Monday, December 2, 2013

ရန်ကုန်ဆိပ်ကမ်း ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအရ အလုံသစ်တောဝင်းနှင့် သိမ်ဖြူသင်္ဘောကျင်း မြေနေရာများတွင် ဆိပ်ခံတံတား ခုနစ်စင်း ထပ်မံတည်ဆောက်မည်

Monday, December 2, 2013


သီလ၀ါ ဆိပ်ကမ်းတွင် သင်္ဘောများ ဆိုက်ကပ်ထားစဉ် (ဓာတ်ပုံ- ရွှန်းလဲ့ဝင်း)

ရန်ကုန်ဆိပ်ကမ်း ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအရ အလုံသစ်တောဝင်း အမှတ် (၂)၊ အမှတ် (၃) မြေနေရာနှင့် သိမ်ဖြူသင်္ဘောကျင်း မြေနေရာများ၌ ဆိပ်ခံတံတား ခုနစ်စင်း ထပ်မံတည်ဆောက် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

"အလုံသစ်တောဝင်း အမှတ် (၂) နဲ့ (၃) မြေနေရာနဲ့ သိမ်ဖြူသင်္ဘောကျင်း မြေနေရာတွေမှာ ဆိပ်ခံတံတား ခုနစ်စင်းကို ထပ်မံတည်ဆောက်ဖို့ လျာထားပါတယ်။ အလုံသစ်တောဝင်းမှာ တည်ဆောက်မယ့် ဆိပ်ခံတံတား တွေကိုတော့ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းက တည်ဆောက်မှာပါ" ဟု မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ မြို့ပြအင်ဂျင်နီယာချုပ် ဦးမြသန်းက ပြောကြားသည်။

လက်ရှိတည်ဆောက် အသုံးပြုလျက်ရှိသည့် ဆိပ်ခံတံတားများမှာ ထီးတန်းဆီတံတား၊ အေးရှားဝေါလ်ဆိပ်ကမ်း၊ မြန်မာ့စက်မှုဆိပ်ကမ်း၊ ဆူးလေအထွေထွေ ကုန်တင်ဆိပ်ကမ်း၊ ဗိုလ်အောင်ကျော် ဆိပ်ကမ်းများတွင် ဆိပ်ခံတံတား ၁၈ စင်းဖြင့် ဆိပ်ကမ်းလုပ်ငန်းများကို . . . . .


ယင်းပြင် ရန်ကုန်ဆိပ်ကမ်း နယ်မြေများဖြစ်သည့် ရွှေနာဝါဆိပ်ကမ်း၊ အေးရှားဝေါလ် ဆိပ်ကမ်းတံတား အမှတ် (၄) အလုံသစ်တောဝင်း အမှတ် (၁) မြေနေရာနှင့် မြန်မာ့စက်မှုဆိပ်ကမ်း တိုးချဲ့မြေနေရာတို့တွင် ဆိပ်ခံတံတား ခုနစ်စင်းအား တည်ဆောက်လျက် ရှိသည်။

မြန်မာနိုင်ငံ၏ သွင်းကုန်ပို့ကုန်များ၏ ၈၅ ရာခိုင်နှုန်းခန့်ကို ကိုင်တွယ်ဆောင်ရွက် ပေးနေသည့် ရန်ကုန်ဆိပ်ကမ်းသည် ထီးတန်းကမ်းနားဒေသမှ သံလျက်စွန်းကမ်းနား ဒေသအတွင်း နိုင်ငံတကာ သင်္ဘောများ ၀င်ထွက်ဆိုက်ကပ်နိုင်သည့် အပြည်ပြည်ဆိုင်ရာ ဆိပ်ခံတံတားများ တည်ဆောက်ထားသည်။

ရန်ကုန်ဆိပ်ကမ်း နယ်မြေအတွင်း လက်ရှိတည်ဆောက် အသုံးပြုလျက်ရှိသည့် ဆိပ်ခံတံတားများမှာ ထီးတန်းဆီတံတား၊ အေးရှားဝေါလ်ဆိပ်ကမ်း၊ မြန်မာ့စက်မှုဆိပ်ကမ်း၊ ဆူးလေအထွေထွေ ကုန်တင်ဆိပ်ကမ်း၊ ဗိုလ်အောင်ကျော် ဆိပ်ကမ်းများတွင် ဆိပ်ခံတံတား ၁၈ စင်းဖြင့် ဆိပ်ကမ်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ ဆိပ်ခံတံတားများတွင် တန်ချိန် ၁၅၀၀၀ ခန့်ရှိ အပြည်ပြည်ဆိုင်ရာ သင်္ဘောများ ၀င်ထွက်ဆိုက်ကပ်နိုင်ကြောင်း သိရသည်။ ၂၀၀၃-၂၀၀၄ ဘဏ္ဍာရေးနှစ်မှ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အထိ ၁၀ နှစ်တာ ကာလအတွင်း ရန်ကုန်ဆိပ်ကမ်းများသို့ အပြည်ပြည်ဆိုင်ရာ သင်္ဘောများ ၀င်ထွက်ဆိုက်ကပ်မှု ၁၂၆ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။ ယင်းကဲ့သို့ သင်္ဘောများ ၀င်ထွက်မှု မြင့်တက်ခဲ့သည်နှင့်အညီ ရန်ကုန်ဆိပ်ကမ်း၏ ကုန်စည်နှင့် ကုန်သေတ္တာ ကိုင်တွယ်မှုမှာ ၁၀ နှစ်တာ ကာလအတွင်း နှစ်ဆကျော်ခန့် တိုးတက်လာခဲ့ကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ ထုတ်ပြန်သော စာရင်းများအရ သိရသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...