Monday, December 2, 2013

Android 4.4 (KitKat) က သုံးစွဲသူ သန်းတစ်ထောာင်အထိ ရှိလာမလား?




Nexus 5 စမတ်ဖုန်း ထွက်ရှိခြင်းနဲ့အတူ တစ်ပါတည်း ပါလာတဲ့ Android 4.4 (KitKat) ဟာ သုံးစွဲသူ သန်းတစ်ထောင်အထိ ရှိလာစေရန် ရည်မှန်းထားပါတယ်။ အဆိုပါ Android နောက်ဆုံး ဗားရှင်းကို ထည့်သွင်းအသုံးပြုဖို့ ဖုန်းမှာ အနည်းဆုံး RAM 512 MB ရှိရမှာ ဖြစ်ကာ ဒီ OS ဟာ ပိုမိုကြည့်ကောင်းလာပြီး ပြောင်းလဲပြင်ဆင်မှုတွေလည်း ဖန်တီးပေးထားပါတယ်။

ဖုန်းခေါ်ဆိုမှုမှာလည်း ဖုန်းဆက်မယ့်လူကို ရှာတဲ့အခါ Contacts ထဲမှာ ရှာတာ၊ ကိုယ့်အနီးအနားမှာရှိတဲ့ သူငယ်ချင်းတွေထဲက ရှာတာနဲ့ Google Account သုံးပြီး ရှာတာတွေပါ ထည့်သွင်းပေးထားပါတယ်။ နောက်ထပ် Hangout ဆိုတဲ့ App လေးလည်း ပါဝင်လာပါတယ်။ ဒီ App ဟာ SMS (Short Message), MMS (Multimedia Message) တွေနဲ့ ဗီဒီယိုခေါ်ဆိုမှုတွေကိုပါ တစ်စုတစ်စည်းတည်း ဖြစ်စေကာ သင့်သူငယ်ချင်းတွေ ပို့တဲ့အရာတွေကို ပိုမိုရှာရလွယ်ကူစေမှာပါ။

Google Search Platforms ရဲ့ Features အသစ်များစွာလည်း ဒီ OS အသစ်မှာ ပါဝင်လာပြီး Google မှာ သုံးစွဲသူရဲ့ စကားသံနဲ့ ရှာဖွေတဲ့ Voice Search အတွက်လည်း Hotwords တွေကို သုံးလို့ရလာပါပြီ။ ကမ္ဘာပေါ်မှာလည်း လူဦးရေက သန်းခုနစ်ထောင်လောက်သာ ရှိတာမို့လို့ အားလုံးက စိတ်ဝင်စားနေကြပြီး ပိုမိုအသုံးဝင်တဲ့ Features တွေပါဝင်လာတဲ့ ဒီ KitKat ဟာ သုံးစွဲသူ သန်းတစ်ထောင်အထိ တကယ်ပဲ ရှိလာနိုင်ပါ့မလားဗျာ?

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...