Thursday, October 3, 2013

ဒုတိ ယကမ္ဘာစစ်အပြီး မြန်မာနိုင်ငံသို့ ပထမဆုံး အကြိမ် ဂျပန်စစ်သင်္ဘော များလာရောက်ခြင်းသည် အိမ် နီးချင်းနိုင်ငံများနှင့် ဆက်ဆံရေး ထိခိုက်စေမည်မဟုတ်ကြောင်း မြန်မာရေတပ်ဗိုလ်ချုပ်ပြော

 ဒုတိယကမ္ဘာစစ်အပြီး မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ်ရောက်ရှိလာသော ဂျပန်စစ်သင်္ဘောအား တွေ့ရစဉ်။ ဓာတ်ပုံ - ရဲနောင်(ဖယ်ခုံ)


 ဒုတိ ယကမ္ဘာစစ်အပြီး မြန်မာနိုင်ငံသို့ ပထမဆုံး အကြိမ် ဂျပန်စစ်သင်္ဘော များလာရောက်ခြင်းသည် အိမ် နီးချင်းနိုင်ငံများနှင့် ဆက်ဆံရေး ထိခိုက်စေမည်မဟုတ်ကြောင်း စစ် ဦးစီးအရာရှိချုပ်(ရေ) ဗိုလ်ချုပ် တင်အောင်စန်း က ပြောသည်။ အောက်တိုဘာ၁ရက် ည က သီလဝါဆိပ်ကမ်း  MITT တွင် ရောက်ရှိနေသော ဂျပန်စစ်သင်္ဘော ပေါ်၌ပြုလုပ်သည့် ညစာစားပွဲ တွင် သတင်းထောက်များ၏မေး မြန်းမှုအား ယင်းကဲ့သို့ပြောကြား ခဲ့ခြင်းဖြစ်သည်။

''ဒီလိုပဲ မိတ်ဆွေနိုင်ငံ တွေ က စစ်ရေယာဉ်တွေ မကြာခဏ မြန်မာနိုင်ငံဆီကို လာရောက်လည် ပတ်ကြပါတယ်။ အခုလို ဂျပန် စစ်သင်္ဘောတွေ ချစ်ကြည်ရေး ခရီးလာရောက်လို့ အိမ်နီးချင်း နိုင်ငံတွေဖြစ်တဲ့ တရုတ်တို့ ထိုင်း တို့နဲ့ ဆက်ဆံရေးကို ပူပန် စရာ မရှိပါဘူး။ အိမ်နီးချင်းနိုင်ငံတွေနဲ့ အဆင်ပြေပါတယ်။ မကြာသေး မီကပဲ တရုတ်နိုင်ငံက သင်္ဘော လာခဲ့ပါသေးတယ်။ ဒီလိုပဲ အိန္ဒိယ၊ ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား တို့လဲ လာခဲ့ပါသေးတယ်။ ဒီပလို မေစီရိုလ်းတစ်ခုအနေနဲ့ နိုင်ငံအား လုံးနဲ့ ချစ်ကြည်ရေးအတွက် ဒီ လိုပဲ အမြဲဆက်ဆံနေပါတယ်'' ဟု ဗိုလ်ချုပ်တင်အောင်စန်းက ပြောသည်။

''ဂျပန်စစ်သင်္ဘောတွေ လာ တဲ့အတွက် ကျွန်တော်တို့အရာ ရှိစစ်သည်တွေအတွက် အကျိုး ဖြစ်ထွန်းစေပါတယ်။ ဒါ့အပြင် ဂျပန်နဲ့ ဆက်ဆံရေးဟာလဲ အခု ထက် ပိုမိုတိုးတက်လာမှာလဲဖြစ် ပါတယ်''ဟု ယင်းက ဆက်လက် ပြောသည်။ ''ကျွန်တော် တို့ ဒီနှစ် မေလ ကတည်းက ဂျပန်က ထွက်လာ ခဲ့တာပါ။ အမေရိကန်၊ အီးယူ၊ အာဖရိကတွေကို ရောက်ပြီးပါပြီ။ အခုတော့ မြန်မာပြည်ကိုရောက် လာတာပါ။ ဒုတိယကမ္ဘာစစ်အပြီး မြန်မာနိုင်ငံကို ပထမဆုံးလာရောက် တဲ့ ဂျပန်စစ် သင်္ဘော ဖြစ် တဲ့ အတွက် လဲ သမိုင်းဝင်ခရီးစဉ်ဖြစ်လို့ ဂုဏ် ယူဝမ်းမြောက်မိပါတယ်။ ကျွန် တော်တို့ ချစ်ကြည်ရေးလာရောက် တာကိုလဲ မြန်မာလူမျိုးတွေသိ အောင်ပြောပေးပါ''ဟု ဂျပန်စစ် သင်္ဘောများကို ဦးဆောင်လာသူ ဗိုလ်ချုပ်  Kita Gawa  က ပြော သည်။

ဂျပန်နိုင်ငံMaritime Self Defence Force မှ လေ့ကျင့်ရေး စစ်သင်္ဘောသုံးစင်းသည် မြန်မာ နိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ်အ ဖြစ် ရန်ကုန်မြို့ သီလဝါဆိပ်ကမ်း သို့ စက်တင်ဘာ၃ဝရက်ကရောက် ရှိလာခဲ့သည်။ ယင်းသင်္ဘောများ ပေါ်တွင် ရေတပ်အရာရှိနှင့်စစ် သည် ၇၂ဝကျော်လိုက်ပါလာပြီး အောက်တိုဘာ၎ရက်အထိ မြန်မာ နိုင်ငံတွင် ငါးရက်ကြာနေထိုင်မည် ဖြစ်ကြောင်း သိရသည်။

D - မင်း
YMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...