Friday, September 6, 2013

နို့တိုက် သတ္တ၀ါ များတွင် ရောဂါပိုးသစ် ၃၂၀၀၀၀ ခိုအောင်းနိုင်ကြောင်း သုတေသီများ ပြောကြား







နို့တိုက် သတ္တ၀ါ များတွင် အနည်းဆုံး ဗိုင်းရပ်စ်ပိုးသစ် ၃၂၀၀၀၀ ခိုအောင်းနိုင်ဖွယ် ရှိကြောင်း သုတေသန ပြုလုပ်မှု တစ်ရပ်အရ သိရသည်။
လူသားများ ထံသို့ ကူးစက် ပျံ့နှံ့နိုင်သော အဆိုပါ ရောဂါပိုး များကို အမျိုးအစား ခွဲနိုင်ခြင်းသည် အနာဂတ်တွင် ဖြစ်ပေါ် လာနိုင်သည့် ရောဂါပိုး များကို ကြိုတင် ကာကွယ် နိုင်မည် ဖြစ်ကြောင်း သုတေသီ များက ပြောကြားခဲ့သည်။
HIV ရောဂါပိုး၊ အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါပိုး၊ Ebola ရောဂါပိုး အစရှိသည့် လူသားတို့တွင် ကူးစက်တတ်သည့် ရောဂါပိုး ၇၀ ရာခိုင်နှုန်း နီးပါးသည် သားရဲ တိရစ္ဆာန် တို့မှ စတင် အခြေ တည်လာခဲ့ခြင်း ဖြစ်သည်။
စုံစမ်း စစ်ဆေးမှုများ အရ ရောဂါပိုးများသည် Flying fox ဟု အမည် ခေါ်တွင်သည့် လင်းနို့ မျိုးစိတ်များမှ ပျံ့နှံ့လာခြင်း ဖြစ်ကြောင်း၊ လင်းနို့များသည် Nipah ဗိုင်းရပ်စ်ပိုးကို သယ်ဆောင် လာခဲ့ပြီး ၎င်းဗိုင်းရပ်စ်ပိုးသည် လူသားများအား အသက် ဆုံးရှုံးနိုင်သည် အထိ အန္တရာယ် ပေးနိုင်ကြောင်း၊ အဆိုပါ ရောဂါပိုး အရေအတွက် မည်မျှကို တိရစ္ဆာန် များက သယ်ဆောင် လာသည်ကို ခန့်မှန်း၍ မရနိုင်ကြောင်း လင်းနို့များ ထံမှ စုဆောင်းခဲ့သော ဗိုင်းရပ်စ် ပိုးများကို အမေရိကန် ပြည်ထောင်စုနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံ များတွင် လေ့လာပြီးနောက် သုတေသန အဖွဲ့က ပြောကြားထားသည်။
ရောဂါပိုး များကို အမျိုးအမည် ခွဲခြားရန် အတွက် ဒေါ်လာ ၄ ဘီလီယံခန့်ကို အသုံး ပြုရဖွယ် ရှိမည်ဟု ခန့်မှန်းထားကြောင်း၊ သို့သော် ယင်းကုန်ကျ စရိတ်သည် တစ်ကမ္ဘာလုံးတွင် ဖြစ်ပွားလျက် ရှိသော ရောဂါပိုး တစ်မျိုးနှင့် ပတ်သက်၍ ကုန်ကျစရိတ်၏ တစ်စိတ်တစ်ဒေသ သာဖြစ်ကြောင်း သုတေသန အဖွဲ့က ဆိုသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...