Monday, September 2, 2013

မြို့ပြစီမံကိန်းကြောင့် မရမ်းကုန်း အိမ်၊ ခြံ၊ မြေ ၅၀ ရာခိုင်နှုန်း အရောင်းအဝယ်တက်ဟုဆို

ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြိုနယ်သည် အစိုးရ၏ အနာဂတ်မြို့ပြစီမံကိန်း အစီအစဉ်တွင် ပါရှိသည့် မြို့နယ်ဖြစ်သည့်အတွက် အိမ်၊ ခြံ၊ မြေ အရောင်းအဝယ် ယခင်ကထက် ၅၀ ရာခိုင်နှုန်းထိ တက်လာကြောင်း ရန်ကုန် အိမ်၊ ခြံ၊ မြေ အကျိုးဆောင်များထံမှ သိရသည်။

ယင်းမြို့နယ်တွင် ဧပြီလမှစတင်ကာ သြဂုတ်လအတွင်း ဈေးနှုန်း အတက်အကျ မရှိသော်လည်း အစိုးရမြို့ပြစီမံကိန်း အစီအစဉ်ကြောင့် အရောင်းအဝယ် ကောင်းနေကြောင်း ကမာရွတ်မြို့နယ် အခြေစိုက် ဇေယျာမြေ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်လုပ်ငန်းမှ ဦးမင်းမင်းက ပြောကြားသည်။

“ဒီနေရာတွေက တကယ်နေမယ့် လူတွေထက် လုပ်ငန်းလုပ်ဖို့နဲ့ ဈေးကစားချင်တဲ့သူတွေက ဝယ်ကြတာများတယ်။ တချို့ကြတော့ စီမံကိန်းနယ်မြေဆိုပြီး အကျိုးအမြတ်ရှိမယ်ထင်ပြီး ဝယ်ကြတယ်” ဟု ၎င်းကပြောဆိုသည်။

မရမ်းကုန်းမြိုနယ်တွင် အရောင်းအဝယ် ဖြစ်သော်လည်း စီမံကိန်းမြို့နယ် တစ်ခုဖြစ်သည့် ဒလမြို့နယ်တွင်မူ နိုင်ငံတော်သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းက ယခုအစိုးရ သက်တမ်းအတွင်း စီမံကိန်း မစတင်ဟု ပြောကြားခြင်းကြောင့် အရောင်းအဝယ် အေးစက်သွားကြောင်း ဦးမင်းမင်းက ဆိုသည်။


လတ်တလော ပြည်လမ်းမ တစ်လျှောက် ၇ မိုင်၊ ၈ မိုင်၊ ၉ မိုင်တို့တွင် တစ်ပေပတ်လည်လျှင် ကျပ်ငါးသိန်းမှ ကျပ်ခြောက်သိန်းခွဲအထိ ဈေးပေါက်ပြီး အတွင်းပိုင်း နေရာများတွင် တစ်ပေပတ်လည် ကျပ်နှစ်သိန်းမှ ကျပ်နှစ်သိန်းခွဲထိ ဈေးပေါက်ကြောင်း ယင်းမြို့နယ် အိမ်၊ ခြံ၊ မြေ ဈေးကွက်အတွင်းမှ သိရသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...