ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို အကြိတ်အနယ် ဆွေးနွေးလာခဲ့သော လက်ရှိအချိန်တွင် ၂၅% ပါဝင်နေသော တပ်မတော်၏ အခန်းကဏ္ဍ ဖယ်ရှားရေးသည်လည်း လူတိုင်းသည်းခြေကြိုက် ဖြစ် လာ နေပါသည်။ အထူးသဖြင့် ပြည်ပရောက် အင်အားစုများက ပိုမို၍ကျယ် ကျယ်လောင်လောင် ပြောလာကြ ကြောင်း တွေ့ရှိရပါသည်။ သမ္မတဦးသိန်းစိန်က “တဖြည်းဖြည်း ချင်း လျှော့ချသွားရမည်၊ လောလော ဆယ်တွင် တပ်မတော်၏ အခန်းကဏ္ဍ ရှိရမည်” ဟု ထုတ်ဖော်ပြော ကြားခဲ့ပါသည်။
ဒေါ်အောင်ဆန်း စုကြည်နှင့် သူရဦးရွှေမန်းတို့က “ဒီမိုကရေစီ သဘောတရားနဲ့ မညီညွတ် တာတွေ ပြင်မယ်” ဟု ကြေညာထားရာ တပ်မတော်အမတ် (၂၅%)သည် ဒီမိုကရေစီသဘောတရားနှင့် မညီ၍ ဖယ်ရှားမည် ဟု ဆိုလိုဟန်တူပါသည်။ ယင်းယူဆချက်ကို ခိုင်မာစေရန် ထပ်လောင်းအတည်ပြုပေး လိုက်သည်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်တိုး ၏ ပြောကြားချက် ဖြစ်ပါသည်။ တပ်မတော် သားဟောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်တိုး က “တပ်မတော်သား ကိုယ်စား လှယ်တွေ ဖြုတ်ကိုဖြုတ်ပစ်ရမယ်” ဟု ကြွေးကြော်သည်။ ထူးခြား လှသော မြင်ကွင်းမှာ တပ်မတော်နှင့် ပတ်သက် ၍ NLD နှင့် ကြံ့ခိုင်ရေးပါတီတို့ သဘောထား ရပ်တည်ချက် တစ်ထပ်တည်း ဖြစ်နေသော အခြေအနေ ဖြစ်ပါသည်။ ဤတွင် တပ်မတော် ပါသင့်/မပါသင့် နှင့် တပ်မတော် နိုင်ငံရေး တွင်ပါဝင် ခဲ့ခြင်းကြောင့် မည်သည့်ဆိုးကျိုးများ ဖြစ်ပေါ်ခဲ့ရသနည်း ဟူသောအချက်များကို ဆန်းစစ်လေ့လာရန် လိုအပ်လာပါ သည်။
၂၀၀၈ အခြေခံဥပဒေသည် တပ်မတော်အုပ်ချုပ်စဉ်က ဦးဆောင်ရေးဆွဲခဲ့သော အခြေခံဥပဒေဖြစ်ပါ သည်။ ထိုသို့ရေးဆွဲခဲ့ရာတွင်လည်း NLD အပါအဝင် အားလုံးပါဝင်စေရန် ကြိုးပမ်းဆောင်ရွက် ခဲ့သော် လည်း အမျိုးသားညီလာခံမှ NLD နှုတ်ထွက်ခြင်း၊ CRPP နှုတ်ထွက်ခြင်းတို့ဖြင့် အလွှာစုံ ပါဝင်မှု အား နည်းခဲ့ကြောင်း တွေ့ရှိရပါသည်။ မူလအစ ဆွေးနွေးမှုများတွင် အမျိုးသားနိုင်ငံရေး ဦးဆောင်မှုတွင် တပ်မတော်ပါဝင်ရေး မူအား NLD