Thursday, October 24, 2013

မေလက ပေါက်ခဲ့သော လင်းပိုင်ငယ် သုံးကောင် ကောင်းစွာရှင်သန်ကြီးထွား



 

အေးစပယ်ဖြူ

မေလအတွင်းက ပေါက်ဖွားခဲ့သည့် လင်းပိုင်ငယ်ကို မိခင်နှင့်အတူ တွေ့ရစဉ်။
မန္တလေးနှင့် စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ ဧရာဝတီလင်းပိုင်ထိန်းသိမ်း ကာကွယ်စောင့်ရှောက်
ရေးနယ်မြေ အတွင်း မေလအတွင်းကပေါက်ဖွားခဲ့ သော ဧရာဝတီလင်းပိုင်ငယ်သုံးကောင်မှာ
ကောင်းစွာ ရှင်သန်ကြီးထွားလျက် ရှိသည်ကို စက်တင်ဘာလအတွင်း ပြုလုပ်သော မိုးနှောင်း
ရာသီ ဧရာဝတီလင်းပိုင်သုတေသနပြု လေ့လာရေးခရီးစဉ်တွင် မှတ်တမ်းတင်တွေ့ရှိခဲ့ကြောင်း
ပတ်ဝန်းကျင်နှင့် မျိုးသုဉ်းရှားပါး ရေသတ္တ၀ါများ ထိန်းသိမ်းရေး ဌာနစု၊ မြန်မာနိုင်ငံ ငါးလုပ်ငန်းဦးစီး
ဌာနမှ လက်ထောက်ဦးစီးမှူး ဦးဟန်ဝင်း ကပြောသည်။
"စက်တင်ဘာလ ခရီးစဉ်အတွင်း ထိန်းသိမ်းရေးနယ်မြေထဲမှာ ဧရာဝတီလင်းပိုင်ကောင်ရေဟာ
အကောင် ၂၀ ထက် မလျော့တာကို တွေ့ရပါတယ်။ မေလအတွင်းကပေါက်ခဲ့တဲ့ လင်းပိုင် ငယ်သုံး
ကောင်လည်း သေဆုံးမှု မရှိတာကိုတွေ့ရပါတယ်။ နောက်ထပ်ပေါက်ဖွားခြင်း ရှိ၊ မရှိကိုတော့
အောက်တိုဘာလ ခရီးစဉ်တွေမှာ သုံးသပ်နိုင်မှာ ဖြစ်ပါတယ်" ဟု ၎င်းက ယခုလဆန်းပိုင်းတွင်
ပြောသည်။
ထိန်းသိမ်းရေး ဧရိယာအတွင်း ထူးခြားစွာ တွေ့ရသော အလေ့အထ ဖြစ်သည့် ဧရာဝတီလင်းပိုင်နှင့်
ကွန်ပစ်ရေလုပ်သားတို့ အတူတကွပူးပေါင်းငါးဖမ်းသည့် လုပ်ငန်းများ ကိုလည်း စက်တင်ဘာလ
အတွင်းပြန်လည် လုပ်ကိုင်နေပြီဖြစ်သည်။
"လင်းပိုင်နဲ့ ရေလုပ်သားတွေ ပူးပေါင်း ငါးရှာဖွေတာကို မိုးရာသီအထိ ဆောင်ရွက်ကြမှာ ဖြစ်ပေမယ့်
စက်တင်ဘာ၊ အောက်တိုဘာလ တွေကတော့ လာရောက်လေ့လာလိုသူတွေ အကောင်းဆုံးမြင်
တွေ့နိုင်မယ့် အချိန်ဖြစ်ပါတယ်။ လက်ရှိ မန္တလေးနားက မြေစွန်းကျေးရွာ၊ အင်ဒေါင်းကျေးရွာ၊
မြစ်ကမ်းကြီးကျေးရွာတွေ အနီးမှာ လင်းပိုင်တွေ ကျက်စားနေကြတာတွေ့ရပါတယ်။
အဲဒီနေရာတွေက လက်ရှိရေမြေအနေအထားက လင်းပိုင် တွေနှစ်သက်တဲ့ အနေအထားဖြစ်လို့
ကာလအတန်ကြာ လင်းပိုင်တွေ အဲဒီမှာ ရှိနေဦးမယ်လို့ ယူဆပါတယ်" ဟု ဦးဟန်ဝင်းက
ပြောသည်။
မျိုးသုဉ်းလုနီးဖြစ်သည့် ဧရာဝတီလင်းပိုင်အပါအ၀င် ရေနေသတ္တ၀ါ အများအပြား သေကျေပျက်စီးမှု
ဖြစ်နိုင်သည့် ဘက်ထရီရှော့ဖြင့် ငါးဖမ်းဆီးခြင်းများအား ထိန်းသိမ်းရာတွင် ကျေးရွာလူထုကလည်း
ပါဝင် ဆောင်ရွက်ပေးကြရန် နှိုးဆော်ထားကြောင်း ၎င်းကပြောသည်။
"ရွာသားတွေအနေနဲ့ ဘက်ထရီရှော့တိုက်သမားတွေရဲ့ မင်းမဲ့စရိုက် ဆန်ဆန် ပြန်လည်ပြုမူတာ
တွေကို စိုးရိမ်နေတာမျိုးတွေရှိတယ်" ဟု ၎င်းက ပြောသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...