Monday, December 2, 2013

Solid-State နှင့် သမားရိုးကျ Hard Disk ပေါင်းစပ်ထားသည့် Western Digital Black2






ကွန်ပြူတာတစ်လုံးရဲ့ စွမ်းဆောင်ရည်ပိုင်းကို အလေးထားသည့် သုံးစွဲသူများ အနေနဲ့ အရေးကြီးတဲ့ App တွေ (Windows 8 အသုံးအနှုန်းနဲ့ ပြောရရင်ပေါ့ဗျာ) အတွက် Solid-State Drive (SSD) ကို အလိုရှိကြမှာ အမှန်ပါပဲ။

ထိုနည်းလည်းကောင်းပါပဲ ကွန်ပြူတာများရဲ့ အချက်အလက် သိုမှီးမှုအပိုင်းကို ဆယ်စုနှစ်ပေါင်း များစွာကြာ တာဝန်ယူပေးခဲ့တဲ့ Hard Drive (HDD) တွေဟာလည်း အရွယ်အိုပေမယ့် ပမာဏကြီးမားတာကြောင့် မျက်ကွယ်ပြုလို့တော့ မရသေးပါဘူး။

ဒီ ၂ ခုကို ပေါင်းစပ်ပြီး သုံးစွဲရာမှာ Desktop ကွန်ပြူတာများအတွက် ပြဿနာ မရှိပေမယ့် Laptop များအတွက်ကတော့ နေရာအခက်အခဲနဲ့ အမြဲတမ်း ရင်ဆိုင်ရလေ့ရှိပါတယ်။ ဒါကြောင့်မို့လို့လဲ ဈေးနှုန်းမြင့်မားတဲ့ Ultrabook တွေမှာသာ SSD နဲ့ သမားရိုးကျ HDD များကို ပူးတွဲပြီး ထည့်သွင်းပေးလေ့ ရှိတာကို တွေ့နေရပါတယ်။

ယခုအခါမှာတော့ Solid-State Drive နှင့် သမားရိုးကျ Hard Drive တို့ကို ပေါင်းစပ်ထားတဲ့ ပထမဆုံးသော SATA ချိတ်ဆက်မှုသုံး storage device ကို Western Digital မှ တီထွင်ထုတ်လုပ် လိုက်ပြီဖြစ်ပါတယ်။ Black2 လို့ အမည်ပေးထားတဲ့ ဒီ Storage Device ဟာ 120GB ပမာဏရှိတဲ့ SSD နဲ့ 1TB ပမာဏရှိတဲ့ HDD တို့ကို ပေါင်းစပ်ထားခြင်းပဲ ဖြစ်ပါတယ်။

Black2 ဟာ လက်ရှိ ဈေးကွက်တွင်းမှ အခြားသော Hybrid Drive (Flash Drive နှင့် HDD ပေါင်းစပ်) များထက် သိသာစွာ ပိုမိုလျင်မြန်မည် ဖြစ်သလို သိုမှီးမှုပမာဏလည်း ပိုမိုများပြားသည်ကို တွေ့ရှိရမည်ဖြစ်သည်။ ဤအချက်မှာ ဂိမ်းသမားများနှင့် အရွယ်အစား သေးငယ်သည့် ကိုယ်ပိုင်သုံး ကွန်ပြူတာများကို နှစ်သက်သူများအတွက် ကောင်းမွန်သည့် အချက်များပင် ဖြစ်သည်။

သို့ရာတွင် Black2 အား သုံးစွဲလိုသူများ အနေနဲ့ ကောင်းမွန်သည့် စွမ်းဆောင်ရည်နှင့် လိုက်ဖက်သည့် ဈေးနှုန်းဖြစ်သည့် ဒေါ်လာ ၃၀၀ အား ပေးရမည်ဖြစ်သည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...