Wednesday, September 18, 2013

ကလေး မှ စ လူကြီး အဆုံး ယာဘ သုံးစွဲ၍ တောင်ယာ စိုက်ပျိုး




သျှမ်းပြည် မြောက်ပိုင်း နမ္မတူ မြို့နယ် ဆိုင်းခေါင် ကျေးရွာ အုပ်စု ၌ အသက် ၁၀ နှစ် ကျော် ကေ လး အရွယ်မှ စ၍ ယာဘ သုံးစွဲ ကာ တောင်ယာ စိုက်ပျိုး လုပ်ကိုင်နေ ကြကြောင်း ဒေသတွင်း သတင်း အရ သိရှိ ရပါ သည်။

“ယာဘ က လူကို တက်ကြွ လန်းဆန်း စေတယ်၊ အား ရှိစေ တယ် ဆိုတော့ အရွယ်စုံ ယာဘ သုံး ပြီး အလုပ်လုပ် ကြတယ်။ကျောင်း မတက်နိုင်ဘဲ တောင်ယာတွေ မှာ အလုပ်လုပ် နေတဲ့ ကလေးေ တွ လည်း ယာဘ သုံး ကြတယ်။ ၁၀ နှစ် ကျော်လေးတွေ ။ အမျိုးသမီး အချို့လည်း သုံးကြ တယ်” ဟု နမ္မတူ ဒေသခံ ခေတ် ပညာတတ် လူငယ် စိုင်းလောဝ် က ပြောပါ သည်။

ဆိုင်းခေါင် ကျေးရွာ အုပ်စု မှ ရွာသူရွာသား များ က ဖာဆွမ်ကျေးရွာ အုပ်စု အနီးရှိ တောင်ယာ တို့၌ သွားရောက် လုပ်ကိုင် ကြကြောင်း၊ ယခင်က ဆိုင်းခေါင် ကျေးရွာ အုပ်စု အိတ်ဖတ်ရွာ ၊ ပါမော်ခန် ရွာ နှင့် ပန်လော့ရွာ တို့၌ ယာဘ မရှိ ကြောင်း၊ယခု ယာဘ ဆေးပြား များ ကို ရပ်ရွာအတွင်း ပေါ များ စွာ လာရောက် ရောင်းချ ကြကြောင်း ဆို၏ ။

“လင် ယောကျာ်း က ယာဘ သုံးပြီး သောင်းကျန်း နေတယ် ဆိုပြီး လာဖမ်း ပေးဖို့ ဇနီးသည် က ကျနော် တို့ ဆီ လာတိုင် တဲ့ အဖြစ်တွေ လည်း ရှိတယ်” ဟု ရပ်ရွာ တွင်း မူးယစ်ဆေးဝါး တိုက် ဖျက်ရေး အဖွဲ့ဝင် တစ်ဦး က ပြောပါသည်။


မူးယစ် ဆေးဝါး ( အဓိက ယာဘ ) အလွန် ပေါများ သည့် အတွက် သျှမ်းပြည် တပ်မတော် SSPP / SSA ထံ မူးယစ်ဆေးဝါး တိုက်ဖျက် ပေးရန် အကူအညီ တောင်းခံဖူး ကြောင်း၊ SSPP / SSA က အဆိုပါ နယ်မြေ အတွင်း မြန်မာ စစ်တပ်က အမြဲတမ်း သွားလာ လှုပ်ရှားနေ သည့် အတွက် မူး ယစ်ဆေးဝါး လာရောက် တိုက်ဖျက်ရန် အခက်အခဲ ရှိသည် ဟု ပြန်လည် အကြောင်းကြား လာေ ကြာင်း ဆိုပါ သည်။

နမ္မတူ မြို့နယ် ဆိုင်းခေါင် ကျေးရွာ အုပ်စုနှင့် ဖာဆွမ် ကျေးရွာ အုပ်စု အတွင်း ပလောင် လူမျိုး အ များ ဆုံး နေထိုင်ကာ ပဲပုပ် ၊ ပြောင်းဖူး စသည် တောင်ယာ လုပ်ငန်းများ လုပ်ကိုင် ကြသည်။

Shan News

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...