Thursday, October 24, 2013

ရတနာ သဘာဝဓာတ်ငွေ့ စီမံကိန်း၏ ကမ်းလွန် သဘာဝဓာတ်ငွေ့ ထုတ်လုပ်ရေးစင်ကို ပြုပြင်မည်ဖြစ်ရာ ပြည်တွင်းသို့ သဘာဝဓာတ်ငွေ့ ပို့လွှတ်မှုကို ပုံမှန်ထက် ကုဗပေ သန်း ၂၀ ခန့် လျော့နည်း ဖြန့်ဖြူးမည်

Thursday, 24 October 2013


ရတနာ သဘာဝဓာတ်ငွေ့ စီမံကိန်းမှ ထိုင်းနိုင်ငံသို့ ပို့လွှတ်မည့် ပိုက်လိုင်းတပ်ဆင်ရေး လုပ်ငန်းခွင်ကို ၂၀၁၂ ခုနှစ်အတွင်းက တွေ့ရစဉ်။(ဓာတ်ပုံ-ဖြိုးဝေ)

စွမ်းအင် ၀န်ကြီးဌာန၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ရတနာ သဘာဝဓာတ်ငွေ့ စီမံကိန်း၏ ကမ်းလွန် သဘာဝဓာတ်ငွေ့ ထုတ်လုပ်ရေးစင် (Platform) အား လိုအပ်သည့် ပြုပြင်မွမ်းမံခြင်း လုပ်ငန်းများကို ၂၀၁၃ ခုနှစ်၊ အောက်တိုဘာ ၂၆ ရက်မှ ၂၇ ရက်အထိ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များအရ သိရသည်။

ယင်းသို့ ဆောင်ရွက်နေစဉ်အတွင်း ပြည်တွင်းသို့ ဖြန့်ဖြူးနေသည့် သဘာဝဓာတ်ငွေ့များကို ယခင်ထက် ကုဗပေ သန်း ၂၀ လျော့နည်း ဖြန့်ဖြူးသွားမည် ဖြစ်ကြောင်း သိရသည်။ ရတနာ သဘာဝဓာတ်ငွေ့ စီမံကိန်းမှ ယခင်က ပြည်တွင်းသို့ သဘာဝဓာတ်ငွေ့ ကုဗပေ သန်း ၁၅၀ ပို့လွှတ် ဖြန့်ဖြူးပေးနေရာမှ အဆိုပါ ပြုပြင်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေစဉ် ကာလအတွင်း ကုဗပေသန်း ၂၀ ခန့် လျော့နည်းပြီး ကုဗပေ သန်း ၁၃၀ ဖြန့်ဖြူး ပေးနိုင်မည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

ထို့ကဲ့သို့ သဘာဝဓာတ်ငွေ့ ကုဗပေ သန်း ၂၀ ခန့် လျော့နည်း ဖြန့်ဖြူးမည်ဖြစ်သော်လည်း အချို့စက်ရုံများမှာ စက်ပြုပြင်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေသည့်အတွက် သဘာဝဓာတ်ငွေ့ ရယူသုံးစွဲခြင်း မရှိသဖြင့် ရန်ကုန်တိုင်း ဒေသကြီးအပါအ၀င် သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံ (GT) များနှင့် သဘာဝဓာတ်ငွေ့ ရယူအသုံးပြုသည့် အခြားစက်ရုံများသို့ သဘာဝဓာတ်ငွေ့ ပုံမှန် ဖြန့်ဖြူးပေးထားမည် ဖြစ်ကြောင်းလည်း စွမ်းအင် ၀န်ကြီးဌာနမှ သိရသည်။

အဆိုပါ ရတနာ သဘာဝဓာတ်ငွေ့ စီမံကိန်း၏ ဖိအားမြှင့် ပလက်ဖောင်းပေါ်ရှိ Compressor A နှင့် B ၌ စက်တင်ဘာလကုန်ပိုင်းက ချို့ယွင်းမှု ဖြစ်ပေါ်ခဲ့သဖြင့် ပြုပြင်ခြင်း လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ပြည်တွင်းသို့ ၂၄ လက်မ ပိုက်လိုင်းဖြင့် ကမ်းလွန် သဘာဝဓာတ်ငွေ့ ပို့လွှတ်မှုအား စက်တင်ဘာ ၂၁ ရက်က ရပ်ဆိုင်းခဲ့ရကြောင်း သိရသည်။

ယင်းကာလအတွင်း ပြုပြင်ရေးလုပ်ငန်းများ အမြန်ပြီးစီးရေးနှင့် ပြည်တွင်းသို့ ကမ်းလွန် သဘာဝဓာတ်ငွေ့ ပို့လွှတ်မှု မလျော့နည်းစေရန် ဖိအားမြင့်တွင်းများမှ တိုက်ရိုက်ပို့လွှတ်သောစနစ် (High Pressure Mode) ဖြင့် ပို့လွှတ်ရေး ဆောင်ရွက်ခဲ့ရာ ၂၄ လက်မ ပိုက်လိုင်းအတွင်းသို့ ကမ်းလွန် သဘာဝဓာတ်ငွေ့ ၅၀ mmscfd နှုန်းဖြင့် စတင် ပို့လွှတ်နိုင်ခဲ့ကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...