Friday, September 6, 2013

အနာဂတ် အလုပ်အကိုင် အခွင့်အလမ်း ကောင်းလာနိုင်မည့် MSc (International Banking and Finance) စင်ကာပူတွင် တက်ရောက်သင်ကြားနိုင်




စင်ကာပူ နိုင်ငံ Auston Institute of Management တွင် တက်ရောက်ပြီး London South Bank University, UK မှ ပေးအပ်သော မြန်မာနိုင်ငံ၏ အနာဂတ် အလုပ်အကိုင် အခွင့်အလမ်း ကောင်းလာနိုင်မည့် MSc (International Banking and Finance) ဘာသာရပ်ကို တက္ကသိုလ် တစ်ခုခုမှ ဘွဲ့ရရှိထားသူများ လျှောက်ထားနိုင်ကြောင်း CROWN Education မှ သိရသည်။

International Banking and Finance ဘာသာရပ်တွင် Global Financial Markets, International Banking & Bank Performance, Research Design and Methods, Corporate Financing and Investment, Financial Accounting, Data Management, Derivatives, International Financial Management စသည့် မော်ဂျူးများကို Case Studies, Research Proposal နှင့် Problem-Based Learning ပုံစံတို့ဖြင့် သင်ယူရမည် ဖြစ်ကာ နောက်ဆုံး Semester တွင် Dissertation လုပ်ဆောင်ရမည် ဖြစ်သည်။
လျှောက်ထားသူများ အနေဖြင့် IELTS 6.5 ရှိရန် လိုအပ်ပြီး ရမှတ်မရှိပါက Auston Institute of Management ၏ English Placement Test ကို CROWN Education တွင် အခမဲ့ ဖြေဆိုနိုင်သည်။ ကျောင်းဝင်ခွင့်လမှာ အောက်တိုဘာလ ဖြစ်ပြီး တစ်နှစ်ကြာ ကျောင်းလခ စင်ကာပူဒေါ်လာ ၂၄၁၀၂ ဖြစ်သည်။ အရစ်ကျ သုံးကြိမ်ခွဲသွင်းမည် ဆိုပါက ၂၄၉၇၀ ကုန်ကျမည် ဖြစ်သည်။

ယခုအခါ ပြည်တွင်းဘဏ်နှင့် နိုင်ငံတကာဘဏ်များ ပူးပေါင်း၍ ဝန်ဆောင်မှု အသစ်များ စတင်လာခြင်း၊ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ၊ OCBC စသော နိုင်ငံတကာ ဘဏ်လုပ်ငန်း အဖွဲ့ကြီးများ၊ ပြည်တွင်း၌ ကိုယ်စားလှယ် ရုံးဖွင့်လာကြခြင်း၊ မကြာမီ ကာလ၌ Stock Market စတင် တော့မည်ဖြစ်ရာ International Banking and Finance ကဲ့သို့ ဘာသာရပ်မျိုးသည် မြန်မာနိုင်ငံ၏ ဘဏ်လုပ်ငန်း စနစ် ဖွံ့ဖြိုးရန်များစွာ အထောက်အကူဖြစ်လာမည် ဖြစ်ကြောင်း သိရသည်။

ကျောင်းလျှောက်ထားခြင်းနှင့် အသေးစိတ်သိရှိလိုပါက CROWN Education အမှတ် ၂၇၀၊ ပထမထပ်၊ အခန်း (၁ဃ) မြေနီကုန်း၊ ပြည်လမ်း၊ စမ်းချောင်း၊ ဖုန်း-၀၉-၇၃၂၇၃၂၇၇ နှင့် ၀၉-၅၀၈၅၁၈၅သို့ ဆက်သွယ် စုံစမ်း မေးမြန်းနိုင်သည်။

အတွဲ (၁၄)၊ အမှတ် (၃၄)
Internet Journal

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...