Thursday, October 3, 2013

မိန်းမသား တစ်ယောက်ရဲ့ဣနြေ္ဒ





မိန်းမသား တွေနဲ့ အသုံးဝင်တဲ့ စာတွေ အတော် များများကို စာရေးသူ တင်ပြ ပေးခဲ့တာ များလှပါပြီ ။ကျင့် သုံးလိုသူ ခံယူ တည်ဆောက် ချင်သူ တွေ အတွက် အကျိုးပြု ခဲ့တာပါ ။ သို့သော် ညား လည်း ခုတလော မြန်မာ ပြည်မှာ ရော တခြား နိုင်ငံများ မှာပါ မိန်းမသား တွေ လွန်ကျူး ခံနေရ တဲ့ သတင်းတွေ နိုင်ထက် စီးနင်း ပြူမူ ခံနေရတာ တွေ အရွယ် မရောက် သေးသော မိန်းကလေး များ အား အဓမ္မ ပြုကျင့်ခြင်း တွေကို မကြာခန ဆိုသလို ကြားသိ မြင် နေရတာ စိတ်မှာ ခံစားရ ပါတယ် နာကျင်လွန်း ရပါတယ် ။

ဒီလို အကြောင်း တရား များစွာ ဟာ ကျွန်မ တို့ လူသား လောက ကြီးမှာ ယောကျာ်း မိန်းမ ဒွန်တွဲ တည်ရှိ နေ သမျှ ဖြစ်ပေါ် နေအုံး မှာ ပါပဲ ....။ သို့အတွက်ကြောင့် ကျွန်မ တို့တစ်တွေဟာ သည် အ ဖြစ်ဆိုး မျိုးတွေကို ဘယ်လို ကာကွယ် ပေးနိုင်မ လဲ တားဆီး နိုင်မလဲ မစွမ်း သာသော် လည်း ကိုယ်စွမ်း ဥာဏ်စွမ်း ရှိသမျှ အားထုတ် ချင်မိ တယ်လေ ။

တရား ဥပဒေ ဆိုရာမှာလည်း မထိရောက် တာ မဟုတ်ပါဘူး ကျွန်မတို့ တွေရဲ့ အားနာ တတ်မူ့ ခံစား တတ်မှု မပြည့်စုံ မှုဆိုတဲ့ အမှောင့် ပယောဂ တွေ ကြောင့် အပြစ် ရှိသူဟာ ထိုက်တန် သော အပြစ်ကို မခံစား ရပဲ လွတ် ကင်း ချမ်းသာနေ သူတွေ လည်း အများကြီးပါ ။ ဒီလို ကိစ္စမျိုး တွေ ပေါ်ပေါက် လာပြီ ဆိုရင် ကျွန်မ တို့ မိန်းမ သားတွေ စိတ်ဓာတ် ခိုင်မာ ရပါ့မယ် ။ အရှက် သိက္ခာ ဆိုတာ စွန်းထင်ပြီး သွားလို့ လူမသိ ဘူး ဆိုပြီး ပြည်ဖုံးကား ချ ကာယကံ မြောက် ကျူးလွန် သူ တွေ ကို ကျေအေး ပေးလိုက်ရင် အာသာ တငမ်းငမ်းနဲ့ သွားရည် တမျှားမျှား ကျနေတဲ့ ကာမဘီလူး တွေဟာ အသက် ဆက်ရှင် နေကြ အုံး မှာပါ ......။

တကယ်တန်း ကျွန်မ တို့ ပြည်လည် သုံးသပ် ကြည့်ရင် မိန်းမသား ထု ဖြစ်တဲ့ မိန်းမသား တိုင်း ရဲ့အပြု အမူ အနေ အထိုင် အပြော အဆို အလုပ် အကိုင် ၀တ်စား ဆင်ယင် တတ်မှု တွေနဲ့ အများကြီး သက်ဆိုင် နေပါတယ် ။ ကျွန်မ ပြောခဲ့ဘူး သလိုပေါ့ ရွှေသမင် ဘယ် ကထွက် မင်းကြီး တာကထွက် ........ ထို့ အတူ ပါပဲ ကာမ ဘီလူး တွေ သားရေ တမျှားမျှား ကျအောင် အနေ အထိုင် မပိရိ တဲ့ မိန်းမ သားတွေ များ လာတာနဲ့ အမျှ မိန်းမ ဆိုတာ အဖြေ ပျော်ခံ တစ်ယောက် လို မြင်နေသူတွေ ပိုများ လာမှာပါ ပဲ ။

