Saturday, September 7, 2013

မိမိထက် အသက် ၇၀ ငယ်သည့် မိန်းကလေး တစ်ဦးနှင့် အသက် ၉၂ နှစ်အရွယ် အမျိုးသားကြီး လက်ထပ်




အီရတ်နိုင်ငံမှ အသက် ၉၂ နှစ် အရွယ်ရှိ မူဆာလီ မိုဟာမက် အယ်လ်မူဂျာမီသည် ၎င်းထက် အသက် ၇၀ ငယ်ရွယ်သည့် အမျိုးသမီးနှင့် လက်ထပ်ခဲ့ကြောင်း သိရသည်။


လယ်သမား တစ်ဦးဖြစ်သူ မူဆာလီက သူ၏ မင်္ဂလာ ပွဲအား ၎င်း၏ ဆယ်ကျော်သက် အရွယ် မြေးနှစ်ဦး၏ မင်္ဂလာ ပွဲနှင့်အတူ လေးနာရီကြာ ကျင်းပခဲ့ခြင်း ဖြစ်သည်။ မူဆာလီနှင့် မြေးနှစ်ဦး၏ လက်ထပ် မင်္ဂလာ ပွဲအား ဇွန် ၄ ရက်က ဘဂ္ဂဒက်မြို့ မြောက်ပိုင်း၌ ကျင်းပခဲ့ခြင်း ဖြစ်ကြောင်း အေအက်ဖ်ပီ သတင်း ဌာန၏ ဖော်ပြချက် အရ သိရသည်။
မြေးနှစ်ဦးနှင့် အတူ လက်ထပ် မင်္ဂလာပွဲ ဆင်နွှဲရသည့် အတွက် အလွန် ပျော်ရွှင်မိကြောင်း၊ မိမိကိုယ် မိမိအသက် ၂၀ အရွယ်ကဲ့သို့ ပြန်လည်နုပျို သွားသည်ဟု ခံစားရကြောင်း ဆာမာရာမြို့ တောင်ပိုင်း ဂက်ဘန်းရွာတွင် နေထိုင်သည့် မူဆာလီက ဆိုသည်။
မူဆာလီသည် ပထမ အိမ်ထောင်နှင့် သားသမီး ၁၆ ဦး ရရှိခဲ့ကြောင်း သိရသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...