Sunday, December 1, 2013

မြ၀တီ-ရန်ကုန် လမ်းပိုင်းတွင် နှစ်ရက်အတွင်း ခရီးသည်တင် မှန်လုံယာဉ်နှင့် Mobile Team ရှောင်ကွင်းယာဉ်များမှ ကျပ် ၇၆ ဒသမ ၅၉၄ သိန်း တန်ဖိုးရှိ အကောက်ခွန်မဲ့ ပစ္စည်းများ ဖမ်းဆီးရမိ



မြ၀တီ-ရန်ကုန် ကုန်သွယ်မှု လမ်းပိုင်းတွင် ခရီးသည်တင် မှန်လုံယာဉ်နှင့် Mobile Team ရှောင်ကွင်းယာဉ်တို့မှ နိုဝင်ဘာ ၁၉ ရက်နှင့် ၂၀ နှစ်ရက်အတွင်း ကျပ် ၇၆ ဒသမ ၅၉၄ သိန်းတန်ဖိုးရှိမြ၀တီ-ရန်ကုန် ကုန်သွယ်မှု လမ်းပိုင်းတွင် ခရီးသည်တင် မှန်လုံယာဉ်နှင့် Mobile Team ရှောင်ကွင်းယာဉ်တို့မှ နိုဝင်ဘာ ၁၉ ရက်နှင့် ၂၀ နှစ်ရက်အတွင်း ကျပ် ၇၆ ဒသမ ၅၉၄ သိန်းတန်ဖိုးရှိ အကောက်ခွန်မဲ့ ပစ္စည်းများ ဖမ်းဆီးရမိခဲ့ကြောင်း ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာနမှ သိရသည်။

မြ၀တီ-ရန်ကုန် လမ်းပေါ်ရှိ ဝေါမြို့နယ်၊ ညောင်ခါးရှည်-မြစ်ကျိုးလမ်းဆုံတွင် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ကြီးကြပ်မှုဖြင့် ဖွင့်လှစ်ထားသည့် တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်နေသော Mobile Team လရ-၂ တွဲဖက် တရားမ၀င် ထိန်းချုပ်ရေး ဗဟိုကော်မတီ ကွပ်ကဲမှုရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစီးသည့် အဖွဲ့သည် နိုဝင်ဘာ ၁၉ ရက်တွင် မြ၀တီမှ ရွှေကျင်သို့ မောင်းနှင်လာသော ယာဉ်အမှတ် ၅ဃ/---- မှန်လုံယာဉ်ပေါ်မှ Beer Chang၊ Singer Beer၊ Sprite၊ ကြာဆံဖာ၊ Dedoo အချိုရည်၊ M-150 အချိုရည်၊ Birdy ကော်ဖီနှင့် ရွက်ဖျန်းအားဆေး အစရှိသော အကောက်ခွန်မဲ့ ပစ္စည်းရှစ်မျိုး၊ ခန့်မှန်းတန်ဖိုး ကျပ် ၁၄ ဒသမ ၈၇၄ သိန်းဖိုးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့အတူ မြ၀တီမှ မန္တလေးသို့ မောင်းနှင်လာသော ၃င/--- မှန်လုံယာဉ်ပေါ်၌ တင်ဆောင်လာသည့် အကောက်ခွန်မဲ့ အသားတု ကီလို ၂၃၀၀၊ ခန့်မှန်းတန်ဖိုး ကျပ်သိန်း ၄၀ ခန့်အား သိမ်းဆည်းရမိခဲ့သည်။

အဆိုပါ ညောင်ခါးရှည်-မြစ်ကျိုးလမ်းဆုံရှိ Mobile Team - ၂ စစ်ဆေးရေးဂိတ်၏ အရှေ့ဘက် တစ်မိုင်ခန့်အကွာ ကားလမ်းနှင့် ရထားလမ်းဆုံအနီး ရှောင်ကွင်းလမ်းမှ တရားမ၀င် အကောက်ခွန်မဲ့ ကုန်ပစ္စည်းများ သယ်ဆောင်ရန် တင်ချမှုများ ပြုလုပ်နေကြောင်း သတင်းရရှိချက်အရ သွားရောက်စစ်ဆေးခဲ့ရာ ယာဉ်ပေါ်ပါ ကုန်ပစ္စည်းများ စုပုံထားရှိပြီး လူနှင့်ယာဉ်မှာ ထွက်ပြေးတိမ်းရှောင်သွားကြောင်း၊ ယာဉ်ပေါ်ပါ ပစ္စည်းများမှာ ပဲနို့၊ Dedoo အချိုရည်နှင့် အသားတုများဖြစ်ပြီး စုစုပေါင်း ခန့်မှန်းတန်ဖိုး ၂၁ ဒသမ ၇၂ သိန်းခန့် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

(မြ၀တီ-ရန်ကုန် ကုန်သွယ်လမ်းကြောင်းပေါ်မှ ကုန်တင်ယာဉ်များအား မြ၀တီမြို့တွင် တွေ့ရစဉ် (ဓာတ်ပုံ- ကိုရွှေသိန်း))
EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...