Monday, December 2, 2013

Fast & Furious ရုပ်ရှင်များမှ မင်းသား Paul Walker ယာဉ်တိမ်းမှောက် သေဆုံး





Fast & Furious ရုပ်ရှင်များဖြင့် ကမ္ဘာကျော် ဖြစ်လာခဲ့သည့် ဟောလီးဝုဒ် ရုပ်ရှင်မင်းသား Paul Walker သည် ယနေ့ (နိုဝင်ဘာ ၃၀ ရက်နေ့) ညနေပိုင်းတွင် မော်တော်ယာဉ် တိမ်းမှောက်မှုကြောင့် အသက်ဆုံးခဲ့ရသည်ဟု သိရှိရသည်။
rip_paul_walker9
မင်းသား Paul Walker သည် ယင်း၏ မိတ်ဆွေဖြစ်သူ Always Evolving ကားအလှဆင် အလုပ်ရုံပိုင်ရှင် Roger Rodas ၏၂၀၀၅ မော်ဒယ် Porsche 911 GT ပြိုင်ကားအား လိုက်ပါစီးနင်းလာစဉ် ဤကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

Paul Walker နှင့် Roger Rodas တို့သည် မိတ်ဆွေများဖြစ်သလို စီးပွားဖက်များလည်း ဖြစ်ကြပြီး ယင်းတို့ ၂ ဦးသည် ကယ်လီဖိုးနီးယာပြည်နယ် ဆန်တာကလာရာမြို့ရှိ Rodas ၏ Always Evolving ကားအလှဆင် အလုပ်ရုံပြုလုပ်နေသည့် Paul Walker ၏ Reach Out Worldwide ရန်ပုံငွေအဖွဲ့၏ ဖိလစ်ပိုင်မုန်တိုင်းဆိုင်ရာ ရန်ပုံငွေပွဲသို့ တက်ရောက်နေစဉ် ကားထွက်မောင်းရာမှ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ပြီး မီးလောင်ကျွမ်းခဲ့ရာ ၂ ဦးစလုံး အသက်ဆုံးခဲ့ ကြရသည်။
rip_paul_walker10
ရဲတပ်ဖွဲ့၏ အဆိုအရ ဆိုးရွားလှသည့် ဤဖြစ်ရပ်၏ အဓိကအကြောင်းရင်းမှာ Porsche 911 GT ၏ အမြန်နှုန်းပင်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ ယင်းတို့ မောင်းနှင်လာသည့် လမ်းမ၏ ကန့်သတ်အမြန်နှုန်းမှာ တစ်နာရီ ၄၅ မိုင်နှုန်းဖြစ်သည်။
rip_paul_walker7
ယင်းတို့ ၂ ဦးအနေဖြင့် အဖြစ်ဆိုးကြီးအား ရန်ပုံငွေပွဲ ပြုလုပ်နေသည့် အဆောက်အဦနှင့် မီတာ ၃၀၀ ခန့်အကွာတွင် ရင်ဆိုင်ခဲ့ရခြင်းဖြစ်သည်။ ဖြစ်ပွားရာသို့ ရဲအရာရှိများ ရောက်ရှိလာချိန်တွင် ကားမှာ မီးဟုန်းဟုန်းတောက် နေပြီဖြစ်ပြီး မီးသတ်တပ်ဖွဲ့မှ မီးငြိမ်းသတ်မှုမှာ မိနစ်အနည်းငယ်သာ ကြာသော်လည်း Paul Walker အတွက်မူ အချိန်နှောင်းသွား ခဲ့ရပြီဖြစ်သည်။
rip_paul_walker8
Paul Walker သည် ပြီးခဲ့သည် ရက်ပိုင်းအတွင်းကပင် ယင်း၏ Twitter ပေါ်၌ Fast & Furious 7 ရုပ်ရှင် ရိုက်ကူးမှု စတင်ခြင်းအပေါ် လွန်စွာမှ စိတ်လှုပ်ရှားနေကြောင်း ရေးသားခဲ့သေးသည်။

Paul Walker တစ်ယောက် အသက် ၄၀ အရွယ်၌ အချိန်မတိုင်ဘဲ ကွယ်လွန်ခဲ့ရခြင်းအပေါ် Myanmar Consumer Guide အဖွဲ့သားများမှ ယင်း၏ မိသားစုနှင့်ထပ်တူ ဝမ်းနည်းရပါကြောင်း . . .။


0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...