Wednesday, January 1, 2014

အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲအား (၂၇) ကြိမ်မြောက် အားကစားပြိုင်ပွဲနှင့် ကျင်းပရခြင်းဖြစ်ကြောင်း ဒုတိယသမ္မတ ဦးဥာဏ်ထွန်းပြောကြား



အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲ ကျင်းပရေး အလုပ်ရုံဆွေးနွေးပွဲအား တွေ့ရစဉ်


အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲအား (၂၇)ကြိမ်မြောက် အားကစားပြိုင်ပွဲနှင့် ဆက်လက်ကျင်းပရခြင်းဖြစ်ကြောင်း ဒုတိယသမ္မတ ဦးဥာဏ်ထွန်းက ဒီဇင်ဘာ ၃၁ ရက် ၀ဏ္ဏသိဒ္ဓိ အားကစားကွင်းတွင် ပြုလုပ်သော အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲ ကျင်းပရေး အလုပ်ရုံဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။

အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲအား ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၁၁ ရက်မှ ၂၁ ရက်ထိ ပြိုင်ပွဲကာလ ၁၁ ရက်ဖြင့် ကျင်းပသွားမည်ဖြစ်ကာ အားကစားနည်း ၁၂ နည်းဖြင့် ထည့်သွင်းကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။

(၇) ကြိမ်မြောက် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲ အလုပ်ရုံဆွေးနွေးပွဲတွင် ဒုတိယသမ္မတ ဦးဥာဏ်ထွန်းက “မသန်စွမ်း အားကစားပြိုင်ပွဲ ကျင်းပရေးနှင့် ပတ်သက်ပြီးတော့ ဆွေးနွေးခြင်းဖြစ်ပါတယ်။ ပြောရမယ်ဆိုရင် အိုလံပစ်ပြိုင်ပွဲတွေနဲ့ တစ်ဆက်တည်းကျင်းပရတဲ့ အားကစားပြိုင်ပွဲ ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ် နွေရာသီ အိုလံပစ်ပြိုင်ပွဲကို လန်ဒန်မှာ ကျင်းပသွားတယ်။ လန်ဒန်မှာကျင်းပတဲ့ အိုလံပစ် အားကစားပြိုင်ပွဲမှာ ဥက္ကဋ္ဌကနေပြီး မိန့်ခွန်းတစ်ခု ပြောခဲ့ပါတယ်။ မသန်စွမ်း အားကစားပြိုင်ပွဲတွေရဲ့ ထူးချွန်ပြောင်မြောက်မှုကို ကျွန်တော်တို့ ပွဲကျင်းပစေချင်တယ်။ မသန်စွမ်းတဲ့သူတွေရဲ့ အပေါ်မှာ ထားရှိတဲ့ ပြည်သူလူထုရဲ့ သဘောထားကို ပြောင်းလဲပစ်ချင်ပါတယ်။ ဒီအပေါ်မှာ ကျွန်တော်တို့က မသန်စွမ်း အားကစားပြိုင်ပွဲကို (၂၇) ကြိမ်မြောက် အားကစားပြိုင်ပွဲနဲ့ ဆက်ရက်ကျင်းပရခြင်း ဖြစ်ပါတယ်။ ဆိုလိုတာက ၂၀၁၂ ခုနှစ်မှာ ကျင်းပခဲ့တဲ့ လန်ဒန်အိုလံပစ်ပြိုင်ပွဲက ချမှတ်ခဲ့တဲ့ ဆောင်ပုဒ်လည်း ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲအား နိုင်ငံပေါင်း ၁၁ နိုင်ငံမှ ပါဝင်ယှဉ်ပြိုင်မည် ဖြစ်ကြောင်းလည်း သိရသည်။

(၇) ကြိမ်မြောက် အားကစားပြိုင်ပွဲ ကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းက “မသန်စွမ်း အားကစားပြိုင်ပွဲ ကျင်းပမယ့်ရက်ကတော့ ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၁၄ ရက်မှာ ဖွင့်ပွဲလုပ်ပါမယ်။ ဆုတံဆိပ်ပေါင်း ၃၀၀ ကျော်နဲ့ တစ်ရက်ကို ဆုတံဆိပ်ပေါင်း ၆၀ ကျော် ပေးဖို့ရှိတယ်။ ပြိုင်ပွဲမှာ ကစားမယ့် ကစားနည်းကတော့ ၁၂ နည်း ရှိပါတယ်။ ၁၂ နည်းရှိတယ် ဆိုပေမယ့် ပြေးခုန်ပစ်မှာတင် သာမန်လူကောင်းတွေပြေးတဲ့ ပြေးခုန်ပစ်က နှစ်မျိုးရှိပြီး၊ ခြေတစ်ဖက်ပြတ်၊ ခြေနှစ်ဖက်ပြတ်၊ လက်တစ်ဖက်ပြတ်၊ လက်နှစ်ဖက်ပြတ်နဲ့ ရိုးရိုးပြေးခုန်ပစ်ဆိုရင် ၄၆ မျိုးရှိပါတယ်။ အဲ့လိုအမျိုးအစား ခွဲလိုက်တဲ့အတွက် အားကစားနည်း ၁၂ မျိုးဆိုပေမယ့် တော်တော်များများ ကျင်းပဖို့ရှိပါတယ်။ ကျင်းပမယ့် ၁၂ မျိုးလုံးဟာ ၀ဏ္ဏသိဒ္ဓိ အားကစားကွင်းထဲမှာ ကျင်းပမှာဖြစ်ပါတယ်။ ကျွန်တော်တို့ နေရာမခွဲတော့ပါဘူး” ဟု ပြောကြားခဲ့သည်။

အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲတွင် မြားပစ်၊ ပြေးခုန်ပစ်၊ ဘိုစီယာ၊ စစ်တုရင်၊ ခုနစ်ယောက် တစ်ဖက်ဘောလုံး၊ ငါးယောက်တစ်ဖက်ဘောလုံး၊ ဂိုးဘော၊ အလေးမ၊ ရေကူး၊ စားပွဲတင်တင်းနစ်၊ ထိုင်လျက်ဘတ်စကတ်ဘောနှင့် ဘီးတပ်ဘတ်စကက်ဘော စသည့်အားကစားနည်း ၁၂ နည်း ထည့်သွင်းကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...