Friday, September 6, 2013

ပျက်စီးကြောင်းတရားလေးပါး







(၁) မိန်းမ လိုက်စား၍ အပျော်အပါးကျူးလွန်ခြင်း
ထိုသူသည် အလုပ်အကိုင်တွင် စိတ်မ၀င်စားနိုင်ရုံသာမက ထိုမိန်းမတို့ကို ပေးကမ်းရသဖြင့် ရှိသမျှ ဥစ္စာတွေ ကုန်ခန်းသည့် တိုင်အောင် ပျက်စီးတတ်လေသည်။

(၂) သေရက်အရက်( ဘိန်း၊ကစော်)ကြူး၍ ယစ်မူးမေ့လျော့ ခြင်း

သေရက်အရက်ကြူး၍ အလုပ်ကိစ္စတွင်မေ့လျော့နေသဖြင့် တိုးတက်သင့်သော ဥစ္စာများ မတိုးပွားဘဲ ဆုတ်ယုတ်ပျက်ပြားတတ်သည်။

(၃) အလောင်းအစားကြူးခြင်း

တစ်ရာလျှင် ကိုးဆယ့်ကိုးယောက်သည် အလုပ်လစ်ဟင်း၍ ရှိရင်းဥစ္စာများ ကုန်ဆုံးရမည်သာတည်း။
ရန်ကုန်မြို့ ကြီးများကဲ့သို့ ကြီးကျယ်သောမြို့ ကြီးများတွင် အလောင်းအစားလုပ်ဖို့ ရာ မြင်းပွဲစသော ကလပ်တွေ များစွာရှိနေသည်မှာ နိုင်ငံသူ၊ နိုင်ငံသားတို့ ပျက်ပြား ဆုတ်ယုတ်ဖို့ အကြောင်းချည်းသာ ဖြစ်လေသည်။

(၄) မကောင်းသော မိတ်ဆွေများ နှင့် ကိုယ်ရောစိတ်ပါ ပေါင်းခြင်း

မိန်းမ လိုက်စားသူ နှင့် ပေါင်းလျှင် မကြာခင် မိန်းမလိုက်စားသူ ဖြစ်တတ်သည်။
အရက်သမား နှင့် ပေါင်းသူသည် အရက်သမား ဖြစ်တတ်၏။
မြင်းသမား ကစားသမား နှင့် ပေါင်းသူလည်း မြင်းသမား ကစားသမား၊ဖြစ်တတ်သည်။
ထိုမိတ်ဆွေများ နှင့် ပေါင်းသင်းသူသည် ဥစ္စာပျက်ကြောင်းသုံးပါး၏ အခြေခံတရားပင်ဖြစ်သည်။

အရှင်ဇနကာဘိဝံသ (ဗုဒ္ဓဘာသာ လက်စွဲစာအုပ်မှ)

မေတ္တာဖြင့် စာစီပူဇော်သူ
အနှိုင်းမဲ့စာတိုပေစများ

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...