Thursday, October 24, 2013

မြန်မာ့သတ္တုကဏ္ဍ တိုးတက်ရန် ပါမစ်များကို အမှန်တကယ် လုပ်ဆောင်နိုင်မှုမရှိဘဲ ထိန်းချုပ်ထားခြင်း၊ သတ္တုလုပ်ငန်း လုပ်ကိုင်လိုသူ FDI များအတွက် အာမခံချက် မရှိခြင်းများက အဟန့်အတားဖြစ်နေ

 Created on Thursday, 24 October 2013


မုံရွာမြို့အနီးရှိ ကြေးနီထုတ်လုပ်မည့် လက်ပံတောင်းတောင် စီမံကိန်း လုပ်ငန်းခွင် နေရာအား တွေ့ရစဉ် (ဓာတ်ပုံ-ဖြိုးဝေ)

မြန်မာနိုင်ငံ၏ သတ္တုတူးဖော်ရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် လက်ရှိတွင် သတ္တုတူးဖော် ရှာဖွေခွင့် ပါမစ်များကို အမှန်တကယ် လုပ်ဆောင်နိုင်မှုမရှိဘဲ ချုပ်ကိုင်ထားခြင်းနှင့် သတ္တုတူးဖော်ခြင်းလုပ်ငန်း လုပ်ကိုင်လိုသူ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံ သူများအတွက် အာမခံချက် မရှိခြင်းများက အဟန့်အတား ဖြစ်နေကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ မြို့နယ်ပေါင်း ၂၀၀ ကျော်ခန့်တွင် သဘာဝ သယံဇာတများ ဖြစ်သည့် သတ္တုများ ထွက်ရှိနေကြောင်း မြန်မာနိုင်ငံ သတ္တုလုပ်ငန်းရှင်များ အသင်းချုပ်မှ ဒုတိယဥက္ကဋ္ဌ ဦးခင်မောင်ဟန်က ပြောကြားသည်။

ထိုသို့ ထွက်ရှိနေသော်လည်း နိုင်ငံတကာ ဈေးကွက်ဝင် သတ္တု ခုနစ်မျိုးခန့်သာ စီးပွားဖြစ် တူးဖော်နိုင်သည့် အနေအထားတွင် ရှိနေကြောင်း သိရသည်။

သတ္တုများကို အမှန်တကယ် ရှာဖွေတူးဖော်နိုင်သည့် အနေအထားတွင် မရှိသော်လည်း ရှာဖွေတူးဖော်ခွင့် ပါမစ်များကိုင်ဆောင်၍ လက်လွှဲရောင်းချသည့် ဖြစ်စဉ်မျိုးများ ပြုလုပ်လေ့ရှိသဖြင့် အမှန်တကယ် ထုတ်လုပ် နိုင်သူများအတွက် အခက်အခဲများ ဖြစ်နေ . . .




ထိုသို့ ထွက်ရှိနေသော သတ္တုများကို အမှန်တကယ် ရှာဖွေတူးဖော်နိုင်သည့် အနေအထားတွင် မရှိသော်လည်း ရှာဖွေ တူးဖော်ခွင့် ပါမစ်များ ကိုင်ဆောင်၍ လက်လွှဲရောင်းချသည့် ဖြစ်စဉ်မျိုးများ ပြုလုပ်လေ့ရှိသဖြင့် အမှန်တကယ် ထုတ်လုပ် နိုင်သူများအတွက် အခက်အခဲများ ဖြစ်နေကြောင်း သိရသည်။

"ပါမစ်တွေကိုင်ပြီး ဈေးကစားတယ် ဆိုတာမျိုးက စမ်းသပ်ရှာဖွေတဲ့ ပါမစ်မျိုးကို ကိုင်ထားကြတာ များပါတယ်။ ထုတ်လုပ်မှု ပါမစ်မျိုးတော့ မဟုတ်ပါဘူး" ဟု ဦးခင်မောင်ဟန်က ဆိုသည်။

မြန်မာ့ သတ္တုတူးဖော်ရေး ကဏ္ဍအတွက် ပြင်ဆင်ရန် လိုအပ်နေသည့် မြန်မာ့သတ္တုတွင်း ဥပဒေဟောင်းများအား ပြင်ဆင်ရေးဆွဲရန် သတ္တုတူးဖော်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲအား ကုန်သည် စက်မှုအသင်းချုပ်တွင် အောက်တိုဘာ ၂၂ ရက်က ပြုလုပ်ခဲ့သည်။ မြန်မာနိုင်ငံ၏ မြန်မာ့သတ္တုတွင်း ဥပဒေဟောင်းများအား ပြန်လည်ပြင်ဆင်ရာတွင် မြန်မာ့သတ္တုလုပ်ငန်းရှင်များ အကြီးစားလုပ်ငန်းအဖြစ်သို့ ကူးပြောင်းနိုင်ရေး အထောက်အကူဖြစ်စေမည့် ဥပဒေ အချက်အလက်များ၊ ယခင် ဥပဒေဟောင်းတွင် မပါဝင်သည့် ရောင်းဝယ်ရေးဆိုင်ရာ ဥပဒေများနှင့် မြန်မာနိုင်ငံ၏ အလုပ်အကိုင် အခွင့်အလမ်းနှင့် သတ္တုကဏ္ဍမှ ၀င်ငွေတိုးမြှင့် ရရှိရေးအတွက် သန့်စင်ပြီး စက်ရုံအား မြန်မာနိုင်ငံတွင် လုပ်ဆောင်ပြီးမှ ပြည်ပသို့ တင်ပို့ရောင်းချရေး လုပ်ဆောင်စေမည့် ဥပဒေများ ထည့်သွင်း ရေးဆွဲရန် လိုအပ်နေကြောင်း ဦးခင်မောင်ဟန်က ဆက်လက် ပြောကြားသည်။

အဆိုပါ မြန်မာ့သတ္တုတွင်း ဥပဒေဟောင်းများကြောင့် သတ္တုကဏ္ဍတွင် ပါဝင်လုပ်ကိုင်သူများအတွက် ပါမစ်များအပေါ် မှီခိုရခြင်း၊ နောက်ဆက်တွဲ ထောက်ခံချက်၊ လိုင်စင်၊ ပါမစ်များ မရရှိလျှင်၊ သတ္တုလုပ်ငန်းများ ဆောင်ရွက်နိုင်မှုအတွက် အာမခံချက် ကင်းမဲ့ခြင်း၊ လုပ်ကိုင်ခွင့်ပြုကာလအား အနည်းငယ်သာ ပေးအပ်ထားသည့်အတွက် သတ္တုတူးဖော် ထုတ်လုပ်ရန်ကာလ မလုံလောက်မှုနှင့် အကြီးစား သတ္တုလုပ်ငန်း စီမံကိန်းများ၌ ရေရှည်လုပ်ကိုင်ရန် သေချာခြင်း လိုအပ်မှုကို နားလည် သဘောပေါက်ရန် ဥပဒေ စီရင်သူများ ပျက်ကွက်မှုများ ရှိနေကြောင်း သြစတြေးလျ ပညာရှင် William (Bill) Sullivan နှင့် Mr. Peter Church Oam က သုံးသပ်သည်။

EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...