Friday, September 6, 2013

ခံတွင်းမှ တစ်ဆင့် အသံကို ကြားနိုင်သည့် ဖားမျိုးစိတ်အား သိပ္ပံ ပညာရှင်များ တွေ့ရှိ






ပြင်ပနားရွက် မပါရှိသော်လည်း အသံများကို ကြားနိုင်စွမ်း ရှိသည့် Gardiner's Seychelles ဖားမျိုးစိတ် များ၏ လျှို့ဝှက်ချက်ကို သိပ္ပံ ပညာရှင် များက ဖော်ထုတ်နိုင်ခဲ့ သည်ဟု အင်တာ နက်သတင်းတစ်ပုဒ် အရ သိရသည်။

Gardiner's Seychelles ဖားမျိုးစိတ်သည် ကမ္ဘာ့ အသေးငယ်ဆုံး ဖားမျိုးစိတ် များထဲတွင် တစ်မျိုး အပါအ၀င် ဖြစ်ပြီး ၎င်းဖားမျိုးစိတ် များကို ဆေးရှဲလ် ကျွန်းများပေါ်၌ တွေ့ရသည်။ Gardiner's ဖားမျိုးစိတ်သည် တစ်စင်တီမိတာ ခန့်သာ ရှည်လျားပြီး ၎င်းတို့တွင် နားရွက်မပါ သော်လည်း အသံများကို ကြားနိုင်စွမ်း ရှိကြသည်။

ယင်းဖားမျိုးစိတ်များ အသံ ကြားနိုင်ရန် အတွက် ၎င်းတို့၏ ခံတွင်းခေါင်းနှင့် တစ်သျှူးကို အသုံးပြုပြီး ပြင်ပမှ ၀င်ရောက်လာသည့် အသံများကို ထိုအင်္ဂါများမှ တစ်ဆင့် အတွင်းပိုင်းရှိ နားများသို့ လွှဲပြောင်း ပေးပို့ကြောင်းကို သိပ္ပံ ပညာရှင် များက တွေ့ရှိ ခဲ့ကြသည်။

ဖားမျိုးစိတ် အများစုသည် လူသားများ ကဲ့သို့ ပြင်ပ နားရွက်များ မပိုင်ဆိုင် ကြသော်လည်း ၎င်းတို့၏ ဦးခေါင်း မျက်နှာပြင် ပေါ်၌ နားစည်တစ်ခု ပါသော ကြားခံ နားရွက်တစ်ခု ပါဝင်လျက် ရှိသည်။ ပြင်ပမှ ၀င်ရောက်လာသည့် အသံလှိုင်း များသည် နားစည်ကို တုန်ခါမှု ဖြစ်ပေါ်စေပြီး ထိုတုန်ခါမှု များသည် ဆံခြည်မျှင် ဆဲလ်များ စုဝေးရာ အတွင်းပိုင်းရှိ နားထံသို့ ရောက်ရှိ သွားကာ ထိုနားမှ တစ်ဆင့် ယင်းတုန်ခါမှုကို လျှပ်စစ် အချက်ပြမှုများ အဖြစ် ဦးနှောက်သို့ ပြန်လည် ပေးပို့ခြင်း ဖြစ်ကြောင်း သိပ္ပံ ပညာရှင် တစ်ဦးဖြစ်သူ ရီနော့ဒ်ဘွိုင် စတာက ပြောကြားခဲ့သည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...