က လက်ခံခဲ့သည်ကို အထင်အရှားတွေ့ ရှိနိုင်သည်။ အဆိုပါ တပ်မတော် ပါဝင်ရေးမူအရ (၂၅%) ထိုင်ခုံနေရာများ ဖြစ်ပေါ်လာခဲ့ခြင်းလည်း ဖြစ်ပါသည်။ အလားတူ အမျိုးသားညီလာခံသို့ တက်ရောက်ခဲ့ကြသည့် တတ်သိပညာရှင်များ၊ တိုင်းရင်းသားလူမျိုးများ စသည့် အစုအဖွဲ့အားလုံးက သဘောတူ လက်ခံခဲ့သော အချက်ဖြစ်ကြောင်း လည်း တွေ့ရှိရပါသည်။ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ မြန်မာ့နိုင်ငံရေးတွင် တပ်မတော်၏ ပါဝင်မှုကို အားလုံး စိတ်လို လက်ရ လက်ခံခဲ့ကြခြင်းသာ ဖြစ်ပါသည်။
၂၀၁၀ ရွေးကောက်ပွဲများ မတိုင်မီ နိုင်ငံရေးနှင့် စစ်တပ်၏အခန်းကဏ္ဍကို အမျိုးမျိုးအဖုံဖုံ ခန့်မှန်းခဲ့ကြ သော်လည်း အကောင်းမြင်သူ လွန်စွာမှပင် နည်းပါးခဲ့ကြောင်း တွေ့ရှိနိုင်ပါသည်။ ယူနီဖောင်းဝတ် ၂၅% ကြောင့် လွှတ်တော်များ အရုပ်ဆိုးလေမလား၊ အကျည်းတန်လေမလား၊ ထိန်းချုပ်မှုမှ လွတ်ပါ မည်လား စသည်ဖြင့် စဉ်းစားတွေးတောခဲ့ကြပါသည်။ စာရေးသူတို့ကိုယ်တိုင် သည်လည်း စစ်တပ်နှင့် နိုင်ငံရေး လားလားမျှမဆိုင်၊ ထို့ကြောင့် လွှတ်တော်ထဲ မထိုင်သင့်ဟု တွေးထင်ခဲ့ကြပါသည်။ သို့သော် လည်း လက်တွေ့အခြေအနေကို ပြန်လည်သုံးသပ်ပြီး အရှိကို အရှိအတိုင်း သုံးသပ်ရန် လိုအပ်ပါသည်။ အကြောင်းရင်းမှာ လွှတ်တော်ထဲ စစ်တပ်ဝင်ထိုင်နေခြင်း သည် မြန်မာ့နိုင်ငံရေးအနာဂတ်နှင့် ကြီးမားစွာ ဆက်စပ်မှု ရှိနေသောကြောင့် ဖြစ်ပါသည်။
ယခုအခါ (၂)နှစ်ခွဲကျော် သက်တမ်းရှိလာပြီ ဖြစ်သည့် လွှတ်တော်ကို ပြန်လည်လေ့လာကြည့်လျှင် စစ်တပ်ကိုယ်စားလှယ်များက ကဖျက်ယဖျက် လုပ်ခဲ့ပါသလား တွေ့ရှိနိုင်ပါသည်။ စစ်တပ်ကို အမွှမ်း တင်ရန် အကြောင်းမရှိပါ။ အမှန်ကို အမှန်အတိုင်း ရေးသားတင်ပြလိုပါသည်။ လွှတ်တော်ထဲရောက် စစ်သားများကြောင့် မြန်မာ့ဒီမိုကရေစီခရီး နှောင့်နှေးခဲ့ခြင်း မရှိခဲ့ပါ။ အချို့သော ကိစ္စရပ်များတွင် အံ့အားသင့်ဖွယ်ရာကောင်းလောက်အောင်ပင် တပ်မတော်သားကိုယ်စားလှယ်များက ချက်နှင့် လက်နှင့် ထောက်ပြနိုင်ခဲ့သည်ကို တွေ့ရှိရပါသည်။ ဤအခြေခံဥပဒေသည် စစ်တပ်က ဦးဆောင်ရေးဆွဲ ခဲ့သော အခြေခံဥပဒေ ဖြစ်ပါသည်။ ထို့ကြောင့်လည်း စစ်တပ်နှင့် ယုံကြည်မှု တည်ဆောက်ရာတွင် အားနည်း ခဲ့ရခြင်းကြောင့် စစ်တပ်ဦးဆောင်ရေးဆွဲခဲ့သော အခြေခံဥပဒေ အပေါ် ယုံကြည်မှု နည်းပါးနေခြင်း ဟု တွေ့ရှိရပါသည်။
