Wednesday, January 1, 2014

ရန်ကုန်မြို့ပတ်ရထား အပါအ၀င် ရန်ကုန်-မန္တလေး၊ ရန်ကုန်-မြစ်ကြီးနား ရထားလိုင်းအချို့ကို ပုဂ္ဂလိကသို့ လုပ်ကိုင်ခွင့်ပြုရန် စီစဉ်





ပြေးဆွဲနေသော ရန်ကုန်မြို့ပတ် ရထားတစ်စီးအား တွေ့ရစဉ်


ရထားပို့ဆောင်ရေး ကဏ္ဍတွင် ရန်ကုန်မြို့ပတ် အပါအ၀င် ပြေးဆွဲလျက်ရှိသော ရထားလိုင်းအချို့ကို ပုဂ္ဂလိကသို့ လုပ်ကိုင်ခွင့်ပြုရန် စီစဉ်နေကြောင်း ရထားပို့ဆောင်ရေး ၀န်ကြီးဌာနမှ သိရသည်။

ပုဂ္ဂလိကသို့ လွှဲပြောင်းပေးအပ်ရန် စီစဉ်နေသော ရထားလိုင်းများတွင် ရန်ကုန်မြို့ပတ် ရထားတစ်စီး၊ မန္တလေး ရထားလိုင်းတစ်စီးနှင့် ရန်ကုန်-မြစ်ကြီးနား ရထားတစ်စီးတို့ဖြစ်ကြောင်း သိရသည်။ လုပ်ကိုင်ခွင့်ပြုမည့် အစီအစဉ်များအတွက် စီစဉ်နေမှုများ ပြုလုပ်လျက်ရှိပြီး ရန်ကုန်-မြစ်ကြီးနား ရထားလိုင်းခရီးစဉ်ကို ပုဂ္ဂလိကသို့ ကနဦး လွှဲပြောင်းပေးရန် လုပ်ဆောင်ထားသည်။

ရထားပို့ဆောင်ရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက “နဂိုကတည်းက ရှိပြီးသား လုပ်ငန်းစဉ်တစ်ခုဖြစ်တဲ့ ပုဂ္ဂလိကကို လွှဲပြောင်းလုပ်ကိုင်ခွင့်ကို အခုပြန်လည် လုပ်ဆောင်နိုင်ဖို့အတွက် စီစဉ်နေပါတယ်” ဟု ပြောကြားသည်။

ရထားကဏ္ဍတွင် ၂၀၁၁ နောက်ပိုင်းတွင် အပြောင်းအလဲများစွာ ပြုလုပ်လာခဲ့ပြီး လက်ရှိတွင် ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းကို ပြင်ဆင်ခြင်း၊ ရန်ကုန်မြို့ပတ် ရထားလမ်းစနစ်နှင့် ရထားလိုင်း ၀န်ဆောင်မှုများကို တိုးမြှင့်ခြင်းတို့ ပြုလုပ်နေသည်။ ထို့ပြင် ရထားပို့ဆောင်ရေးအောက်ရှိ အဆောက်အအုံများကို ပုဂ္ဂလိကသို့ ငှားရမ်းလုပ်ကိုင်ခြင်းအပြင် ရန်ကုန်ဘူတာကြီးကိုလည်း နိုင်ငံတကာအဆင့်မီ ပြင်ဆင်ရန်အတွက် ပြည်ပနိုင်ငံများသို့ ငှားရမ်းလုပ်ကိုင်နိုင်ရန် စီစဉ်နေကြောင်း သိရသည်။

ရထားပို့ဆောင်ရေးတွင် အရှုံးပေါ်နေပြီး ပြေးဆွဲသည့် ရထားလိုင်း ၄၀၀ ကျော်တွင် အမြတ်အစွန်း ရရှိသည်မှာ ခုဂဏန်းသာရှိကြောင်း ထုတ်ပြန်ထားသည်။ -

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...