Thursday, October 3, 2013

တစ်ထောင့် တစ်နေရာ




ကျွန်တော့် မိတ်ဆွေ တစ်ယောက် လူသူ ကင်းသော မက္ကဆီ ကို ကမ်းခြေ ရဲ့ နေ၀င် ဆည်းဆာ အချိန် ၊ ကမ်းခြေ မှာ သူ တစ်ယောက် တည်း လျှောက် သွားရင်း က ဟိုးအဝေးမှာ လူ တစ်ယောက် ကို လှမ်းမြင် နေရသည် ။ နည်းနည်း နီးလာတော့  ဒေသခံ တစ်ယောက် ဖြစ်ကြောင်း သတိ ပြုမိ သည် ။ သည် လူက ကမ်းခြေ သောင်စပ် မှာ ကုန်းကုန်း ကုန်းကုန်း နှင့် သွားနေရမှ တစ်စုံ တစ်ရာ ကို ငုံ့ ကောက် ကာ ပင်လယ် ရေထဲလွှင့် ပစ် သည်။ သည့် နောက် အဲလိုပဲ နည်းနည်း လျှောက် သွား လိုက် တစ်ခုခု တွေ့ လျှင် ကောက်ယူ လွှင့် ပစ်လိုက် လုပ်နေသည် ။ ကျွန်တော့် မိတ်ဆွေ သူ့  နား ကို ရောက်သွားပြီး သေသေ ချာချာ ကြည့် တော့  လှိုင်းနှင့် ပါလာ ပြီး သဲသောင်ပြင် ပေါ် တင် ကျန် နေသည့်  ကြယ်ငါး တွေ ကို ရေထဲပြန် ပစ်ထည့် ပေးနေ ခြင်းဖြစ်ကြောင်း သိလိုက်ရသည်။ သည်လူ ဘာရည်ရွယ်ချက်ဖြင့်  လုပ်နေသလဲဟု သိချင်ဇောဖြင့် 

“ မိတ် ဆွေ ၊ မသိလို့ မေးပါရစေ ခင်ဗျာ ... အဲဒါ ဘာများ လုပ်တာ ပါလဲ ခင်ဗျာ ”

“ ကြယ်ငါး တွေ သမုဒ္ဒရာ ထဲ ပြန်ပို့ ပေး နေတာ လေ ၊ ခင်ဗျား မြင်တဲ့ အတိုင်း ပဲ .. အခု ဒီရေ ကျ ချိန် သောင်ပြင် ပေါ် တင် ကျန်ခဲ့ တဲ့ ကောင်တွေ ဟာ နောက်တစ်ကြိမ် ရေတက် ချိန်ကို အကြာ ကြီး စောင့် နေရမှာ ပေါ့ ၊ ဒါပေမဲ့  အဲဒီလောက် ကြာရင် အောက်ဆီဂျင် ပြတ် ပြီး သေမှာပဲ ”

“ ဟုတ်ကဲ့  အဲဒါ တော့  ကျွန်တော် လည်း သဘောပေါက် ပါတယ် ... ဒါပေမယ့်  ဒီကမ်း ခြေ တ စ်ေ လျှာက်မှာ ကြယ်ငါးတွေ ထောင်ချီပြီး ရှိနေမှာပေါ့ ၊ အဲဒီကောင် တွေ အားလုံးကို ခင်ဗျား ဘယ် လို လိုက် ကောက်မလဲ၊ တစ်ယောက် တည်း မနိုင်ဘူး လေဗျာ ... ပြီးတော့  စဉ်းစား ကြည့်  ဒီကမ်း ရိုးတန်း တစ်လျှောက်လုံး ဆိုရင် ခုလို သဲသောင် ပြင်ပေါင်း ရာချီ ရှိနေ မှာ ပေါ့ ၊ ဒီသောင်စပ် တိုင်း မှာ ရှိနေမဲ့  ကြယ်ငါးတွေ ဘယ်လို လုပ်မလည်း ၊ သူ့ ဘ၀ နဲ့ သူ ဖြစ်နေမှာ၊ ခင်ဗျား တစ်ယော က်ေ ကြာင့်  ဘာတွေ ထူးခြား ပြီး ပြောင်းလဲ သွားနိုင်မှာလဲ ဗျာ ... ”

ဒေသခံ ပုဂ္ဂိုလ် က ပြုံးသည်။ နောက်ထပ် ကြယ်ငါး တစ်ကောင် ကောက် ပြီး ...

“ တခြား ကောင် တွေ အတွက် မထူးခြား ပေမယ့် ၊ ဟော့ ဒီ ကြယ်ငါးလေး တစ်ကောင် အတွက်ေ တာ့  ထူးခြား သွားတာ ပေါ့ ဗျာ ” ဟု ဆိုကာ ပင်လယ်ရေ ထဲ လှမ်းပစ် ထည့်လိုက်ေ လ တော့ သ ည် ။

Jack Canfield နှင့်  Mark V. Hansen တို့ ၏ One At A Time

ဖေမြင့် 

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...