Thursday, August 22, 2013

ကမ္ဘာ့ အရှည်ဆုံး တံတားကြီးများ




ကမ္ဘာပေါ်ရှိ နှစ်ကီလိုမီတာထက် ပိုမို ရှည်လျားတဲ့ အရှည်ဆုံး တံတားကြီး တွေဟာ မြေပြင်ကို အခြေပြုပြီး ရေပြင်ကို ဖြတ်ကျော် တည်ဆောက် ထားကြခြင်း ဖြစ်ပါတယ်။ ဒီတံတားကြီးတွေထဲက တချို့ကို ထုတ်နုတ် တင်ပြလိုက် ပါတယ်။

(၁) ဒန်ရန်း-ကွန်ရှန် မီးရထားတံတား (တရုတ်နိုင်ငံ)

ဒီတံတားကြီးဟာ လက်ရှိအချိန်မှာ ကမ္ဘာ အရှည်ဆုံး တံတားကြီး တစ်စင်း ဖြစ်ပါတယ်။ ဘေဂျင်း-ရှန်ဟိုင်း မြန်နှုန်းမြင့် မီးရထား လမ်းပေါ်မှာ တည်ရှိ ပြီး ၁၆၄ ဒသမ ၈ ကီလိုမီတာ (၁ဝ၂ ဒသမ ၄မိုင်) ရှည်လျားပါတယ်။ ဒီတံတားကြီးဟာ တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်စုပြည်နယ်မှာ ရှိတဲ့ ရှန်ဟိုင်းနဲ့ နန်ကျင်းမြို့ တို့ရဲ့အကြားမှာ တည်ရှိပါတယ်။ ယန်စီမြစ်နဲ့ မျဉ်းပြိုင် သွယ်တန်း ထားပါတယ်။ ၂ဝ၁ဝ ပြည့်နှစ်မှာ တည်ဆောက် ပြီးစီးခဲ့ပြီး ၂ဝ၁၁ ခုနှစ် ဇွန်လမှာ ဖွင့်လှစ် ခဲ့ပါတယ်။ လူအင်အား တစ်သောင်းနဲ့ လေးနှစ်ကြာ တည်ဆောက် ခဲ့ရပြီး ကုန်ကျစရိတ် ဒေါ်လာ ၈ဒသမ ၅ ဘီလီယံ ရှိပါတယ်။ ဒီတံတားကြီးကို လက်ရှိ ဂင်းနစ်ကမာ့္ဘစံချိန်တင် အရှည်ဆုံး တံတားကြီး အဖြစ် မှတ်တမ်း တင်ထားပါတယ်။

(၂) တိရန်ကျင်း- Grand တံတား (တရုတ်နိုင်ငံ)

ဒုတိယမြောက် အရှည်ဆုံး တံတားကတော့ ဘေဂျင်း-ရှန်ဟိုင်း မြန်နှုန်းမြင့် မီးရထားလမ်းပေါ်မှာပဲ တည်ရှိတဲ့ တိရန်ကျင်း တံတားကြီးပဲ ဖြစ်ပါ တယ်။ဒီတံတားကြီးဟာ အရှည် စုစုပေါင်း ၁၁၃ ဒသမ ၇ ကီလိုမီတာ (၇၆မိုင်) ရှိပြီး ၂ဝဝ၆ ခုနှစ်မှာ စတင် တည်ဆောက်ခဲ့ကာ ၂ဝ၁ဝ ပြည့်နှစ်မှာ ပြီးစီး ခဲ့ပါတယ်။ တိရန်ကျင်း ပြည်နယ် ဟီဘေဒေသမှာ တည်ရှိပါတယ်။

(၃) ဝေနန်-ဝေဟီတံတားကြီး (တရုတ်နိုင်ငံ)

ဒီတံတားကြီးကတော့ ကျန်ကျိုး-စီအန် မြန်နှုန်းမြင့် မီးရထားလမ်းရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။ အရှည်ပေ ၇၉၇၃၂ မီတာ (၄၉ ဒသမ ၅မိုင်) ရှိပြီး ဝေမြစ် (Wei River)ကိုနှစ်ကြိမ် ဖြတ်ကျော်ထားပါတယ်။ တခြားမြစ်တွေ၊ အဝေးပြေး လမ်းမကြီးတွေနဲ့ မီးရထားလမ်း တွေကိုလည်း ဖြတ်ကျော် တည်ဆောက်ထားပါတယ်။ စတင် တည်ဆောက်စဉ်က ကမ္ဘာ အရှည်ဆုံး တံတားဖြစ်ခဲ့ပေမဲ့ နောက်ပိုင်းမှာ အထက်မှာ ဖော်ပြခဲ့တဲ့ တံတားနှစ်စင်း က ကျော်ဖြတ် သွားခဲ့ပါတယ်။ ဒီတံတားကြီးကို ၂ဝဝ၈ ခုနှစ်က တည်ဆောက်ပြီးစီး ခဲ့ပါတယ်။

(၄) ဘန်နား အဝေးပြေးလမ်း တံတား (ထိုင်းနိုင်ငံ)

ဒီတံတားကြီးကတော့ အဝေးပြေးလမ်း ပုံသဏ္ဌာန်နဲ့ တည်ဆောက်ထားတဲ့ ထိုင်းနိုင်ငံက အရှည်လျားဆုံး တံတား လမ်းမကြီး ဖြစ်ပါတယ်။ ဒီတံတားကြီး ဟာ ၅၅ ကီလိုမီတာ ရှည်လျားပြီး ခြောက်လမ်းသွား လမ်းတံတားကြီးလည်း ဖြစ်ပါတယ်။

ဒီတံတားဟာ ဘန်ပါကောင် မြစ်ကိုလည်း ဖြတ်ကျော် တည်ဆောက် ထားပါတယ်။ ၂ဝဝဝ ပြည့်နှစ် ဇန်နဝါရီလက တည်ဆောက် ပြီးစီးခဲ့ပြီး အမေရိကန် ပြည်ထောင်စုနဲ့ ထိုင်း နိုင်ငံက အင်ဂျင်နီယာတွေ ပူးတွဲ တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။

(၅) ဘေဂျင်းအဝေးပြေး တံတားကြီး (တရုတ်နိုင်ငံ)

ဒီတံတားကြီး ဟာလည်း ဘေဂျင်း-ရှန်ဟိုင်း မြန်နှုန်းမြင့် မီးရထားလမ်းပေါ်မှာ တည်ရှိတဲ့ တံတားတစ်စင်းပဲ ဖြစ်ပါတယ်။အရှည် ၄၈ ဒသမ ၁၅၃ ကီလိုမီတာ (၂၉ ဒသမ ၉၂၁ မိုင်) ရှိပြီးဘေဂျင်း မြို့နယ် မှာ တည်ရှိပါတယ်။ ၂ဝ၁ဝ ပြည့်နှစ်မှာ တည်ဆောက်ပြီးစီး ခဲ့ပြီး ၂ဝ၁၁ ခုနှစ်မှာ ဖွင့်လှစ်ခဲ့ပါတယ်။

1 comment:

  1. Thank you very muct for haveing knowledge about longest bridge in the world.

    ReplyDelete

Related Posts Plugin for WordPress, Blogger...