Wednesday, September 18, 2013

ဒီပဲယင်း လုပ်ကြံမှု ပြောစရာ အကြောင်းမရှိဟု ဦးခင်ညွန့်ဆို



လူထုစည်းရုံးရေးခရီးလှည့်လည်လာသည့် ဒေါ်အောင်ဆန်းစုကြည် စီးနင်းလာသည့်ကား (အ/၅၄၁၅) ပါဝင်သည့် မော်တော်ယာဉ်တန်း၂ဝဝ၃ ခုနှစ်၊ မေလ ၂၅ ရက်နေ့က စစ်ကိုင်းတိုင်း ကျီတောက်ပေါက် ကျေးရွာ အနီးသို့အရောက်တွင် မော်တော်ကားဖြင့် ဆန့်ကျင်ဆန္ဒပြနေသူ အချို့အား တွေ့ရစဉ်။ (ဓာတ်ပုံ - burmalibrary.org)


ရန်ကုန်၊ စက်တင်ဘာ ၁၈


မိသားစု လုံခြုံရေးကို အာမခံမည် ဆိုလျှင် ဒီပဲယင်း အရေးအခင်းနှင့် ပတ် သက်သမျှအားလုံး ဖွင့်ချမည်ဟု အင် တာနက်လူမှု ကွန်ရက်စာမျက်နှာအချို့၌ ပျံ့နှံ့နေမှုမှာ ၄င်းပြောဆိုထားခြင်း မဟုတ်ကြောင်း ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်က ငြင်းဆိုလိုက်သည်။

ယခုရက်ပိုင်းအတွင်း အင်တာ နက် လူမှုကွန်ရက်စာမျက်နှာအချို့တွင် ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်က အနောက်နိုင်ငံတစ်ခုမှ သံရုံးကိုယ်စား လှယ်တစ်ဦးနှင့် လျှို့ဝှက်တွေ့ဆုံစဉ် မိ သားစု လုံခြုံရေးအာမခံချက်ရှိက ဒီပဲ ယင်းအရေးအခင်းကိုဖွင့်ချမည်ဟု ပြော ခဲ့ကြောင်း ပျံ့နှံနေမှုနှင့် ပတ်သက်၍ ပေါ်ပြူလာနယူးစ်က သွားရောက် တွေ့ ဆုံမေးမြန်းရာ ယင်းသို့ ငြင်းဆိုလိုက် ခြင်းဖြစ်သည်။

”ဘယ်သူ့မှလည်း မပြောဖူးဘူး။ အဲဒီလို ပုဂ္ဂိုလ်လာတယ်ဆိုတာလည်း မရှိဘူး။ နောက်ပြီးတော့ အဲဒီ Subject (အကြောင်းအရာ)ကို ပြောစရာအ ကြောင်းလဲမရှိဘူး”ဟု ဗိုလ်ချုပ်ကြီး ဟောင်းဦးခင်ညွန့်က ပြောသည်။

ထို့အပြင် ၄င်းက တိုင်းပြည်ရှုပ် ထွေးမှုဖြစ်လာနိုင်သည့် ယင်းအကြောင်း အရာကို မဆွေးနွေးလိုကြောင်းနှင့် တိုင်းပြည်အေးအေးချမ်းချမ်းနှင့် တည် တည်ငြိမ်ငြိမ်ဖြစ်ရန် သာ မြင်လိုကြောင်း ထပ်မံဖြည့်စွက် ပြောသည်။



လူထုစည်းရုံးရေးခရီးလှည့်လည်လာသည့် ဒေါ်အောင်ဆန်းစုကြည် စီးနင်းလာသည့်ကားပါဝင်သည့် မော်တော်ယာဉ်တန်း၂ဝဝ၃ ခုနှစ်၊ မေလ ၂၅ ရက်နေ့က စစ်ကိုင်းတိုင်း ကျီတောက်ပေါက်ကျေးရွာအနီးသို့အရောက်တွင် ဆန့်ကျင်အော်ဟစ်နေကြသူအချို့အား တွေ့ရစဉ်။ (ဓာတ်ပုံ - burmalibrary.org)


မိသားစု လုံခြုံရေးကို အာမခံမည် ဆိုလျှင် ဒီပဲယင်းအရေးအခင်းနှင့် ပတ် သက်သမျှ အားလုံးဖွင့်ချမည်ဟု အ နောက်နိုင်ငံသံရုံး ကိုယ်စားလှယ်တစ်ဦး နှင့် လျှို့ဝှက်ေ တွ့ ဆုံစဉ် အငြိမ်းစားဗိုလ် ချုပ်ကြီး ခင်ညွန့်က ပြောကြားကြောင်း၊ စစ်တပ်မှ ဖိအားပေး အနားယူခိုင်းခံခဲ့ ရသော အငြိမ်းစားအရာရှိများလည်း သူ့နည်းတူ တိုင်းပြည်သို့ ဝန်ခံဖွင့်ချမည့် သူ အများအပြားရှိကြောင်းလည်း ပြော ကြားသည်ဟု အဆိုပါ အင်တာနက်စာ မျက်နှာတွင် စတင်ဖော်ပြထားသည်။

