Monday, September 2, 2013

အမေရိကန် ဖြစ်ဖုန်း Moto X

အမေရိကန်ပြည်ထောင်စုမှာပဲ ထုတ်တဲ့ ပထမဆုံး အမေရိကန်ဖြစ် စမတ်ဖုန်း ဆိုပြီး Motorolla တို့က Moto X ကို သြဂုတ် ၂၃ ကနေ စတင်ရောင်းချခဲ့ပါတယ်။
လက်ရှိ တန်ဖိုးက အမေရိကန်ဒေါ်လာ ၅၈၀ ဝန်းကျင်ပါ။ ဒါကြောင့် အမေရိကန်ဒေါ်လာ ၁၀၀ ဝန်းကျင်နဲ့ ၂ နှစ် Contract ပေး ရောင်းချပါတယ်။ ဒီတော့ မြန်မာပြည်ရောက်တောင် ၅သိန်းခွဲ ပေါက်ဈေးရှိမယ့် စမတ်ဖုန်းပါ။ Dual Core Processor, RAM 2GB, 16GB internel ဆိုတော့ Speci မနိမ့်အမြင့် ဖုန်းအမျိုးအစား ပါ။ အရည်အသွေးပိုင်းကို အာမခံထားပါတယ်။ သစ်သား Casing နဲ့လုပ်တဲ့ ဖုန်းတောင် ထွက်ရှိစေ အုံးမယ်လို့ ဆိုပါတယ်။
အရွယ်အစားအားဖြင့် Display ၄.၇ လက်မ၊ 1280x72 resolution ဆိုတော့ မျက်နှာပြင် အရေအသွေးလည်း ကောင်းပါတယ်။ Gorilla Glass ကိုပဲ အသုံးပြု ထားခြင်း ဖြစ်ပါတယ်။ ကင်မရာ 10.5 MP ရှိပြီး ရှေ့ မှာ ၂.၁ တောင် ပါဝင်လိုက်ပါသေးတယ်။ Flash, Sensor တို့စုံလင်စွာ ပါရှိပြီး အပျော်တမ်း ကင်မရာတစ်လုံးလိုလဲ အသုံးပြုနိုင်ကြောင်း ဆိုပါတယ်။

.
Ref: pocketlint
Aung Kham (TSJ team)
TechSpace Journal

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...