Monday, September 2, 2013

သမ္မတ ဦးသိန်းစိန် တရုတ်ပြည်သို့ ထွက်ခွာ

သမ္မတ ဦးသိန်းစိန် တရုတ်ပြည်သို့ ထွက်ခွာ ။ ဓါတ်ပုံ - သမ္မတရုံး ၀က်ဆိုဒ်
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်အဖွဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ နန်နင်းမြို့သို့ရောက်ရှိ။ ဓါတ်ပုံ - သမ္မတရုံး ၀က်ဆိုဒ်
မြန်မာ သမ္မတ ဦးသိန်းစိန်ဟာ တရုတ်နိုင်ငံ ကွမ်းရှီးပြည်နယ် နမ်နင်းမြို့မှာ မနက်ဖြန်ကနေ စလို့ ၄ ရက်ကြာ ကျင်းပမယ့် ၁၀ ကြိမ်မြောက် တရုတ် ဆာဆီယံ ကုန်စည်ပြပွဲကို တက်ရောက် ဖို့ ဒီကနေ့ နေ့လယ်ပိုင်းက နေပြည်တော် လေဆိပ်ကနေ ထွက်ခွာသွားပြီ ဖြစ်ပါတယ်။

သမ္မတ ဦးသိန်းစိန်နဲ့အတူ အစိုးရအဖွဲဝင် ပြည်ထောင်စု ဝန်ကြီးတွေဖြစ်တဲ့ စိုက်ပျိုးရေးဝန်ကြီး ဦးမြင့်လှိုင်၊ မွေးရေနဲ့ ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီး ဦးအုန်းမြင့် တို့အပြင် မြန်မာနိုင်ငံ ကုန်သည် စက်မှု အသင်းချုပ်က လုပ်ငန်းရှင် တစ်ရာကျော်လဲ လိုက်ပါသွားပါတယ်လို့ သိရပါတယ်။

အခု ဒီခရီးစဉ်ဟာ သမ္မတဦး သိန်းစိန်ရဲ့ သမ္မတသက်တမ်းမှာ တရုတ်ကို သွားတဲ့ စတုတ0x081တမြောက် ခရီးစဉ်ဖြစ်ပြီးတော့ တရုတ် အာဆီယံ ခေါင်းဆောင်တွေနဲ့ စီးပွားရေးနဲ ရင်းနှီးမြုပ်နှံမှုဆိုင်ရာ ထိပ်သီး ဆွေးနွေးမှုတွေ ပြုလုပ်ဦးမှာ ဖြစ်ပါတယ်။

ဦးသိန်းစိန်ဟာ တရုတ် ဝန်ကြီးချုပ် လီကေချန်းနဲ့လဲ တွေ့ဆုံလိမ့်မယ်လို့ မျှော်လင့်ရပါ တယ်။

ဘီဘီစီ (မြန်မာပိုင်း)

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...