Friday, September 6, 2013

China Telecom က iPhone မော်ဒယ်သစ်များ စက်တင်ဘာ ၂၀ ရမည်ဟု ကြေညာ



စက်တင်ဘာ ၁၀ ရက်နေ့မှာ တရားဝင်ကြေညာပြသမယ့် iPhone အသစ်များကို စက်တင်ဘာလ ၂၀ ရက်နေ့ဆိုရင် ရရှိနိုင်မှာ ဖြစ်ကြောင်း China Telecom မှ ၎င်းတို့ ဝဘ်ဆိုဒ်မှ တစ်ဆင့် တရားဝင် ကြေညာခဲ့ ပါတယ်။

ပြီးတော့ တရားဝင် မကြေညာသေးတဲ့ အော်ဒါစနစ်ကိုလည်း စတင်ပေးနေပြီလို့ ဆိုပါတယ်။ လာမယ့် စက်တင်ဘာလ ၁၀ ရက်နေမှ အမေရိကန် ကယ်လီဖိုးနီးယားပြည်နယ်နဲ့ ဂျာမနီ ဘာလင်မှာ မိတ်ဆက် ပြသမယ့် စမတ်ဖုန်း ဖြစ်ပါတယ်။ ယင်း အတွက် Apple ကလည်း မီဒီယာနဲ့ အခြား ဧည့်သည်များကို ဖိတ်ကြား ပြီးသွားပါပြီ။ ၎င်းတို့ ကြိုးစားဖန်တီးထားတဲ့ iPhone နောက်ဆုံးထွက် 5S နဲ့ ဈေးသက်သာ 5C ကို တစ်ခါတည်း ချပြမှာ ဖြစ်ပါတယ်။ အခြားသော ထုတ်ကုန်များလည်း ပါဝင်နိုင်ချေ ရှိပါသေးတယ်။ Apple ကတော့ ဖိတ်စာထဲမှာ Legally ထည့်သွင်း မရေး ထားပါဘူး။

တရုတ်ပြည်က China Telecom ကတော့ ပိုင်သေတွက်ထားပြီး အော် ဒါတောင် လက်ခံနေပြီ ဖြစ်ပါတယ်။ အထူး သဖြင့် iPhone 5C နဲ့ ပက်သက်ပြီးတော့ သတင်းအချက်အလက်နဲ့ ဓာတ်ပုံကို ပိုမို ထွက်ရှိစေ ပါတယ်။ ဒါကြောင့် ဈေးသက်သာ iPhone 5C ထုတ်လုပ်မှုဟာ တရုတ်ပြည်ရဲ့  Apple ဈေးကွက်နဲ့ အများကြီး ဆက်စပ်မှု ရှိတယ်လို့ ယုံကြည်ထားကြ ပါတယ်။ တရုတ်ပြည်မှာ China Telecom အပြင် အခြားသော ကုမ္မဏီ များကလည်း iPhone မှာယူမှုကို လက် ခံနေပြီ ဖြစ်ကြောင်း သိရပါတယ်။
.
Ref: pocketlint
Aung Kham (TSJ team)

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...