ထပ်မံတွေ့ရှိရသည့်ထူးခြားချက်တစ်ခုမှာစစ်တပ်သည်အခြေခံဥပဒေက ပေးအပ်ထားသည့်သူ့တာဝန်၊သူ့အလုပ်ကိုတိတိကျကျလိုက်နာဆောင်ရွက်နေခြင်း ဖြစ်ပါသည်။အခြေခံဥပဒေကိုကြိုက်ခြင်းမကြိုက်ခြင်းကသတ်သတ်၊အခြေခံဥပဒေကိုလိုက်နာရသည်ကသတ်သတ်ကြည့်မြင်နိုင်ရန်လိုအပ်ပါသည်။လွှတ်တော်တွင်း ဆွေးနွေးမှုများ၊ ငြင်းခုန်မှုများတွင် တပ်မတော်သားများအနေဖြင့် သူ့အလုပ် ကို သူ ကျေပွန်စွာ လုပ်ဆောင်နေသည်ဟု မြင်မိပါသည်။
ပထမဆုံးသော ဖြစ်စဉ်မှာ အခြေခံဥပဒေဆိုင်ရာခုံရုံးကို စွပ်စွဲပြစ်တင်ခြင်း ဖြစ်ပါသည်။ ထိုအချိန်တွင် စစ်တပ်ကိုယ်စားလှယ်အမတ်များ အပြင်းအထန် ကန့်ကွက်ခဲ့ပါသည်။ အခြေခံဥပဒေ ပုဒ်မ ၂၀(စ) အရ တပ်မတော်သည် အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန် အဓိက တာဝန်ရှိသည်နှင့်အညီ အခြေခံ ဥပဒေကို ကာကွယ်စောင့်ရှောက်ခဲ့ခြင်း ဖြစ်ပါသည်။ ထိုသို့ဆောင်ရွက်ခြင်းအပေါ် သဘောထားအမြင် အမျိုးမျိုး ရှိခဲ့သော်လည်း တပ်မတော်သည် သူ့အလုပ်ကိုသူလုပ်နေခြင်းဟု နားလည်ရန် အရေးကြီး ပါသည်။
ဒုတိယဖြစ်စဉ်မှာ ခုံရုံးဥပဒေ၊ လွှတ်တော်ဥပဒေ အစရှိသည့် ဥပဒေများကို ပြင်ဆင်ခဲ့စဉ်က ဖြစ်ပါ သည်။ အခြေခံဥပဒေကို ကျော်လွန်နေသော ပြဌာန်းချက်များ ဖြစ်သည် ဟု ဆိုကာ တပ်မတော်သား များက အပြင်းအထန် ကန့်ကွက်ခဲ့ပါသည်။ တပ်မတော်သည် သူ့တာဝန်ကို သူ အလေးအနက်ခံယူ ထမ်း ဆောင်နေခြင်းသာ ဖြစ်ပါသည်။
တတိယဖြစ်စဉ်မှာ Right to Recall ကို ပြည်သူ့လွှတ်တော်က ဆိုင်းငံ့ရန် ဆွေးနွေးစဉ်က ဖြစ်ပါ သည်။ အခြေခံဥပဒေပါ နိုင်ငံသားများ၏ အခွင့်အရေးကို ပိတ်ပင်ခြင်း မပြုရန် တပ်မတော်သား ကိုယ်စားလှယ်များက ထောက်ပြသတိပေးခဲ့ခြင်း ဖြစ်ပါသည်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင် တိုးနှင့် ဦးဘရှိန်တို့က