Thursday, October 3, 2013

မျက်ကပ်မှန် တပ်ဆင်သူများအတွက် အကြံပြုချက်




-တစ်ခါသုံးမျက်မှန်ဆိုလျှင် တစ်ကြိမ်သာ တပ်ဆင်ပါ။ ဆရာဝန်ညွှန်ကြား သည့်အချိန်တွင် အသစ်လဲလှယ်ပါ။ မျက်ကပ်မှန်တပ်ဆင်ပြီး မအိပ်ပါနှင့်။ သတ်မှတ်ထားသည့် အချိန်ထက် ပိုမိုကြာမြင့်စွာ မျက်ကပ်မှန်တပ်ထားပါက ရောဂါပိုး ကူးစက်ဝင်ရောက် တတ်သည်။
- မျက်ကပ်မှန်များကို မကိုင်တွယ်ခင် လက်ကိုစင်ကြယ်စွာဆေးကြောပါ။ လက်ဆေးပြီးအ၀တ်သန့်နှင့် ခြောက်အောင်သုတ်ပါ။
-မျက်ကပ်မှန်ဆေးကြောဖို့၊ ပိုးသန့် စင်ဖို့၊ သိမ်းဆည်းဖို့ ဆေးရည်လိုပါတယ်။ ဆေးရည်ထဲစိမ်ထားရုံနှင့် ပိုးသန့်စင်နိုင်ကြောင်းဖော်ပြကြပေမယ့် သုတေသနများအရ လက်ဖြင့်ပွတ်ဆးတာ ပိုကောင်းတယ်လို့ ဆိုကြပါတယ်။
- မျက်ကပ်မှန်သန့်စင်ဆေးရည်ကုန်သွားတဲ့အခါ ရေဖြင့်မစိမ်ပါနှင့်။ ရေဟာပိုးသန့်စင်နိုင်တဲ့အာနိသင်မရှိတဲ့အပြင် ပိုးမွှားတွေပါ အဆစ်ပါလာ တတ်ပါတယ်။ ရေချိုးခန်းထဲမှာ မျက်ကပ်မှန်မတပ်ပါနှင့်။
- မျက်ကပ်မှန်ကိုဆေးသလို မျက်ကပ်မှန်ဘူးကိုလည်း ဆေးဖို့လိုပါ တယ်။ မျက်ကပ်မှန်ဘူးကိုလည်း ဆေးရည်နှင့်ဆေးပြီး အခြောက်ခံပြီးမှ ဆေးရည်အသစ်ထည့်ပြီးစိမ်ပါ။
- မျက်ကပ်မှန်နှင့် မျက်သားကြား ထဲမှာ ဖုန်မှုန့်တစ်ခုခုဝင်နေတာ၊ မျက်ကပ်မှန်ပြောင်းပြန်လန်နေတာ စတာတွေဖြစ်ပွားတဲ့အခါ မျက်ကပ် မှန်ကိုပြန်ချွတ်ပါ။ ဆေးရည်နှင့် ပြန် ဆေးပါ။ မျက်ကပ်မှန်မှာ အသားတံဆိပ် စာသားလေးတွေပါတတ်ပြီး အတည့်အတိုင်းဖတ်လို့ရနေလျှင် မျက်ကပ်မှန်အနေအထား အမှန် ဖြစ်ပြီး စာသားတွေပြောင်းပြန်ဖြစ်နေလျှင် မျက်ကပ်မှန်ကို အတွင်းအပြင် ပြန်လှန်ပေးဖို့လိုပါတယ်။

သီဟ
Source:WebMD
Health Updates Journal

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...