Wednesday, September 18, 2013

Single Life အားသား ချက် ၊ အားနည်းချက်





Single Life ရဲ့ အားသာချက်

( ၁ ) မနက်မိုးလင်းလို့ ခုတင်ပေါ်ကဆင်းရင် ဘယ်ဘက်က ဆင်းဆင်း ညာဘက်က ဆင်းဆင်း ကြိုက်တဲ့ဘက်က ဆင်းလို့ ရတယ်.. ပြီးတော့ ရေချိုးခန်းနဲ့  အိမ်သာ လုရန်မလို ။
( ၂ ) TV က အားကစား လိုင်း တွေ ကို စိတ်ကြိုက် ထိုင်ကြည့် လို့ ရတယ် ။ TV Remote ကို လု စရာ မလို ဘူး။
( ၃ ) Ph Message တွေ နဲ့ Chart Page တွေ Facebook တွေ ကို တိတ်တိတ် လေးခိုးဖွင့် နေရတဲ့ ဒုက္ခ က ကင်းဝေး တယ်။
( ၄ ) City Mark က Cashier ဒါမှ မဟုတ် ယာဉ်ထိန်း ရဲမေ ဒါမှမဟုတ် လေဆိပ် က Immigrate Officer ကိုကြိုက် သလောက် ပြုံးပြ ၊ ဆူပူ ကြိမ်းမောင်း မယ့် လူ မရှိဘူး။
( ၅ ) လက်သည်း အလှပြင် ဆိုင်မှာ ထိုင်စောင့် ရန် မလို ၊ Shopping Bags တွေ ဆွဲရန် မလို စနေ ၊ တနင်္ဂနွေ မှာ အိပ်ရေး အ၀ အိပ်နိုင် တယ်။
( ၆ ) မိန်မချောတွေ နဲ့ တွေ့ ရင် “ လူပျို ” ပါ ( သို့  ) “ Single ” ပါလို့  ပြတ်ပြတ် သားသား ကြေ ညာ နိုင်တယ်..။

Single Life ရဲ့ အားနည်းချက်

( ၁ ) ကိုယ့်ရဲ့ မနက်စာ ဟာ အမြဲတမ်း ပေါင်မုန့် မီးကင် ( ၃ ) ချပ်ပဲ ဖြစ်နေ မယ်။ ကိုယ့် ဟာ ကိုယ် ဆိုတော့ ဒါမျိုး ကင်စား လိုက်တာ အလွယ်ကူ ဆုံး ပဲလေ ။ ကဗျာ ဆန်ဆန် “ အထီးကျန် မနက်စာ ” လို့ တောင် နာမည် ပေး လို့ ရမယ်။
( ၂ ) တချို့ Drama နဲ့ ကြည်နူး ဖွယ် ရာ ရုပ်ရှင်တွေ ဟာ တစ်ယောက်တ ည်း ကြည့်ရင် တစ်စက် ကလေး မှ အရသာ မရှိဘူး ။
( ၃ ) Facebook စတဲ့ လူမှု ကွန်ယက် တွေ နဲ့ Online Posting Site တွေ ညလုံး ပေါက် ကြည့်ပြီး မျက်တွင်း ဟောက် ပက် နဲ့ အိပ်ရေး မ၀တဲ့ ရုပ်ပေါက် နေမယ်။
( ၄ ) မကြာခဏ ဆိုသလို ကိုယ် ပြုံးပြ မိတဲ့ သူဟာ အတွဲကြီး ရှိနေ နိုင်တဲ့ အတွက် ရိုက်ပေါက်။
( ၅ ) တစ်ကိုယ်တော် လေလွင့် နေမှာ ဖြစ်တဲ့ အတွက် အချိန် တိုတို အတွင်းမှာ ဘီယာ ဗိုက် ကို ပိုင်ဆိုင် လာမှာ ဖြစ်တယ်။ အမျိုး သမီး တွေ ရှေ့ မှာ အဲဒီ ဗိုက် ကို ဖုံးကွယ် နိုင်ဖို့  လည်း အားက စား တစ်ခုခု က ပြေးစက် ပေါ်မှာ ကျားလိုက် ခံရသလို ပြေး နေရ လိမ့် ဦးမယ်။
( ၆ ) မိတ်ဆွေ အပေါင်း အသင်း စုံတွဲ တွေ ကြားထဲ ရောက်သွား ရင် အူကြောင်ကြောင် နဲ့  အထူး မျက်နှာငယ် ရမယ်။

Sai Sai Kham Leng ( စိုင်းစိုင်းခမ်းလှိုင် )

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...