Thursday, October 3, 2013

လက်ကောက်ဝတ် သန်မာစေမည့် လေ့ကျင့်ခန်းများ






လက်ဖျံအောက်ပိုင်းရှိ ကြွက်သားများ တည်ဆောက်မှုအတွက် အလွန်အကျိုးရှိသော လေ့ကျင့်ခန်း ဖြစ်သည်။ လက်ကိုင်အတွန်းပါ အလေးတန်း ( curlbar )နှင့် လက် ကိုင်ပါ အလေးတုံးအသေး၊ ခုံတန်း ရှည်(၁)ခု လိုအပ်သည်။
(၁) ခုံတန်းပေါ်တွင် ထိုင်ပြီး လက်နှစ်ဖက်ကို ပေါင်ပေါ်ကပ်၍တင်ပါ။ ခါးအနည်းငယ်ကုန်းရမည့် ပုံသဏ္ဌာန်ဖြစ်သည်။ လက်ဝါးများကို ပက်လက်အနေအထားနှင့် အလေး တုံးများ (၁)ဖက်စီ (သို့) လက်ကိုင် တွန့်ပါအလေးတန်းငယ်ကို အပေါ်သို့ မ၍ လက်ကောက်ဝတ်ကို လှုပ်ရှား ပါ။ ရင်အုပ်နှင့်တစ်တန်းတည်း စားပွဲ ခုံတွင်လည်း ပြုလုပ်နိုင်သည်။ (၁၂)ကြိမ်(၃)ခါစီ ပြုလုပ်ပါ။
(၃) ယခုလေ့ကျင့်ခန်းအတွက် သားရေပျော့ဘောလုံးငယ်(၁)လုံးလိုအပ်သည်။ ဘောလုံးကို လက်သီးဆုပ် ထဲထည့်၍ညှစ်ပေးပါ။ (၃)ကြိမ်ပြုလုပ်၍ တစ်ကြိမ်နားပါ။ ဤ(၃)ကြိမ်စီကို အခါ(၂၀)ပြုလုပ်ပါ။
လက်ကောက်ဝတ်သန်မာခြင်း ဖြင့် လက်ထောက်ချော်လဲလျှင် လက်ကောက်ဝတ်ခံနိုင်ရည်အားရှိပြီး တော်တန်ရုံဖြင့် လက်ကောက်ဝတ် မထိခိုက်နိုင်ပါ။ အထက်ပါလေ့ကျင့်ခန်းများသည် အခြေခံကျသော လှုပ်ရှားမှုများ ဖြစ်ပါသည်။
ဒေါန
Health Updates Journal

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...