မခိုင်လုံသော အကြောင်းပြချက်များဖြင့် ချေပခဲ့ပါသည်။ တပ်မတော်သား ကိုယ်စားလှယ် များ၏ ထောက်ပြချက်များမှာ အကျိုးအကြောင်း များစွာ ခိုင်လုံနေ ပါသည်။ ဤသည် မှာလည်း တပ်မတော်သည် သူ့အလုပ်ကို သူ လူပ်နေခြင်း ဖြစ်ပါသည်။
သို့သော် ထိုသို့ အပြင်းအထန် ကန့်ကွက်မှုများ ပြုလုပ်ခဲ့သော်လည်း တပ်မတော်သည် လွှတ်တော် တွင်း ဆောင်ရွက်ချက်များဖြင့်သာ အဆုံးသတ်ခဲ့ပါသည်။ တပ်မတော်၏ သဘောထားအပေါ် ဆန်း စစ် လေ့လာကြည့်လျှင် အခြေခံဥပဒေကို ချိုးဖောက်ရာရောက်စေနိုင်သော၊ ကျော်လွန် ရာရောက်ေ စနိုင် သော၊ လျစ်လျူရှုရာရောက်စေနိုင်သော အရေးကြီးသည့် ကိစ္စရပ်များတွင်သာ ဆန့်ကျင်ကန့် ကွက်ခဲ့ ခြင်းဖြစ်ပြီး ကျန်ကိစ္စရပ်များတွင် အခြားသော လွှတ်တော်အမတ်များနည်းတူ လိုက်လျောညီေ ထွ ဆောင်ရွက်ခဲ့ကြောင်း တွေ့ရှိရပါသည်။
နောက်ထပ် ထူးခြားချက်မှာ တပ်မတော်သည် သဘောထားကွဲလွဲမှုများကို အခြေခံဥပဒေ အရ လည်း ကောင်း၊ ဒီမိုကရေစီနည်းအရလည်းကောင်း မဲခွဲဆုံးဖြတ်မှုများ ပြုခဲ့ရာတွင် ထွက်ပေါ်လာသော ရလဒ် များကို လက်ခံခဲ့ကြောင်း တွေ့ရှိရပါသည်။ မဲခွဲ၍ ရှုံးနိမ့်ခဲ့သော်လည်း စောဒကတက်ခြင်း၊ ကဖျက် ယဖျက် ပြုခြင်း မပြုခဲ့ပါ။ အခြေခံဥပဒေက ပြဌာန်းထားသော ပြဌာန်းချက်များအတိုင်း လိုက်နာ ဆောင် ရွက် ခဲ့သည်ကို တွေ့ရှိနိုင်ပါသည်။ ဆိုလိုရင်းမှာ တပ်မတော်သည် အခြေခံဥပဒေကို အပြည့်အဝ လိုက် နာနေခြင်း ဖြစ်ပြီး အခြေခံဥပဒေကို အပြည့်အဝလိုက်နာဆောင်ရွက်နေသည် မှာလည်း တပ်မတော် သာ ဖြစ်နေခြင်း ဖြစ်ပါသည်။
အခြေခံဥပဒေ ပုဒ်မ ၂၀(စ)၏ အဓိပ္ပါယ်သက်ရောက်မှုမှာ များစွာ ကျယ်ဝန်းလှပါသည်။ ချဲ့တွေးနိုင် လျှင် ချဲ့တွေးနိုင်သလောက် ကျယ်ပြန့်လှပါသည်။ အကယ်၍သာ တစ်ဦးတစ်ယောက်ကဖြစ်စေ၊ မဏ္ဍိုင်ကြီး တစ်ခုခုကဖြစ်စေ အခြေခံဥပဒေကို ကျော်လွန်ရာရောက်ရှိစေသော ပြုမူလုပ်ဆောင်ချက် များ ဆောင် ရွက်လာခဲ့လျှင်၊ ဆောင်ရွက်လာခဲ့ကြောင်း ထင်ရှားနေပြီ ဆိုလျှင် အခြေခံဥပဒေ ပုဒ်မ ၂၀(စ)အရ တပ်မတော်က မည်သို့ ဖြေရှင်းဆောင်ရွက်ပါမည်နည်း။ အခြေခံဥပဒေ ကျိုးပေါက်မှု မရှိစေရန်၊ အခြေခံဥပဒေယိမ်းယိုင်ခြင်းမရှိစေရန်အဓိကတာဝန်ရှိသောတပ်မတော်၏ဆုံးဖြတ်ချက် သည် မြန်မာနိုင် ငံအတွက် အသက်တမျှ အရေးကြီးနေပါသည်။ ပြီးခဲ့သည့် ဖြစ်စဉ်များတွင် တပ်မတော် သည် ထောက်ပြခြင်း၊ သတိပေးခြင်း၊ ကန့်ကွက်ခြင်း စသည့် လွှတ်တော်တွင်း ရပ်တည်ချက်များဖြင့်သာ အဆုံးသတ်ခဲ့ပါသည်။ ကာကွယ်စောင့်ရှောက်ရမည့် တာဝန်ကို အဆုံးတိုင် ဆောင်ရွက်မှု မပြုခဲ့သည်မှာ လည်း ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး အခြေအနေများကို ထောက်ချင့်၍ဟု မှန်းဆမိပါသည်။
ယနေ့ ဖွဲ့စည်းထားပြီး ဖြစ်သော အခြေခံဥပဒေလေ့လာသုံးသပ်ရေးကော်မရှင်အတွက် ပေး အပ်ထား သော ကာလမှာ နည်းပါးလွန်းသည်ဟုလည်း ထင်မြင်ယူဆမိပါသည်။ အခြေခံဥပဒေကဲ့သို့ အရေးကြီး လှသော နိုင်ငံ့အုတ်မြစ်ကို ဤမျှသာ ပေးထားသော အချိန်ကာလဖြင့် အကောင်း ဆုံး ပြင်ဆင်နိုင်ရန် ခက်ခဲလှပါသည်။ လက်ရှိ အသုံးပြုနေသော ၂၀၀၈ ခုနှစ်အခြေခံဥပဒေသည် စင်းလုံးေ ချာကောင်းချင်မှ ကောင်းပါလိမ့်မည်။ သို့သော်လည်း အချိန်ယူကာ ရေးဆွဲထားပြီး အလွှာစုံပါဝင်နိုင်စေရန် တတ်နိုင် သမျှ ကြိုးပမ်းအားထုတ်ခဲ့ခြင်းကို အသိအမှတ်ပြုဖို့ လိုပါသည်။ လက်တွေ့အကောင် အထည်ဖော်ကြ သူများက မိမိတို့အကျိုးစီးပွားဖြင့် အခြေခံဥပဒေကို လိုရာဆွဲအဓိပ္ပါယ် ဖွင့်ခြင်းများကြောင့် အခက်အခဲ ဖြစ်နေရသည်က ပိုများနေပါသည်။ ဒီဘူတာပြန်ဆိုက်သည်ဟု ဆိုလျှင်လည်း မတတ်နိုင်။ အပြီးအပြတ် အတည်ဖြစ်သော အခြေခံ ဥပဒေဆိုင်ရာ ခုံရုံး၏ဆုံးဖြတ်ချက်ကို လွှတ်တော်ကြီးတစ်ခုလုံးက မလိုက်နာ ခဲ့သော ဖြစ်ရပ်သည် နှောင်းလူတို့ သင်ခန်းစာယူကြရမည့် သမိုင်းဝင် ဖြစ်စဉ် တစ်ရပ် ဖြစ်လာနေပါ သည်။ ထို့ထက်ပို၍ ဆိုးသည်မှာ အခြေခံဥပဒေကို ကျော်လွန်ရာရောက်နေသော ဥပဒပြင်ဆင်ချက် များကို လွှတ်တော်က ပြဌာန်းထားခြင်းပင် ဖြစ်ပါသည်။
