြဉ်သူ ဖြစ်ပါတယ်။ အသားထဲမှာ သိုးသား အစားများပြီး Coca အရွက်ကို လည်း ဝါးစားလေ့ရှိတာ သူ့အကျင့် ဖြစ်ပါတယ်။ ဒါကြောင့် သူ အသက်ရှင်ရတဲ့ အကြောင်းအရင်းထဲမှာ Coca နဲ့ Sheep ကလည်း ပါဝင်နေပါတယ်။ ဘိုလီဗီးယား နိုင်ငံမှာတော့ Carmelo ကို အသက် ၁၂၃ နှစ်လို့ သတ်မှတ်ထားပြီး ဂင်းနစ်စံချိန်တင်နိုင်ရန် ကြိုးပမ်းလျက် ရှိကြောင်း သိရပါတယ်။
.
Ref: wiki,Xinhua
အောင်ခမ်း (ရိုးရာလေး)

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...