Thursday, October 3, 2013

အပျိုကြီး ဖြစ်ခြင်း ၏ အကျိုး နှင့် အပြစ်များ ( Advantages and Disadvantages of Spinsters )




ချစ်သူမရှိခြင်း( သို့မဟုတ်) အပျိုကြီး ဖြစ်ရခြင်း၏ အကျိုးများ

(၁) မနက် စောစော အိပ်ရာထ၊ ချက်ပြုတ်၊ လျှော်ဖွတ် အိမ်မှု ကိစ္စ ဗာဟီရ များ ကို အလော တကြီး လုပ်စရာ မလိုခြင်း
(၂) ဘုရား ဖြောင့်ဖြောင့် ရှိခိုး နိုင်ခြင်း
(၃) ဟို Anniversary ဒီ anniversary များ တွင် လက်ဆောင် ပေးစရာ မလို သဖြင့် ငွေကုန် သက်သာခြင်း
(၄) Super Market ရောက်တိုင်း ယောင်္ကျား ၀တ် ရှပ်များ ကို ငေးစရာ မလို။ ကိုယ် ၀ယ်ချင် သည်များ ကို စိတ်တိုင်း ကျ ၀ယ်ယူ နိုင်ခြင်း
(၅) မည်သည့် အစား အသောက် မဆို စိတ်ကြိုက် စားနိုင်ခြင်း၊ ကိုကို့ အတွက် မောင့် အတွက် ချန်ထား စရာမလို
(၆) မိမိ စိတ်ကြိုက် အ၀တ်အစား များ ကို ၀တ်နိုင်ခြင်း။ ဟိုဟာ မ၀တ်ရ ဒီဟာ မ၀တ်ရ ပိတ်ပင် မည့်သူ မရှိ သဖြင့် စိတ်ဖိစီးမှု သက်သာ ခြင်း
(၇) ချက်ပြုတ် ကျွေးမွေး စရာ မလိုသဖြင့် စာဖတ် ချိန်။ ရှော့ပင်း ထွက်ချိန် ပိုရခြင်း
(၈) အရက် နံ့ စီးကရက် နံ့နေ့စဉ် မရသဖြင့် ကျန်းမာရေး နှင့် ညီညွှတ်ခြင်း
(၉) ဘယ်ရောက် နေလဲ။ ဘာလုပ် နေလဲ၊ ဘယ်သူ နဲ့လဲ စသည် စသည် ဖြင့် ဖုန်းဆက် မမေး ရသဖြင့် ဖုန်းဘီလ် ကုန်ခြင်း ဒုက္ခ မှ ကင်းဝေး ရခြင်း
(၁၀) ဟို မိန်းကလေး ကြည့်လို့ စိတ် ပူရ။ ဒီ မိန်းကလေး ငမ်း လို့ စိတ် ပူ ရခြင်းများ မရှိ သဖြင့် စိတ်နှလုံး သာယာ ချမ်းမြေ့ခြင်း
(၁၁) ဖဲဝိုင်း၊ ဂျင်ဝိုင်း များ၊ ကေတီဗွီ များ မည်သည့် နေရာ တွင် ရှိသည်ကို စုံစမ်း ထားစရာ မလို သဖြင့် အလုပ် ရှုပ် သက်သာခြင်း
(၁၂) လစာ စစ် ရင်း ရန် ဖြစ်ရ သည့် ဒုက္ခမှ ကင်းဝေး ခြင်း
(၁၃) လျှပ်စစ် မီးလုံးများ၊ မီးချောင်း များ ပျက်လျှင် မိမိ ဘာသာ တပ် ဆင်ခြင်း၊ ပြုပြင် ခြင်းများ လုပ်ရ သဖြင့် ဗဟုသုတ အတတ် ပညာ တိုးခြင်း
(၁၄) Facebook အကောင့် G talk အကောင့် များ ကို ၀င်ရောက် စစ်ဆေး စရာ မလို သဖြင့် မျက်စိ ထိခိုက်မှု သက်သာခြင်း
(၁၅) (၁၆) (၁၇) and So on

ချစ်သူ မရှိခြင်း ( သို့မဟုတ် ) အပျိုကြီး ဖြစ်ရခြင်း ၏ အပြစ်များ

( ၁ ) မနက် စောစော ထ ချက်ပြုတ် လျှော်ဖွတ် ခြင်းများ မပြုလုပ် ရသဖြင့် ကျန်းမာရေး သမ မျှ တမှု မရှိခြင်း
( ၂ ) မည်သည့် anniversary မှ မကျ ရောက် သဖြင့် လက်ဆောင် များ မရရှိ ခြင်း
( ၃ ) Supermarket သွားတိုင်း တစ်ယောက်တည်း သွားရ သဖြင့် ဟိုဟာ ၀ယ်ပေး ပါ။ ဒီဟာ ၀ယ်ေ ပး ပါ ပူဆာ နိုင်စွမ်း မရှိခြင်း
( ၄ ) ထမင်းစား ပွဲတွင် ယုယု ယယ တီတီတာတာ ခွံ့ကျွေး မည့်သူ မရှိခြင်း
( ၅ ) ချက်ပြုတ် ကျွေးမွေး ပြုစု သည့် မိသားစု ဘ၀နှင့် ဝေးကွာ ရခြင်း
( ၆ ) ဘာတွေ လုပ်နေလဲ ဟင်။ ကျန်းမာရေး ဂရုစိုက်။ မတည့် တာ မစားနှင့် ဆိုသည့် ဂရုဏာ message လေး များ ဖုန်းတွင်း သို့ ၀င်မလာ နိုင်ခြင်း
( ၇ ) သ၀န်တို စိတ်မချ သည့် အကြင်နာ စကားများ မကြား ရခြင်း
( ၈ ) လကုန်ရက် များ လစာ များ ပြန်အပ် သည့် ပီတိ ကို မခံစား ရခြင်း
( ၉ ) အိမ်တွင်း အိမ်ပြင် ပြင်ဆင် ခြင်းများ ကို တစ်ဦး တည်း ဒိုင်ခံ လုပ်ရ သည့် ပင်ပန်းမှု များ ရှိနေခြင်း
( ၁၀ ) (၁၁) and So on…..

ကဲကဲ ခုချိန် ထိ အပျိုကြီး နေသေးတဲ့ ညီမလေး များ မမများ ကိုယ့် ဘာသာ ဆင်ခြင် စဉ်းစား ကြပေရော့ ..........

တစ်ပါးသူ ပျော်ရွှင်ဖို့ စိတ်ရင်း နှင့် အားထုတ်သူ သည် ကိုယ်တိုင် ပျော်ရွှင် ရသူသာ ဖြစ်သည်။

အဖြူရောင်သံယောဇဉ်

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...