အခြေခံဥပဒေနှင့် မညီလျှင် လွှတ်တော်တွင်သာ တာဝန်ရှိသည် ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ထွန်းကထုတ်ဖော်ပြောကြားထားပါသည်။ ထိုစကားအတိုင်း ပြန်ကောက်ရလျှင် ဦးမြင့်ထွန်း အပါအ ဝင် လွှတ်တော်ကိုယ်စားလှယ်များတွင်ထိုတာဝန်ရှိနေပြီ ဖြစ်ပါသည်။ ပြင်ဆင်ပြဌာန်းခဲ့သော ဥပဒေ များ ကို ပြန်လည်သုံးသပ်ရန် ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးနန္ဒကျော်စွာ ဦးဆောင်သော ကော်မရှင်အား တာ ဝန်ပေးအပ်ထားသည် ဟု သူရဦးရွှေမန်းက ကြေညာခဲ့ပါသည်။ ပြဌာန်းထားရှိပြီး ဖြစ်သော ခုံရုံး ဥပဒေ ကို ပြင်ဆင်သည့်ဥပဒေ၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ဥပဒေများကို ပြင်ဆင် သည့် ဥပဒေ များ၊ စာရင်းစစ်ချုပ်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ အစရှိသည့် ဥပဒေအချို့သည် အခြေခံ ဥပဒေနှင့် ဆန့် ကျင်နေသည် (သို့မဟုတ်) ကျော်လွန်နေသည် ဟု သံသယ ဖြစ်ဖွယ်ရာ ဥပဒေများ ဖြစ် နေပါသည်။ ဦးနန္ဒကျော်စွာ၏ ကော်မရှင်သည် ထိုဥပဒေများကို ပထမဦးစားပေး ပြန်လည်သုံးသပ်ရန် လိုအပ်ပါသည်။ အခြေခံဥပဒေကို ကျော်လွန်နေလျှင်၊ အခြေခံဥပဒေကို ချိုးဖောက်ရာရောက်နေလျှင် အမြန် ဆုံး ပြင်ဆ င်ပြဌာန်းရန် လိုအပ်ပါလိမ့်မည်။ ထိုသို့ ပြင်ဆင်ခြင်း မပြုပါက ဘေးထွက် ဆိုးကျိုးများ အမြောက် အမြား ဖြစ်ပေါ်လာနိုင်ပါသည်။ မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှု မှန်သမျှအပေါ် သက်ရောက်မှု ရှိလာမည် ဖြစ်ပါသည်။ ဦးမြင့်ထွန်း ပြောကြားထားသည့်အတိုင်း လွှတ်တော်တွင် တာဝန်ရှိနေပြီ ဖြစ်ရာ အဆိုပါတာဝန်ကို လိုလိုလားလား ရယူဆောင်ရွက်ရန် လိုအပ်နေပါသည်။
ပြန်ကောက်ရလျှင် တပ်မတော်သည် အခြေခံဥပဒေကို အတိအကျ လိုက်နာနေသည့် တစ်ခုတည်း သော အင်စတီကျူးရှင်းကြီး ဖြစ်နေပါသည်။ တပ်မတော်၏ ရပ်တည်ချက်အားလုံးသည် အခြေခံဥပဒေ နှင့် အညီသာ ဖြစ်နေပါသည်။ အခြေခံဥပဒေကို ကြိုက်ခြင်း၊ မကြိုက်ခြင်းက တစ်ပိုင်း၊ အခြေခံဥပဒေကို လိုက်နာခြင်းက တစ်ပိုင်း ဖြစ်ပါသည်။ ပြင်ဆင်ပြီးချိန်၊ အသစ်ရေးဆွဲပြီးချိန် တွင်တော့ အဆိုပါပြင်ဆင် ချက်၊ အသစ်ပြဌာန်းချက်များအတိုင်း လိုက်ရာရပါလိမ့်မည်။ သို့သော်လည်း မပြင်နိုင်သေးချိန်၊ အသစ် မရေးဆွဲနိုင်သေးချိန်တွင် အခြေခံဥပဒေကို လေးစားလိုက်နာကြရပါလိမ့်မည်။ ပြီးခဲ့သည့် (၂)နှစ်ခွဲတွင် တပ်မတော်ကြောင့် မြန်မာ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ထိခိုက်ခဲ့ခြင်း မရှိခဲ့ပါ။ ဤသည်ကို တပ်မတော်နှင့် ယုံကြည်မှုတည်ဆောက် လိုသော နိုင်ငံရေးသမားများ အသိအမှတ်ပြုကြရန် အရေးကြီး ပါသည်။ အခြေခံဥပဒေကို ကျော်လွန်လာမည့် အခြေအနေများတွင် တပ်မတော်က ပြင်းပြင်းထန်ထန် သတိပေးခြင်း များပြုလုပ်ခဲ့ပါသည်။ သူ့တာကို ကျော်၍လည်း စည်းကျော်ခြင်းများ မရှိခဲ့ပါ။ ကြိုက်သည် ဖြစ်စေ မကြိုက်သည်ဖြစ်စေ ဤသည်မှာ ယနေ့မြန်မာ့နိုင်ငံရေး၏ အမှန်တရား ဖြစ်နေ ပါသည်။
တပ်မတော် ဘားတိုက်ပြန် ဟု ပြောကြားနေကြသူများအား မေးလိုပါသည်။ နံပါတ်တစ်မေးခွန်းမှာ လက်နက်ကိုင်စစ်ပွဲတွေနဲ့ နိုင်ငံရေး ဆက်စပ်မှု ရှိပါသလား။ နံပါတ်နှစ်မေးခွန်းမှာ တပ်မတော် နိုင်ငံရေး တွင် ဝင်ပါစရာ မလိုအောင် ဆောင်ရွက်နိုင်ပြီလား။ ပြည်တွင်း၌ လက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့မှ မရှိတော့ အောင် လုပ်ဆောင်နိုင်ပြီလား။ နံပါတ်သုံးမေးခွန်းမှာ တပ်မတော် လွှတ်တော်တွင်း က ထွက် သွားပြီ ဆိုလျှင် အားလုံး အောင်မြင်ပြီတဲ့လား။ ရှင်းအောင် ပြောရလျှင် လွှတ်တော်ထဲ တွင် နိုင်ငံရေး ဆွေးနွေး မည် ဟု ကြွေးကြော်နေကြသူများ တိုင်းရင်းသားများနှင့် နိုင်ငံရေးဆွေးနွေးကြပြီ ဆိုလျှင်တပ်မတော်ကို ဖယ်ထားလို့ ရနိုင်ပါမည်လား။ စဉ်းစားကြစေလိုပါသည်။ လက်နက်ကိုင် တပ်ဖွဲ့များ အကြောင်းပဲ ဆွေးနွေး ဆွေးနွေး၊ အာဏာခွဲဝေမှုပဲ ဆွေးနွေး ဆွေးနွေး၊ သယံဇာတခွဲဝေမှု ပဲ ဆွေးနွေး ဆွေးနွေး တပ်မတော် မပါဘဲ မပြီးပြတ်နိုင်ပါ။ နောင်လည်း ပြန်ခေါ်ရမယ့်အတူတူ မည်သည့် အတွက်ကြောင့် မောင်းထုတ်နေကြပါသနည်း။ အမေရိကန်နိုင်ငံကြီးကို ကြည့်ပြီး ဖက်ဒရယ်ဟေ့ ဟု အော်ဟစ်ကြွေး ကြော်နေကြသူများ အမေရိကန်ဖက်ဒရယ်သည် ကာလရှည်ကြာ ပြည်တွင်းစစ်တွင် အသက်ပေါင်း များစွာ စတေးခဲ့ရပြီးမှ ယနေ့ ရင့်ကျက်သော ဖက်ဒရယ်ပြည်ထောင်စု ဖြစ်လာ ခဲ့ခြင်း ဖြစ်သည်ကို သတိပြုကြစေလိုသည်။
