Saturday, September 7, 2013
အင်ဂျင် ပြဿနာကြောင့် နာမည်ကြီးကားများကို တိုယိုတာ ပြန်သိမ်း
 တိုယိုတာ ကား ကော်ပိုရေးရှင်းရှေ့မှ  ဂျပန်အမျိုးသမီးတစ်ဦး ဖြတ်သွားပုံ။ ကုမ္ပဏီ ကားပြခန်းတွင် Crown ကားအား ပြသထားသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - EPA
Thursday, 05 September 2013 04:03
 ဂျပန် နိုင်ငံ၏ ကားလုပ်ငန်းကုမ္ပဏီကြီး ဖြစ်သည့် တိုယိုတာကားကုမ္ပဏီ က ကားသွားနေစဉ် လမ်း၌ထိုး ရပ်သည့် စက်ချွတ်ယွင်းမှုအနည်း ငယ်ဖြစ်ပေါ်၍ ကမ္ဘာတစ်ဝန်းလုံး ရှိ ၎င်း၏ကားအစီး ၃ရဝဝဝဝအား ပြန်လည် ရုပ်သိမ်းလျက်ရှိကြောင်း ကြာသပတေးနေ့က ပြောကြား ခဲ့သည်။
ကမ္ဘာ့အကြီးဆုံးကားထုတ် လုပ်သူကပြောကြားသည်မှာ ကား စီးရေ၁ရဝဝဝဝအား ပြန်လည်ရုပ် သိမ်းလျက်ရှိကြောင်း၊ အဓိကအ ကြောင်းမှာ အင်ဂျင်ထဲရှိ ဘားထိန်း ချုပ်မှု မူလီတံချောင်၍ဖြစ်သည်။ အဆိုးဆုံးဖြစ်ရပ်မှာ ဤချွတ်ယွင်း မှု အနည်းငယ်ကြောင့် အင်ဂျင်ထိုး ရပ်သွားခြင်းဖြစ်သည်ဟု ဆိုသည်။  ပြန်လည်ရုပ်သိမ်းသောကားများ တွင် ၂၀၀၅ခုနှစ် ဇူလိုင်နှင့် ၂၀၁၁ ခုနှစ် ဇူလိုင်လအတွင်းထုတ်လုပ် သည့်  Crown? Mark X နှင့် ဂျပန် ၌  Lexus   မျိုးစုံပါဝင်ကြောင်း ပြော ခွင့်ရအမျိုးသမီးက ပြောကြားခဲ့ သည်။
တိုယိုတာသည် လောင်စာ ပြောင်းလဲကိရိယာ ချွတ်ယွင်းမှု ကြောင့်  ဟိုက်ဘရစ်ကား၂၀၀၀၀၀ အား ပြန်လည်ရုပ်သိမ်းခဲ့ရသေး သည်။ ပြန်လည်ရုပ်သိမ်းရသော ကားများတွင် တိုယိုတာ  Harrier Hybrid  ၎င်းကားအား Lexus RX ဟုလည်း ရောင်းချခဲ့သည်။ နိုင်ငံခြားဈေးကွက်များတွင် ဤ ကားအား  High lander ဟု အသိ များကြသည်။ ကားထုတ်လုပ်သူအနေဖြင့် ဤပြဿနာကြောင့် မတော်တဆ တစ်စုံတစ်ရာဖြစ်သည်ကို မကြား ရဟုဆိုသည်။    
REF:AFP
0 comments:
Post a Comment
Related Posts Plugin for WordPress, Blogger...