Thursday, August 22, 2013

ဒေသခံရွှေတူးဖော်လုပ်ကိုင်သူများထံမှ KIA အဖွဲ့ ဆက်ကြေးရွှေများ လာရောက်တောင်းခံ


ကချင်ပြည်နယ် ရှင်ဗွေယန်မြို့နယ် စက်စဲချောင်းနှင့် စနစ်ချောင်း တစ်လျှောက်တွင်
ရွှေတူးဖော်လုပ်ကိုင် လျက်ရှိသော စက်ဆိုင်း ပိုင်ရှင်များထံမှ KIA အဖွဲ့တစ်ဖွဲ့က
သြဂုတ် ၁၉ ရက်တွင် ဆက်ကြေးအဖြစ် ရွှေများ လာရောက်တောင်းခံသွားကြောင်း
ဒေသခံအချို့ထံမှ သိရသည်။


“မနေ့က မနက်ပိုင်းမှာ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ဝင်တွေ ရောက်လာတယ်။
ဒီနှစ်အတွက် ဆက်ကြေးငွေ ပေးဖို့ လာတောင်းတာပါ၊ အရင်တုန်းကငွေယူပေမယ့်
အခုရွှေပဲယူမယ်လို့ ပြောသွားတာပဲ၊ စက်ဆိုင်းပိုင်ရှင် တွေက တစ်ချို့တစ်ဝက်ပေး
လိုက်ကြတယ်လို
့ သိရပါတယ်” ဟု စက်စဲချောင်းတွင် စက်ဆိုင်းလုပ်သားတစ်ဦးက
ပြောပြသည်။
စနစ်ချောင်းတွင် ရွှေတူးဖော်နေသော စက်ဆိုင်းပိုင်ရှင်တစ်ဦးကတော့
“ဒီချောင်းတွေဟာ သူတို့ကချင်လွတ် မြောက်ရေးအဖွဲ့ အနောက် ပိုင်းအုပ်ချုပ်ရေးရုံး

လက်အောက်မှာရှိတဲ့အတွက် ဒီနှစ်တစ်နှစ်စာ ဆက်ကြေး ပေးရမယ်လို့ ပြောသွားတာပဲ၊
လစဉ်ငွေ မဟုတ်တော့ဘဲရွှေပေးရမယ်၊ ဒီချောင်းနဲ့ စက်စဲချောင်းမှာ စက်ဆိုင်း တွေက
အတော်များတယ်။ စက်ဆိုင်းကလည်း အကြီးအသေးရှိတယ်လေ၊အဲဒီအပေါ်မူတည်ပြီး
ပေးရတဲ့ရွှေရွေးလည်းမတူဘူးပေါ့၊ ကျွန်တော်ကတော့စက်ကြီးမို့လို့တစ်လကိုရွှေ ၃ကျပ်သား
ပေးရမှာပါ။ မပေးနိုင်ရင် မလုပ်ဘဲပြန်ဖို့ပဲရှိတာပေါ့” ဟု ပြောပြသွားသည်။


ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)အဖွဲ့မှ ၂၀၁၃ - ၂၀၁၄ ဘဏ္ဍာရေးနှစ်အတွက်
ဆက်ကြေးငွေ များအား လိုက်လံကောက်ခံလျက်ရှိရာ စက်စဲချောင်းနှင့်စနစ်ချောင်း
တစ်လျှောက်တွင်ရွှေတူးဖော်နေသော စက်ဆိုင်းများဆီမှ တစ်နှစ်စာအတွက်လစဉ်ပေးသွင်း
ခိုင
်းထားကြောင်း၊ စက်ဆိုင်းများမှာ ဟွန်ဒါ၊ တစ်လုံးထိုး၊ နှစ်လုံးထိုး၊ လေးလုံးထိုး၊ ခြောက်လုံး
ထိုးဟူ၍ အကြီးအသေးအလိုက်ခွဲခြားပြီး ရွှေများကို ပေးသွင်းရမည်ဖြစ်၍စက်ဆိုင်းပိုင်ရှင်
များမှာအရှုံးပေါ်မည့်အခြေအနေနှင့် ရင်ဆိုင်နေရကြောင်း၊ တောင်းထားသော ရွှေပမာဏအား
မပေးနိုင်ခဲ့လျှင် ဆက်လက်တူးဖော်ခွင့်မပြုမည်ကိုစိုးရိမ်နေကြောင်း ရွှေစက်ဆိုင်းပိုင်ရှင်များ၏
ပြောပြချက်အရ သိရှိရပါသည်။


KDN

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...