ရုပ်ဝတ္ထု ပစ္စည်းတွေ တိုးတတ် ခေတ်မှီ လာပေ လင့် ကစား ခေတ် ကာလ သမီးပျို လေး တွေ ရဲ့ မိန်းမသား အမြင်တွေ ခံယူတတ်မှု တွေ အနေ အထိုင် အပြော အဆို ၀တ်စား ဆင် ယင်မှု မှား ယွင်းမှားစွာ ကျင့်သုံး လာမှု တွေ ဟာ မိန်းမသား တစ်ယောက်ရဲ့ဣနြေ္ဒေ တွ ကို ယွင်း သိမ် လာစေ ပါတယ် ........... မှောက်မှား လာစေ ပါတယ် ။ ဒူးပေါ် ပေါ င်ပေါ် ဟိုမလုံ ဒီမလုံ ဟိုကွဲ ဒီကွဲ ဆိုတဲ့ ၀တ်ဆင်မှု တွေကြောင့် လည်း ကာမမှု တွေ ကို လက်ယတ် ခေါ်နေပုံ မျိုး ဖြစ်နေတယ် ဆိုတာ ပညာရှိ သတိ ဖြစ်ခဲ ဆိုသလို ခေတ် ပညာ တွေတော့ အထက် တ န်း ရောက် ပေါက်မြောက် ကြပါရဲ့ တွေးခေါ် မြှော်မြင် တတ်ခြင်း မှာ တော့ အလွန် ကို ခြားနား မှု တွေ ဖြစ်ပေါ် နေကြ ပါတယ် ။

ကာမမှု အတွက် မိန်းမသား တစ်ယောက်ရဲ့ ပြုပြင် တတ်ခြင်း မရှိတာတွေ ဘာသာရေး ခံယူချက် တည်ဆောက်မှု အားနည်း လာခြင်း တွေ နောက် ကျွန်မ တို့ ရဲ့ ရှေး အစဉ် အဆက် စောင့်ထိန်း လာခဲ့တဲ့ ကိုယ့် ယဉ်ကျေးမှု တွေကို အတုယူ အားကျ ရကောင်းမှန်း မသိ ပေါ့ပျက် သိမ်ဖျင်း တဲ့ အပြုအမူ တွေဟာ မိန်းမသား တွေ အတွက် ကာမမှု တွေမှာ လုံခြုံမှု မရှိတော့ ခြင်း အကြောင်းရင်း ခံတွေ ပါပဲ ။ မိန်းမသား ဘ၀ကို ခေတ်မှီ တိုးတတ်ခြင်း ဆိုတာ တွေနဲ့ မိန်းမ ဣနြေ္ဒ ကို မထိန်းသိမ်း နိုင်သလို ရုပ်ဝတ္ထု ပစ္စည်းတွေ ကလည်း ကျွန်မ တို့ ကို မလုံခြုံ စေပါဘူး ။

မိန်းမသား တစ်ယောက် ရဲ့ ဣနြေ္ဒ ဆိုတာ ကျွန်မ တို့ မိန်းမသား တွေ ကိုယ်တိုင် ရဲ့ စိတ်ကနေ ခံယူ တည် ဆောက် တတ်မှသာ ကျင့်သုံး တတ်မှ သာ ဘ၀ရဲ့ အကောင်းဆုံး အချိန်တွေ ကို လှပစွာ ဖြစ်သန်း နိုင်မှာပါ ။ မိန်းမသား ဆိုတာ ရှက်တတ်ရမယ် ကြောက် သင့် တဲ့ အရာကို ကြောက်လန့် တတ် ရမယ် ။ မိန်းမ ဆိုတဲ့ သဘော တရား ကို စောေ ကြာ ပြီး မိန်းမသား တစ်ယောက် ရဲ့ ပင်ကိုယ် ဗီဇ ကနေ သွေဖီ လာတဲ့ မိန်းမသား အများစု ဟာလျှပ်ပေါ် လော်လီ တဲ့ အ၀တ်အစား မဖော်သင့် တာကို ဖော် ချင်တဲ့ ကိုယ့်ကျင့် တ ရားေ တွ ဇာတ်ရဲ လက်ရဲ ပုတ်လိုက် ခတ်လိုက် နေချင် တဲ့ အပြုအမူ တွေ နောက် မိန်းမသား တန်မဲ့ တဟီးဟီး တဟားဟား လမ်း သလား ချင်မှု တွေက လည်း မိန်းမ သား တွေ ရဲ့ ကာ ဣနြေ္ဒတွေ ကို နွမ်းပါး လာစေ ပါတယ် ။

ကျွန်မတို့ မြန်မာ လူမျိုးတွေ ရဲ့ ဆိုရိုး စကား အရ မိန်းမ တို့ ဣနြေ္ဒ ရွှေပေး လို့ မရတဲ့ .......... ဒီစကား လေး အရ မြန်မာ မိန်းမသား တွေ ဟာ ဘယ်လောက် ထိ ဂုဏ် သရေ ရှိတယ် ဆိုတာကို သိနိုင် ပါတယ် ။ ဒီဆိုရိုး စကား တွေ ပုံပြင် ဖြစ် မသွားဖို့ တော့ ကျွန်မ တို့ မြန်မာ မလေးတွေ မှာ တာဝန် အရှိဆုံး ဆိုတာ ကို မိန်းမသား တိုင်း ခံယူ တတ်စေချင် ပါတယ် ။

