Friday, September 6, 2013

ခရီးသွားရာတွင် သယ်ယူရ လွယ်ကူသည့် Wireless Charger နှင့် Power Bank များ ဝယ်ယူနိုင်







iPhone 4, 4s, 5, S4, S3 တို့အတွက် ကြိုးမဲ့အသုံးပြုနိုင်သည့် Wireless Charger သည် သေးငယ်သည့် ပုံစံဖြစ်သည်။ သေးငယ်သည့် အတွက် ခရီးသွားရာမှာလည်း အလွယ်တကူသယ်ယူနိုင်ပြီး အားသွင်းသည့်အခါ ကြိုးမလိုဘဲ ဘက်ထရီတုံးပေးတွင်သာ တင်၍ အားသွင်းထားရုံနှင့် အလွယ်တကူ အားပြည့်နိုင်ပါသည်။ အရောင်က အဖြူရောင်ဖြစ်ပြီး ဈေးနှုန်းမှာ ၆၀,၀၀၀ ကျပ် ဖြစ်ပါသည်။ Power Bank 3000 mAh သည် မိတ်ကပ်ဘူးပုံစံဖြစ်ပြီး iOS, Android ဖုန်းများအတွက် အသုံးပြုနိုင်ပါသည်။ မိတ်ကပ်ဘူးပုံစံ ဖြစ်သည့်အတွက် ဆယ်ကျော်သက် မိန်းကလေးများကို အကြိုက်တွေ့စေပြီး မိမိသွားလိုရာခရီးကို လွယ်ကူစွာ သယ်ဆောင် သွားနိုင်ပါသည်။

အားသွင်းကြိုး ပါဝင်ပြီး အရောင်က အမဲရောင်နှင့် ပန်းရောင်နှစ်မျိုးရှိပါသည်။ Digital Power Bank 10000 mAh သည် မိမိဖုန်း၏ ဘက်ထရီ % အားဘယ်လောက် ရှိသွားပြီိဆိုသည်ကို ပြသပေးပါသည်။ ခရီးသွားလျှင် သယ်ယူသွားနိုင်ပြီး အိတ်ဆောင်ပုံစံ သေးငယ်လို့ သယ်ရတာ လွယ်ကူပါသည်။ အားသွင်းကြိုး ပါဝင်ပြီး ညဘက်လိုအပ်သည့်အခါ သုံးနိုင်ရန် ဓာတ်မီးပါဝင်ပါသည်။ အရောင်က အဖြူရောင်၊ အမဲရောင်တို့ရှိပြီး ဈေးနှုန်းသည် ၃၀,၀၀၀ ကျပ်ဖြစ်ပါသည်။ Power Bank 2600 mAh သည် လေးထောင့်ရှည်ပုံစံဖြစ်ပြီး သေးငယ်သည့် Power Bank ဖြစ်ပါသည်။ လက်ထဲတွင် အလွယ်တကူသယ်နိုင်ပြီး လေးထောင့်ရှည်ဖြစ်သည့်အတွက် အမြင်ဆန်းတဲ့ပုံစံ ဖြစ်ပါသည်။ အလှကြိုးပုံစံလေးနှင့် ချိတ်ရတာလွယ်ကူသည့် စတီးကွင်းပါ ပါဝင်သည်။ အဖြူရောင်၊ အပြာရောင်၊ အစိမ်းရောင်၊ အဝါရောင်၊ အမဲရောင်တို့ ဖြစ်ပြီး ဈေးနှုန်းသည် ၉၀၀၀ ကျပ်ဖြစ်ပါသည်။

Power Bank 18000 mAh သည် လေးထောင့်ပုံစံ ဖြစ်ပါသည်။ ရိုးရှင်းသည့် ပုံစံဖြစ်သည့်အတွက် လူကြီးလူငယ်မရွေး သုံးနိုင်ပြီး အိတ်ဆောင်သုံးလို့ ရပါသည်။ ခရီးသွားရာမှာလည်း လွယ်ကူစွာ သယ်ဆောင်နိုင်ပြီး အပြာရောင်၊ အဖြူရောင်၊ အမဲရောင်၊ ပန်းရောင်၊ အစိမ်းရောင် ဟူ၍ အရောင်ငါးရောင် ရှိပါသည်။ ဈေးနှုန်းသည် ကျပ် ၃၀၀၀၀ ဖြစ်ပါသည်။ အဆိုပါ Power Bank များသည် Power Bank တစ်ခုကို iOS, Android ဖုန်း ခြောက်လုံးလောက်ကို တစ်လုံးပြီးတစ်လုံး တစ်ခါတည်း အားသွင်းနိုင်ပါသည်။ အကယ်၍ Power Bank များသည် အားနည်းသွားပါက ၎င်း Power Bank များအား ပြန်လည်အားသွင်းပြီး အသုံးပြုနိုင်ပါသည်။ ၎င်း Power Bank များနှင့် Wireless Charger များအား Golden Dragon၊ ရန်ကင်းစင်တာရှေ့၊ မဟာဘောဂလမ်း၊ အိမ်အမှတ် ၃၊ ဖုန်း-၇၃၀ ၃၇၆ ၃၉ တွင် ဝယ်ယူနိုင်ပါသည်။

Ref & Credit: Net Guide Journal

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...