Monday, December 2, 2013

Qualcomm Toq စမတ်နာရီအား ၃၄၉ ဒေါ်လာဖြင့် အွန်လိုင်း၌ ကြိုတင်မှာယူနိုင်ပြီ




ဆက်သွယ်ရေးနှင့် နည်းပညာ ကုမ္ပဏီကြီး Qualcomm ၏ Toq ဟု အမည်ပေးထားသည့် စမတ်နာရီအား Qualcomm ၏ တရားဝင် အင်တာနက် စာမျက်နှာပေါ်၌ ကြိုတင်မှာယူ နိုင်ဖြစ်ဟု ယနေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

Qualcomm အနေဖြင့် ပြိုင်ဆိုင်မှု အလွန်တရာ ပြင်းထန်နေပြီဖြစ်သည့် စမတ်နာရီ ပြိုင်ပွဲကြီးသို့ ဝင်ရောက်တော့မည် ဖြစ်ကြောင်းကို ပြီးခဲ့သည့် စက်တင်ဘာလ အစောပိုင်းက ထုတ်ဖော်ပြောကြားခဲ့သည်။ မူလက Toq အား ဈေးကွက်အတွင်း စတင်ဖြန့်ချိမည့် နေ့အား ဒီဇင်ဘာလ ၂ ရက်နေ့ဖြစ် သတ်မှတ်ထားခဲ့သော်လည်း ယခုအခါတွင်မူ အနက်ရောင်မော်ဒယ်အား အွန်လိုင်း၌ ကြိုတင်မှာယူခွင့် ပေးလိုက်ခြင်းဖြစ်သည်။

၁.၅၅ လက်မအရွယ် နေရောင်အောက်တွင် ထင်ရှားစွာ တွေ့မြင်နိုင်သည့် “Mirasol” မျက်နှာပြင် တပ်ဆင်ထားသည့် Toq ၏ ဘက္ထရီသည် ရက်ပေါင်းများစွာ အသုံးပြုမှုအား ခံနိုင်မည်ဟု သိရှိရသည်။ ထို့အပြင် ၃၄၉ ဒေါ်လာတန် Toq စမတ်နာရီ ဝယ်ယူသူများ အအနေဖြင့် WiPower LE ကြိုးမဲ့အားသွင်းစက် ၊ သာမန်အားသွင်းစက်နှင့် USB ကြိုးတို့ကို ရရှိဦးမည်ဖြစ်သည်။

Toq စမတ်နာရီအား Android 4.0.3 Ice Cream Sandwich နှင့်အထက် Android OS အား အသုံးပြုသည့် စမတ်ဖုန်းများဖြင့် Bluetooh အသုံးပြုကာ ချိတ်ဆက်ရမည်ဖြစ်သည်။ Toq အနေနဲ့ ချိတ်ဆက်ထားသည့် စမတ်ဖုန်း၏ ဖုန်းခေါ်ဆိုမှုများ ၊ message များ ၊ အခြားသော အသိပေးချက်များကို လက်ခံရရှိ နိုင်မည်ဖြစ်သည်။

လက်ရှိအချိန်၌ Qualcomm Toq စမတ်နာရီ အနက်ရောင်ကိုသာ အွန်လိုင်း၌ ကြိုတင်မှာကြား ဝယ်ယူနိုင်မည်ဖြစ်ပြီး အဖြူရောင်မှာမူ “Coming Soon” ဟုသာ ဖော်ပြထားသည်။

ဒေါ်လာ ၃၄၉ တန် Toq အပေါ် သင့်ရဲ့ ထင်မြင်ယူဆချက် များကိုလည်း မျှဝေပေးပါဦး။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...