Saturday, December 14, 2013

ရွှေလီ နိုင်ငံတော်အဆင့် စီးပွားရေး အထူးတံခါးဖွင့် စမ်းသပ်ဇုန်ရှိ လုပ်ငန်းများတွင် ၀င်ရောက်လုပ်ကိုင်ရန် မြန်မာလုပ်ငန်းရှင်များအား ဖိတ်ခေါ်


Saturday, 14 December 2013


ယခုနှစ် ဒီဇင်ဘာလဆန်းတွင် ကျင်းပခဲ့သည့် တရုတ်-မြန်မာ နယ်စပ်ကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနားအား တွေ့ရစဉ်

တရုတ်နိုင်ငံ ရွှေလီမြို့တွင် ရွှေလီနိုင်ငံတော်အဆင့် စီးပွားရေး အထူးတံခါးဖွင့် စမ်းသပ်ဇုန်ကို အကောင်အထည် ဖော်လျက်ရှိရာ အဆိုပါ စမ်းသပ်ဇုန်ရှိ လယ်ယာထုတ်ကုန် အချောကိုင်လုပ်ငန်း၊ ကုန်စည်စီးဆင်းမှု ၀န်ဆောင်မှု လုပ်ငန်းများနှင့် နယ်စပ်ဖြတ်ကျော် ခရီးသွားလုပ်ငန်း စသည့်လုပ်ငန်းများတွင် ၀င်ရောက် လုပ်ကိုင်ရန်အတွက် မြန်မာလုပ်ငန်းရှင်များအား ဖိတ်ခေါ်ပါကြောင်း ရွှေလီနိုင်ငံတော်အဆင့် စီးပွားရေး အထူးတံခါးဖွင့် စမ်းသပ်ဇုန်ပါတီ ကော်မတီ အတွင်းရေးမှူး၊ ရွှေလီမြို့ပါတီ ကော်မတီ အတွင်းရေးမှူး မစ္စတာချိုက်စစ်ဟုန်က ပြောကြားသည်။

''ဒီစမ်းသပ်ဇုန် တည်ဆောက်ရာမှာ တယ်ဟုန်ကို အခြေခံပြီး တစ်ပြည်နယ်လုံးကို ဦးဆောင်ကာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အရှေ့တောင်အာရှ၊ တောင်အာရှကို ဆက်သွယ်ထားနိုင်အောင် ကြိုးစားသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် လုပ်ငန်းရှင်ကြီးတွေ အနေနဲ့ စမ်းသပ်ဇုန်ရဲ့ ကဏ္ဍလေးခုစလုံးမှာ အထူးအလေးပေး လုပ်ကိုင်သွားကြဖို့နဲ့ ရင်းနှီးမြှုပ်နှံကြဖို့ အလေးနက် ဖိတ်ခေါ်လိုပါတယ်'' ဟု မစ္စတာချိုက်က တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး ကုန်စည်ပြပွဲအတွင်း ပြောကြားသည်။

အဆိုပါ ကဏ္ဍလေးခုအနက် (၁) စက်မှုလုပ်ငန်း၊ လျှပ်စစ်ကုန်ပစ္စည်းလုပ်ငန်း၊ လယ်ယာထုတ်ကုန် အချောကိုင်လုပ်ငန်း အစရှိသည့် သွင်းကုန်ပို့ကုန် အချောကိုင် လုပ်ငန်းများကို အထူးအလေးပေး လုပ်ကိုင်သွားစေလိုကြောင်း၊ (၂) လမ်းပန်းဆက်သွယ်ရေး ဗဟိုချက်မ၊ ကုန်စည်စီးဆင်းမှု ဗဟိုချက်မ ဟူသည် ထူးခြားချက်များကိုမှီ၍ ကုန်စည်စီးဆင်းမှု ပို့ဆောင်ရေး လုပ်ငန်းများကို အသားပေး လုပ်ကိုင်စေလိုကြောင်း၊ (၃) ကော်ဖီ၊ သစ်မာစေ့၊ သံပရာ၊ သစ်ခွအစရှိတဲ့ လယ်ယာလုပ်ငန်းများ၊ ဒေသအထူးထွက်ကုန် လုပ်ငန်းများ လုပ်ကိုင်ရန် အကြံပြုလိုကြောင်း၊ (၄) နယ်စပ်ဖြတ်ကျော် ခရီးသွားလုပ်ငန်း၊ ရေပူစမ်း အပန်းဖြေလုပ်ငန်း၊ ကျန်းမာရေး အပန်းဖြေလုပ်ငန်း၊ တိုင်းရင်းသား ယဉ်ကျေးမှု လုပ်ငန်း၊ အခွန်လွတ်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်း အစရှိသည့် ခရီးသွား လုပ်ငန်းများကို အသားပေးလုပ်ကိုင် စေလိုကြောင်းလည်း ရွှေလီမြို့ ပါတီကော်မတီ အတွင်းရေးမှူး မစ္စတာချိုက်စစ်ဟုန်က ပြောကြားသည်။

''ရွှေလီစမ်းသပ်ဇုန် တည်ဆောက်မှုမှာ တရုတ်-မြန်မာ နှစ်နိုင်ငံနယ်ပယ် အသီးသီးက မိတ်ဆွေများရဲ့ ပူးပေါင်းပါဝင်မှုနဲ့ ကြိုးစားမှုဟာလည်း မရှိမဖြစ် လိုအပ်ပါတယ်'' ဟု ၎င်းက ဆက်လက် ပြောကြားသည်။

EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...