Thursday, October 3, 2013

ငှက်ဖျားရောဂါ ပျောက်ဆေးအသစ်မှာ လက်ရှိဆေးထက် အကျိုးသက်ရောက်မှုနှစ်ဆရှိ



ဓာတ်ခွဲခန်းမှ စစ်ဆေးမှုရလဒ် များအရ ငှက်ဖျားရောဂါပျောက်ဆေး အသစ်များသည် လက်ရှိကမ္ဘာတစ် ဝန်းအသုံးပြုနေသော အကောင်းဆုံး ဆေးများထက် အစွမ်းသက်ရောက်မှုပို ရှိကြောင်းသိရသည်။ ထို့အပြင်ယင်း ဆေးသည် ယခင်ငှက်ဖျားဆေးများကဲ့ သို့အကြိမ်ကြိမ်ခွဲသောက်ရန် မလိုအပ် ဘဲတစ်ကြိမ်တည်းသာ သောက်ရန်လို ကြောင်းသိရသည်။ ဂျွန်ဟော့ကင်း တက္ကသိုလ်မှ ပရော်ဖက်ဆာ ဂရေး ပေါ့စ်နာနှင့် သူ့အဖွဲ့က ငှက်ဖျား ရောဂါကြောင့် သေဆုံးသူမှာ နှစ်စဉ် တစ်သန်းခန့်ရှိပြီးအများစုမှာကလေး များဖြစ်ကြကြောင်းပြောကြားခဲ့ သည်။ ယခုလတ်တလော အသုံးပြု နေသော အကောင်းဆုံးကုထုံးမှာ Artemisinin Combination Therapy(ACT) ဟုခေါ်သော ကုထုံးဖြစ်သည်။သို့သော် ယင်း ACT တွင် လူနာမှာ ဆေးလုံးများ ကို ရက်အနည်းငယ်အကြာထိ နေ့စဉ် ရက်ဆက် သောက်ရန်လိုသည်။ သို့ သော် လူနာအများစုမှာဆေးညွှန်း အတိုင်း ရက်ပြည့်အောင်မသောက် ကြပေ။ အကျိုးဆက်အနေနှင့် ထို လူနာများမှာ ရောဂါအခြေအနေ ကောင်းမလာသည့်အပြင် ငှက်ဖျား ရောဂါအား ACT ဆေးဝါးများနှင့် ယဉ်ပါးစေပြီး၊ ဆေးမတိုးမှု၊ ဆေးယဉ်မှု တို့ကိုဖြစ်စေသည်။ ထိုအဖြစ်အပျက် များကို တားဆီးရန်လေ့လာသူများက ဆေးတစ်ကြိမ်တည်းသောက်ရုံဖြင့် ငှက်ဖျားကို တားဆီးနိုင်သော ACT ဆေးအသစ်အား ထုတ်လုပ်ခဲ့ကြသည်။ လေ့ လာသူများအဆိုအရ ယခုအသစ် ထုတ်လုပ်ထားသော ဆေးများတစ် ကြိမ်သောက်ခြင်းက ယခင်အသုံးပြုသော artemisinin မှတစ်ဆင့် ထုတ် ထားသော ဆေးများထက် ပို၍အစွမ်း ထက်ကြောင်းသိရသည်။ ယခုအသစ် ထုတ်ထားသော ဆေးများထဲမှ တစ်မျိုး မှာ mefloquine (ယခင်အသုံးပြုခဲ့ သော ငှက်ဖျားဆေး) နှင့် တွဲသုံးပါက တစ်ကြိမ်သောက်ရုံဖြင့် ငှက်ဖျားပိုးရှိ သော ကြွက်၏ ခန္ဓာကိုယ်ထဲမှ ပိုးများ အားလုံးသေသွားကြောင်း တွေ့ရပြီး ယင်းကြွက်သည် ပုံမှန် ACT ကုသမှု ခံယူထားသော ကြွက်များထက် အ သက်နှစ်ဆခန့် ပိုကြာကြာနေသွား နိုင်လေသည်။
ဖိုးသောကြာ
Ref: IANS

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...