၂၀၁၀ ရွေးကောက်ပွဲများ မတိုင်မီက များစွာ ဝေဖန်သုံးသပ်ခဲ့ကြပါသည်။ တပ်မတော်က ဂါဒီယန် အနေဖြင့် ပါဝင်နေသော ဒီမိုကရေစီ ကောင်းမည် မဟုတ်ဟုလည်း ထင်မြင်ယူဆခဲ့ကြပါသည်။ ယခု အခါ (၂)နှစ်ခွဲကျော်လွန်လာခဲ့ချိန်၌ တပ်မတော်နှင့် နိုင်ငံရေး ပြန်လည်ဆန်းစစ်ရာတွင် မဏ္ဍိုင်ကြီးများ အနက် တပ်မတော်သည် ပေးအပ်ထားသော ကတိကဝတ်နှင့်အညီ တိတိကျကျ လိုက်နာဆောင် ရွက် နေသည်ကို တွေ့မြင်နိုင်ပါသည်။ သို့သော်လည်း တပ်မတော်သည်လည်း အသွင်ကူးပြောင်းရေး ကို ဖြတ်သန်းနေရခြင်း ဖြစ်သည်ကို နားလည်သတိပြုရန် လိုအပ်ပါသည်။
တပ်မတော်၏ တာဝန်ကို နားလည်သဘောပေါက်ရန်လည်း လိုအပ်ပါလိမ့်မည်။ တပ်မတော်သားများ လွှတ်တော်တွင် ဝင်ထိုင်နေခြင်းမှာ အထိန်းအထေသဘော ဝင်ထိုင်နေခြင်း ဖြစ်ပါသည်။ ကြိုက်ချင် ကြိုက်၊ မကြိုက်ချင်နေ ထိုသို့ ဝင်ထိုင်နေခြင်းမှာ အသွင်ကူးပြောင်းရေးအတွက် လိုအပ်ပါသည်။ တပ်မတော် သားများ လွှတ်တော်တွင်းမှ အခု အကုန်ထွက် ဟူ၍ ပြောနေကြသော နိုင်ငံရေးသမားများ အမြင်ကျယ် ကြဖို့လိုပါသည်။ ဦးနှောက်သုံးကြဖို့ လိုပါသည်။ လက်တွေ့ကျဖို့ လိုပါသည်။ တပ်မတော် သားများ လွှတ်တော်တွင်းမှ မည်သည့်အချိန်တွင် ထွက်ခွါရမည် ဟူသည်ကို လက်ရှိဆောင်ရွက် နေမှုများက အဆုံး အဖြတ် ပေးမည်သာ ဖြစ်ပါသည်။ အခြေခံဥပဒေအတိုင်း လိုက်နာကြဖို့ လိုအပ် သလို အထိန်း အထေအားဖြင့် ထည့်သွင်းထားသော တပ်မတော်၏ ထိန်းကျောင်းမှုကို ကြည်ကြည် ဖြူဖြူ ခံနိုင်ရန် အရေးကြီးပါသည်။
ဒေါ်အောင်ဆန်းစုကြည် ပြောကြားထားသည့် စကားတစ်ခွန်း ရှိပါသည်။ “ကျွန်မတို့ လွှတ်တော်ရဲ့ သက်တမ်းဟာ တပ်မတော် ဆန္ဒရှိသလောက်ပဲ နေရမှာပါ” ဟူသော စကား ဖြစ်ပါသည်။ ဤစကား သည် အဓိပ္ပါယ်များစွာ ရှိပါသည်။
The Messenger ဂျာနယ် အတွဲ(၄) အမှတ်(၁၇)မှ ကူးယူဖော်ပြသည် ။
0 comments:
Post a Comment