Monday, December 2, 2013

Iceland နိုင်ငံ၏ GDP ထက်ပင်များသည့် Samsung ၏ ကြော်ငြာဘတ်ဂျက်




ကိုရီးယား အီလက်ထရောနစ် ကုမ္ပဏီကြီး Samsung ကတော့ ယင်းတို့ ထုတ်လုပ်တဲ့ ပစ္စည်းများကို လူတိုင်းရဲ့ အတွေးထဲကို ရောက်ရှိအောင် ကြော်ငြာဖို့အတွက် ဘာပဲလုပ်ရလုပ်ရ လုပ်မယ့် အခြေအနေ ရှိနေပါတယ်။

ဒီလို လုပ်နိုင်ဖို့အတွက် Samsung အနေနဲ့ ၂၀၁၄ ခုနှစ်အတွင်းမှာ ဒေါ်လာ ၁၄ ဘီလီယံ သုံးစွဲသွားဖို့ ဘတ်ဂျက်သတ်မှတ် ထားတယ်လို့ Retuers သတင်းဌာနရဲ့ အဆိုအရ သိရှိရပါတယ်။ ဒီပမာဏဟာ Iceland နိုင်ငံရဲ့ GDP ထက်တောင် ပိုများနေပါတယ်။

ထိုနည်းတူ ဤပမာဏဟာ Samsung ရဲ့ တစ်နှစ်တာ စုစုပေါင်း ဝင်ငွေရဲ့ ၅.၄ ရာခိုင်နှုန်း ရှိနေပါတယ်။ ဒါဟာ ကမ္ဘာ့အကြီးဆုံး ကုမ္ပဏီများအနက် ဝင်ငွေနဲ့ ကြော်ငြာအတွက် သုံးငွေအချိုးမှာ အမြင့်ဆုံးပဲ ဖြစ်ပါတယ်။ နှိုင်းယှဉ်ကြည့်ရမယ်ဆိုရင် Apple အနေနဲ့ ဝင်ငွေရဲ့ ၀.၆ ရာခိုင်နှုန်းနဲ့ General Motors က ၃.၅ ရာခိုင်နှုန်းတို့ကို ကြော်ငြာအတွက် သုံးစွဲတယ်လို့ သိရှိရပါတယ်။

ဒါတောင် ဘာဟုတ်သေးလဲ။ လာမယ့် နှစ်များမှာလည်း ဤပမာဏထက် များပြားသည့် ဘတ်ဂျက်အား ချမှတ်သွားမည်ဟု Samsung က ဆိုခဲ့သည်။ Samsung ၏ အမှုဆောင်အဖွဲ့ အနေနဲ့ ဈေးကွက်အတွင်း လက်ရှိရပ်တည်နေသည့် နေရာနှင့် Galaxy Device များ၏ အောင်မြင်မှုကို ချိန်ထိုးကြည့်ပါက တိုးတက်မှုအဟုန်ကို ထိန်းသိမ်းရန်အတွက် ဤကဲ့သို့ စံချိန်တင် ငွေကြေးပမာဏကို သုံးစွဲခြင်းသည် သင့်လျော်သည်ဟု ယူဆနေကြသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...