Saturday, December 14, 2013

ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း မြ၀တီနယ်စပ် ကုန်သွယ်ရေးမှ ဆိုင်ကယ်တင်သွင်းမှု အများဆုံးဖြစ်

 Saturday, 14 December 2013


မြ၀တီနယ်စပ် ကုန်သွယ်ရေးဇုန်မှတဆင့် တင်သွင်းလာသော မော်တော်ဆိုင်ကယ်များအား တွေ့ရစဉ်

ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းဖြစ်သော မြ၀တီနယ်စပ် ကုန်သွယ်ရေးမှ တင်ပို့မှုများအနက် မော်တော်ဆိုင်ကယ် တင်သွင်းမှုမှာ ပမာဏအားဖြင့် အများဆုံးဖြစ်ကြောင်း မြ၀တီနယ်စပ် ကုန်သွယ်ရေးမှ ရရှိသော သတင်းများအရ သိရသည်။

''နယ်စပ်ကုန်သွယ်ရေး ကနေပြီးတော့ တရားဝင်တင်သွင်းမှု မရှိတဲ့ ပစ္စည်းတွေထဲမှာ အရက်၊ ဘီယာနဲ့ စီးကရက်တို့ ပါဝင်ပါတယ်။ ဒီပစ္စည်းတွေကလွဲရင် အခြားကန့်သတ်ထားတဲ့ ပစ္စည်းတွေ မရှိပါဘူး။ ပို့ကုန်ပိုင်းမှာ ကျောက်မျက်တင်ပို့မှုကို ကန့်သတ်ထားပါတယ်။ ဒီလထဲမှာတော့ မော်တော် ဆိုင်ကယ် တင်သွင်းမှု မြင့်တက်လာတယ်။ ကားအ၀င် အထွက်ကတော့ တစ်ရက်ကို အစီး ၁၀၀ ၀န်းကျင်လောက် ရှိပါတယ်'' ဟု မြ၀တီနယ်စပ် ကုန်သွယ်ရေးဇုန်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

နယ်စပ်ကုန်သွယ်ရေးမှ တရားဝင်တင်ပို့မှု များထဲတွင် အဓိကတင်သွင်းနေသော အမျိုးအစား ၂၀ တွင် မော်တော်ဆိုင်ကယ်၊ ဓာတ်ငွေ့အရည်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အတွက် Vigo Double Cab များ၊ ဘိလပ်မြေများ၊ အားဖြည့်အချိုရည်များ၊ အလှကုန်ပစ္စည်းများ၊ ကားတာယာများ၊ အိုဗာတင်းများ၊ ကူဘိုတာစက်များ၊ အချိုရည်များ၊ ပြောင်းစေ့၊ အ၀တ်အထည်၊ အာဟာရမုန့်များ၊ ကိတ်မုန့်မျိုးစုံများ၊ စက်ဘီးများ၊ ငှက်သိုက်အားဆေးများ၊ ဆပ်ပြာများ၊ ပဲနို့အချိုရည်များနှင့် ဓာတ်မြေသြဇာတို့ ဖြစ်ကြောင်း သိရသည်။

တစ်လအတွင်း မော်တော်ဆိုင်ကယ် တင်သွင်းမှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၃၈၄၀၇၄၄ ဒသမ ၀၀ ရှိကြောင်း၊ ဓာတ်ငွေ့အရည် (ဂက်စ်အိုး) တင်သွင်းမှု ၉၂၄၈၁၈ ဒသမ ၂၅၀၊ ဘိလပ်မြေ တင်သွင်းမှု ၄၈၄၇ ၀၀ ဒသမ ၀၀၊ အားဖြည့်အချိုရည် တင်သွင်းမှု ၃၅၃၇၅၅ ဒသမ ၉၅၀ တို့ရှိသည်။

EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...