မိန်းမသား တစ်ယောက် ရဲ့ စစ်မှန် တဲ့ ဣနြေ္ဒ ဆိုတာ ရွှေတွေ ငွေတွေနဲ့ အလဲ အထပ် လုပ် လို့မရ အောင် တန်ဘိုး ကြီးမား လွန်း ပါတယ် ။ ဣနြေ္ဒ ဆိုတာ ရှက်ခြင်း ကြောက်ခြင်း နဲ့ တည်တည် ငြိမ်ငြိမ် သန့်သန့်လေး နေတာ ကိုခေါ် ဆိုလို့ ရပေမဲ့ သူရဲ့ သဘော တရားတွေ ထဲမတော့ သစ္စာ ရှိတာ ............. အသိ တရား ဖွံ့ဖြိုးတာ ............. သတိ တရား မြဲမြံတာ ........... ကျန်းမာခြင်း နဲ့ပြည့်စုံ တာ ............. မေတ္တာ ဓာတ်ကိန်း ၀ပ်တာ .............. ကိုယ့် လူမျိုးရဲ့ ယဉ်ကျေးမှု အစဉ် အလာတွေ ကို ထိန်းသိမ်း တတ်တာ တွေ ......... နောက် ဘာသာ တရား ကိုင်းရှိုင်း ရိုကျိုးတာ တွေ .......... အ၀တ် အစား အပြော အဆို ........... အနေ အထိုင် ....... တွေကို ဘတ်ပေါင်းစုံ က ခြုံငုံ ပြီး မိန်းမသား တစ်ယောက် ရဲ့ ဣနြေ္ဒကို သက်မှတ် လို့ ရတာပါ ။

ဣနြေ္ဒ ရှိတဲ့ မိန်းမသား ဖြစ်ဖို့ ကျွန်မ တို့တွေဟာ မကောင်း တဲ့ အသေးအဖွဲ လေး က စပြီး ရှောင်ကျဉ် ရပါ့မယ် ဒါမှ ဣနြေ္ဒရှိ သူ ကို ဣနြေ္ဒ က ပြန်လည် စောင့်ရှောက် မှာ ပါ ။မိန်းမသား တစ်ယောက် တန်ဖိုး ကလည်း ဣနြေ္ဒမဲ့ ရင်မဲ့ သလောက် တန်ဖိုး ကျပြီး ရှိရင် ရှိသလောက် တန်ဖိုး တတ် ပါတယ် ။ ဒီနေ့ ခေတ် သမီးပျိုလေး တွေ ရဲ့ ဣနြေ္ဒ စောင့်ထိန်းမှု အား ကျဆင်း လာတာနဲ့ အမျှ မသူတော် တွေ ရဲ့ ဘေးရန် တွေ ပေါများ လာနေအုံး မှာပါ ။

ဒါကြောင့် ကျွန်မ တို့ မိန်းမသား ထု အားလုံး ဟာ မြန်မာ အမျိုးသမီး တိုင်း တန်ဖိုး ထား မြ တ်နိုး အပ်တဲ့ ဣနြေ္ဒ ကို ဆင်မှ ယဉ်တဲ့ မြန်မာမလေး တွေ ဖြစ်ဖို့ မိန်းမသား ဘ၀ေ တွ လှပ ဖို့ ခေတ်မှီ ခြင်းနဲ့ စိတ်ဓာတ် ပျက်ပြား ခြင်း ကို ခွဲခြား နားလည် ခံစားပြီး မိန်းမသား တစ်ယောက် ရဲ့သိက္ခာ အတွက် မိမိ တို့ရဲ့ အပြုအမူ အနေ အထိုင် ၀တ်စား ဆင်ယင် တတ် မှု ယဉ်ကျေးမှု အစဉ် အလာ ကောင်းတွေ ကို ထိန်းသိမ်း ပြီး ရွှေယူ ငွေယူ ကလူ သလို မြူ သလို ချူတတ် တဲ့ မိန်းမသား တွေ ကြောင့် မိန်းမသား တစ်ယောက် ရဲ့ ဣနြေ္ဒ ယွင်းသိ မ်ေ စတာမို့ မသူတော် ဘေး အပေါင်းမှ ကင်းဝေးခြင်း အမှု တွေ ပြုနိုင်ဖို့ မြန်မာ မိန်းကေ လး တိုင်း ဣနြေ္ဒဆင် လို့ ယဉ်ကျေး သိမ်မွှေ့ သူတွေ ဖြစ်ကြ ပါစေ လို့ ..... ။

မေတ္တာဖြင့် ....

တော်ဝင်နှင်းဆီ

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...