”အားလုံးက ပြောချင်နေကြပြီ လေ၊ အဲဒီအချိန်တုန်းကတော့ အထက် အမိန့်အရ လုပ်ခဲ့ကြတာလေ။ မှား တယ်၊ မှန်တယ်၊ လုပ်သင့်တယ်၊ မလုပ် သင့်ဘူး ပြန်ဝေဖန် ပိုင်ခွင့်မှ မရှိတာ၊ ခိုင်း တာလည်း လုပ်ပြီးရော အဲဒါက ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ် လုပ်ခဲ့သလိုလိုနဲ့ အပြင်ကို ကောလာဟလလွှင့်တာ ခံရတယ်။ အဲဒါတွေက နောက်ကျော ဓားနဲ့ထိုးလိုက်တာပဲ၊ ကိုယ့်ကို သမိုင်း တရား ခံဖြစ်အောင် ထိုးကျွေးလိုက်တာ၊ ဒါဘယ်သူကမှ မခံနိုင်ဘူးလေ။ ကိုယ့် သားစဉ်မြေးဆက်အပေါ် မဟုတ်တဲ့ အ မည်းစက် ကြီးဖြစ်နေမှာလေ။ အားလုံး ဖွင့်ချချင်နေကြတယ်။ တစ်ခုပဲရှိတယ်။ မိသားစုရဲ့ လုံခြုံရေးကို တိတိကျကျ အာမခံချက်ပေးရမယ်”ဟု ဗိုလ်ချုပ်ကြီး ဟောင်း ဦးခင်ညွန့်က ပြောသည်ဟု ဆို ကာ ယင်းသတင်းတွင် ဖော်ပြထား သည်။

”ဒါ လူရှုပ်လူပွေတွေလုပ်တဲ့ အ လုပ်။ နိုင်ငံရေး နားလည်တဲ့သူတွေ တကယ့်အတတ်ပညာရှင်တွေကျတော့ ကြည့်လိုက်တာနဲ့ သိတယ်။ ဒီပုဂ္ဂိုလ်ဟာ ဒီလိုပြောပါ့မလား ဆိုတာ ဝေဖန်ပိုင်း ခြားလို့ရတယ်” ဟု အထက်ပါ စာပါ အကြောင်းအရာနှင့် ပတ်သက်၍ ပြန် လည်ပြောဆိုသည်။

ဒီပဲယင်းအရေးအခင်းမှာ ၂ဝဝ၃ ခုနှစ် မေလ ၃ဝ ရက်နေ့ ညပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင် သော အဖွဲ့သည် မြန်မာပြည် အလယ် ပိုင်းစစ်ကိုင်းတိုင်း အတွင်း လူထုစည်းရုံး ရေးခရီးစဉ်လှည့်လည်စဉ် ဒီပဲယင်း မြို့ အနီးကျည်ရွာအရောက်၌ ယာဉ်တန်းကို အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရခြင်း ဖြစ် သည်။ ဒေါ်အောင်ဆန်းစု ကြည်မှာ ၄င်း စီးနင်းလာသည့် ကားမှ ကားမောင်း သူ၏ အကူအညီဖြင့်လွတ်မြောက်ခဲ့ပြီး ရေဦးမြို့သို့အရောက်၌ အာဏာပိုင်များ ၏ ဖမ်းဆီးခြင်း ခံခဲ့ရသည်။

ထိုစဉ်က လုပ်ကြံတိုက်ခိုက်ခံရမှု ကြောင့် NLD ပါတီဝင်အမြောက်အမြား သေကျေဒဏ်ရာ ရရှိခဲ့သည်ဟု သတင်း များ ထွက်ပေါ်ခဲ့သော်လည်း အစိုးရ သတင်းစာ ရှင်းလင်းပွဲတွင် လူ ၄ ဦး သေဆုံးပြီး ၅ဝ ဦးကျော် ဒဏ်ရာ ရရှိခဲ့ သည်ဟု ပြောဆိုခဲ့သည်။ ယင်းတိုက် ခိုက်ခံရမှုပြီး နောက်တွင် ဒေါ်အောင် ဆန်းစုကြည်နှင့် ဦးတင်ဦး တို့အား နှစ် ရှည် နေအိမ်အကျယ်ချုပ်ဖြင့် ဖမ်းဆီး ထိန်းသိမ်းခဲ့သည်။

P-News
From: Popular Myanmar News Journal

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...