Saturday, September 7, 2013
အွန်လိုင်းလုံခြုံရေး စည်းမျဉ်း သဘောတူချက်များကို အမေရိကန် နှင့် ယူကေတို့ ဖော်ထုတ်ရယူဟု စနိုဒင်ထုတ်ဖော်
 ၀ါရှင်တန်ရှိ NSA ရုံးချုပ်ကို တွေ့ရစဉ်။ Photo : AFP
 Saturday, 07 September 2013 06:50
 အမေရိကန်အမျိုးသားလုံ ခြုံရေးအေဂျင်စီ (NSA)နှင့် ယူ ကေ၏  GCHQ( Government Communication Headquarters) တို့သည် အဓိကအွန်လိုင်းလုံခြုံ ရေးစည်းမျဉ်းသဘောတူညီချက် များကို ချိုးဖောက် ကြောင်း လျှို့ ဝှက်သတင်းဖော်ထုတ်သူ စနိုဒင်၏ ဖော်ထုတ်မှုများက စွပ်စွဲထားသည်။ ပစ်မှတ်ထားခံရသော အထူး လျှို့ဝှက်ကုဒ်ဖြင့် သတင်းအချက် အလက် သိမ်းဆည်းခြင်းနည်း ပညာ(encryption technique)  များကို  Google, Facebook   နှင့်  Yahoo ကဲ့သို့ လူကြိုက်များ သော အင်တာနက်ဝန်ဆောင်မှု လုပ်ငန်းများက အသုံးပြုသည်။
NSA သည် ထိပ်တန်းလျှို့ ဝှက်အစီအစဉ်အတွက် တစ်နှစ်လျှင် ဒေါ်လာသန်း ၂၅ဝအသုံး ပြုသည်ဆိုသည်။ ၎င်းအစီအ စဉ်ကို အမေရိကန်ပြည်တွင်းစစ် တိုက်ပွဲတစ်ခု၏အမည် Bullrun  လျှို့ဝှက်အမည်ပေးထားကြောင်း ဂါဒီးယန်း၊ နယူး ယောက် တိုင်းမ် နှင့် Pro Publica  တို့တွင် ပုံနှိပ် ထုတ်ဝေသော သတင်းစာများ တွင် ဖော်ပြခဲ့သည်။ အလားတူ ဗြိတိသျှတို့၏ အစီအစဉ်၏အမည်ကို အင်္ဂလိပ် ပြည်တွင်း၏ပထမဆုံးတိုက်ပွဲကြီး ၏အမည်ကိုအစွဲပြု၍ Edgehill  ဟု အမည်ပေး ထား သည်။ ယူကေ နှင့် အမေရိကန်ထောက်လှမ်း ရေးအေဂျင်စီများသည် 4G  စမတ်ဖုန်းများ၊ အီးမေးလ်၊ အွန် လိုင်းမှဈေးဝယ်ခြင်းနှင့် ကွာလှမ်း သောစီးပွားရေးလုပ်ငန်းဆက် သွယ်ရေးကွန်ရက်များတွင် အသုံး ပြုသောသတင်း အချက် အလက် လျှို့ဝှက်သိမ်းဆည်းမှုကို အဓိက ထား၍ ထိုးဖောက်ရယူခဲ့သည်။
Bullrun အစီအစဉ်အရ အင်တာနက်အသုံးပြုသူများ ဝန် ဆောင်မှုအမျိုးမျိုးသို့ ဝင်ရောက် ရန် အကောင့်တစ်ခုသို့ ဝင်ရောက် ချိန် လျှို့ဝှက်သိမ်းထားသော ပုဂ္ဂိုလ်ရေးအချက်အလက်များ ကို ထိုးဖောက်ဝင်ရောက်ရယူရန်  NSA  သည် စွမ်းအား ကြီးမားသော စူပါကွန်ပျူတာများကို တည် ဆောက်ထားသည်ဟု သိရသည်။  NSA သည် နောက်ဖေးပေါက် တံခါးများဟု ခေါ်ဆိုသည့်အရာ များ ၎င်းတို့၏ဆော့ဖ်ဝဲတွင် ထည့် သွင်းတပ်ဆင်ရန် အမည်မဖော် သည့် နည်းပညာကုမ္ပဏီကြီးများ နှင့် ပူးပေါင်း ဆောင်ရွက်ခဲ့သည် ဟု ဆိုသည်။     
Ref: BBC
0 comments:
Post a Comment
Related Posts Plugin for WordPress, Blogger...