Thursday, October 3, 2013

အရက်ကြောင့် ဖြစ်တဲ့ အသည်းရောဂါများ


=======================

အရက်ဟာ လူသားတွေရဲ့ ကျန်းမာရေးကို ဒုက္ခဖြစ်စေပါတယ်။ အသည်းအဆီဖုံး၊ အသည်းအမာရွတ်ထင်၊ အသည်းရောင်ရောဂါ၊ အသည်းကြွပ်နာ၊ အသည်းကင်ဆာ ရောဂါတွေ ဖြစ်တတ်ပြီး အရက်ကြောင့်လည်း သေဆုံး ကြရပါတယ်။

အသည်းအဆီ ဖုံးတာဟာ အသည်းကို စုပုံရောက်ရှိတဲ့ အဆီတွေဟာ အသည်းမှာ စုပုံပြီး သွေးထဲမှာ ကိုလက် စထရော တက်စေခြင်းနဲ့ အသည်းအဆီဖုံးခြင်းတို့ ဖြစ်လာစေပါတယ်။ အရက်ကြောင့် အသည်းရောင်ခြင်းဟာ အရက်ကို နေ့စဉ်သောက်သုံးရင် ဇီဝဖြစ်စဉ်ကြောင့် ရုတ်တရက် အသည်းရောင်ခြင်းကို ဖြစ်စေတယ်။ ရုတ်တရက် အသည်းရောင်ခြင်းဟာ အသည်းရောင်ဘီပိုး၊ စီပိုး ရောဂါဖြစ်စဉ်နဲ့လည်း တူတယ်။

အရက်ကြောင့် အသည်းခြောက်တာဟာ အသည်းမှာ အမာရွတ် ထင်တာကနေ ဆက်ဖြစ်လာတယ်။ အသည်း အဆီဖုံးရောဂါ ပြင်းထန်လို့ အသည်းမှာ အမာရွတ်ရှိလာရင် အရက်သောက်ခြင်းကို အနားပေးသင့်တယ်။ ဒီလို မဟုတ်ရင် အသည်းရောဂါများ ဆက်ဖြစ်လာမယ်။ အသည်းမှာ အမာရွတ်တွေ များလာပြီး အသည်းခြောက်ခြင်း ဟာ တဖြည်းဖြည်း ဆိုးရွားလာပြီး ပြင်းထန်စွာ အသည်းရောင်ရမ်းကာ မကြာမီ အသည်းပျက်စီးပါတယ်။ အသည်း ပျက်စီးစမှာ အသည်းခြောက်ခြင်းဟာ မသိသာပေမဲ့ အမာရွတ်များလာရင် လက္ခဏာများ စပေါ်လာတယ်။ ရေဖျဉ်း စွဲလာတယ်။

အစာအိမ်၊ အစာရေမျို သွေးကြောပေါက်ကာ သွေးအန်ခြင်း၊ သွေးဝမ်းသွားခြင်းတွေ ဖြစ်လာတယ်။ တချို့သူများ ဟာ ကျောက်ကပ်အန္တရာယ် တစ်စတစ်စ ကျရောက်လာတယ်။ အသည်းအစားထိုး မကုနိုင်သေးရင် အသည်း ခြောက်တာ မဆိုးရွားအောင် ဆေးနဲ့ထိန်းထားနိုင်တယ်။ အစာရေမျိုက သွေးကြောထုံးတွေကို ကြိုတင်ပြီး သားရေကွင်းစည်း ချည်နှောင်ထားနိုင်တယ်။

အရက်ဟာ အသည်းခြောက်တာကနေ အမာရွတ် ထင်လာစေပြီး အရက်ဖြတ်လိုက်ပေမဲ့ ကင်ဆာအဖြစ် ရောက် နိုင်သေးတယ်။ ကိုယ်ခံအားနည်းတော့ အသည်းရောင်ဘီနဲ့ စီတို့ တွဲဖက်တွေ့ရသလို အာဟာရချို့တဲ့လို့ အသည်း အဆီဖုံးရောဂါ၊ ဘယ်ရီဘယ်ရီ ဗီတာမင်ဘီဝမ်း ချို့တဲ့မှုရောဂါတွေလည်း ဖြစ်နိုင်တယ်။

အရက်ကြောင့် အသည်းရောဂါ ရတာများတယ်။ တချို့နိုင်ငံတွေမှာ အရက်ကြောင့် အသည်းပျက်စီးရင် အသည်း အစားထိုး ကုသမှုမလုပ်ပေးဖို့ ဥပဒေပြဋ္ဌာန်းတဲ့ အထိရှိတယ်။ အရက်ဖြတ်ပြီး အနိမ့်ဆုံးခြောက်လကြာ နောက်ထပ် မသောက်တော့ဘူး။ စိတ်ချလောက်မှ အသည်းအစားထိုး ကုသမှု လုပ်ပေးကြတယ်။

အရက်မှာ သောက်သုံးသင့်တဲ့ အဆင့်တိုင်း အန္တရာယ်မပေးတာ မရှိပါ။ အက်ဖ်ဒီအေက စစ်ဆေးဖို့ ပျက်ကွက် နေတဲ့ ချက်အရက်မှာ ပလတ်စတစ်၊ ပုလဲဓာတ်မြေသြဇာ၊ ငရုတ်သီး၊ ကော်စေ့၊ တစေးနဲ့ အင်ဒရင်းတို့လို စားသောက်မှုနဲ့မှ မပတ်သက်တဲ့ ပစ္စည်းများနဲ့ချက်တော့ အသည်းကို မြန်မြန်ရောဂါ ရစေတယ်။ အိုမင်းတဲ့အထိ မတားနိုင်တဲ့ ''မအိုဆေး''များ ဖြစ်လာတယ်။ အရွယ်မတိုင်မီ အရက်ကြောင့် ဖောသွပ်ကာ သေဆုံးရတယ်။ အသည်းရောဂါ အမျိုးမျိုးမဖြစ်ရအောင် အရက်စွဲခြင်းမှ ကင်းဝေးအောင် ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်ရပါမယ်။ ဆရာဝန်နဲ့ တိုင်ပင်ပြီး အရက်ပြတ်အောင် ဖြတ်ရပါမယ်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...