Monday, September 2, 2013

NLD ဘာလဲ၊ ဘယ်လဲ၊ ဘယ်လမ်းလျှောက်နေသလဲ



 အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD)ဟာ ရှစ်လေးလုံးအရေးတော်ပုံကြီးနဲ့အတူ ပေ့က်ဖွားလာတဲ့ ပါတီပါ အောင်၊ စု၊ တင် (ဦးအောင်ကြီး၊ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး)ဆိုတဲ့ ကြီးသုံးကြီးအပေါ် အခြေခံပြီး ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ ဖွဲ့စည်းပြီး မကြာမီ ဥကဋ္ဌ ဦးအောင်ကြီးက NLD အတွင်း လက်ဝဲဝီ ကွန်မြူနစ်တွေ ကြီးစိုးနေကြောင်း စွပ်စွဲပြီး သူ့ရဲ့အဆိုအပေါ် မဲခွဲရာ ဦးအောင်ကြီးရူံးနှိမ့်တဲ့အတွက် ပါတီမှ ထွက်ခွာခဲ့ရပါတယ်။ ဆိုလိုတာက NLD ဟာ အကွဲအပြဲနဲ့စခဲ့တယ်ပြောတာပါ။

NLD က "မတရားတဲ့ အမိန့်အာဏာမှန်သမျှ ဆန့်ကျင်ကြ"ဆိုပြီး ကြွေးကြော်ပါတယ်။ အဲဒီလို ကြွေကြော်ပြီး မကြာမီ ကျင်းပတဲ့ အာဇာနည်နေ့အခမ်းအနားကို လူစုလူဝေးနဲ့ ချီတတ်ဖို့ NLD က လုပ်ပါတယ်။ စစ်အစိုးရကလည်း လူစုလူဝေးနှင့် မချီတတ်ရ။ အမိန့်မနာခံရင် ဖမ်းဆီးအရေးယူမှာဖြစ်ကြောင်း ကြေညာပါတယ်။ အဲဒီအချိန်မှာ ရန်ကုန်တိုင် မြို့နယ်အသီသီးရှိ NLD အဖွဲ့ဝင်များ အထူးသဖြင့် လူငယ်အဖွဲ့ဝင်များဟာ အာဇာနည်ကုန်းသို့ ချီတတ်ဖို့ ပြင်ဆင်နေကြပါပြီ။ အဲဒီအချိန်မှာ NLD ပါတီ CEC က အာဇာနည်နေ့ ချီတတ်ရေးအစီအစဉ် ဖျက်သင့်၊ မဖျက်သင့် ဒေါ်စုပဲ ဆုံးဖြတ်ပါဆိုပြီး ပုံအပ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ အဲဒီကိစ္စကို တစ်ညလုံးစဉ်းစားပြီး နံနက်ရောက်ခါမှ ချီတတ်ပွဲပယ်ဖျက်ဖို့ ဆုံးဖြတ်ကြောင်း သိရပါတယ်။ ဆုံးဖြတ်ချက်ကို မြို့နယ်များသို့ ချက်ချင်းအကြောင်းကြားပါတယ်။ ဒါပေမယ့် နောက်ကျနေပါပြီ။ အလွန်အမင်း တတ်ကြွတဲ့ NLD အဖွဲ့ဝင်အချို့ အာဇာနည်ကုန်းသို့ ချီတတ်နေကြပါပြီ။ လမ်းခုလတ်တွင် စစ်အစိုးရလုံခြုံရေးတပ်ဖွဲ့များရဲ့ ဖမ်းဆီးခြင်းခံရပြီး ထောင်ထဲရောက်ကုန်ကြပါတယ်။ ဒါဟာ NLD ပါတီအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် ပုဂ္ဂိုလ်ရေးအရ အလွန်အမင်း အားကိုးလွန်းတယ်။ အရေးကြီးကိစ္စရပ်များနှင့် ပတ်သက်ပြီး ပါတီတွင်း ဆွေနွေးတိုင်ပင်တဲ့ အလေ့အထမရှိကြောင်း ဖော်ပြရာရောက်ပါတယ်။

စာရေးသူအနေနဲ့ ဒေါ်အောက်ဆန်းစုကြည်ကို လေးစားပါတယ်။ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီးဖြစ်တာကြောင့်လည်း ဖအေတူသမီးပီပီ တိုင်းပြည်နဲ့လူမျိုးအတွက် ကိုယ်ကျိုးစွန့်အနစ်နာခံလုပ်ဆောင်လိမ့်မယ်လို့ ယုံကြည်ကိုးစားခဲ့ပါတယ်။ ဒါကြောင့် လွန်ခဲ့တဲ့ ၁၄-၅နှစ် သူမ နေအိမ်အကျယ်ချုပ်ကျနေစဉ်ကာလက စာရေးသူအနေနဲ့ မိတ်ဆွေတစ်ဦးကို "She is the only person who can save our country."ဆိုပြီး လွန်လွန်ကဲကဲ ပြောခဲ့ဖူးပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကလည်း ဖအေတူသမီးပီပီ အာဇာနည်မျိုးရိုး ပီသကြောင်း သက်သေပြခဲ့ပါတယ်။ သူမဟာ ဒီမိုကရေစီအတွက် အစိုးရကို ဆန့်ကျင်တိုက်ပွဲဝင်ခဲ့တာကြောင့် ၁၇ နှစ်ကြာ နေအိမ်အကျယ်ချုပ်ကျခဲ့ပါတယ်။ ဓနုဖြူမြို့ ခရီးစဉ်၊ ဒီပဲရင်း ခရီးစဉ်တို့မှာ အသက်အန္တရာယ်နဲ့ ကြုံတွေ့ခဲ့ရပါတယ်။ သူမရဲ့ ယုံကြည်ချက်အတွက် ကင်ဆာရောဂါနဲ့ သေကောင်းပေါင်းလဲဖြစ်နေတဲ့ ခင်ပွန်းရှိရာ အင်္ဂလန်သို့ မသွားခဲ့ပါဘူး။ သွားမယ်ဆိုရင် စစ်အစိုးရက မြန်မာနိုင်ငံသို့ ပြန်လာခွင့်မပြုမှာ စိုးလို့ပါ။ ဒီလိုနဲ့ ခင်ပွန်းဖြစ်သူသာ သေသွားရော၊ တွေ့ဆုံခွင့်၊ ပြုစုခွင့် မရခဲ့ပါ။ ဒါဟာ နဲနဲနောနော စွန့်လွှတ်အနစ်နာခံမှုမှ မဟုတ်တာ။

ပြည်သူတွေကလည်း NLDနှင့် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်ကြည့်ပါတယ်။ ၉၀ ပြည့်နှစ်ရွေးကောက်ပွဲတုန်းက ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် မပါဝင်နိုင်ပေမယ့် NLDဟာ တခဲနက် အနိုင်ရခဲ့ပါတယ်။ တဖန် ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတုန်းကလည်း ပြည်သူလူထုဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကို အပြည့်အဝ ထောက်ခံမဲပေးခဲ့ပါတယ်။ ဒေါ်စုနဲ့NLD လွှတ်တော်ထဲရောက်ရင်တော့ ပြည်သူတွေရဲ့ ကိုယ်စား မားမားမတ်မတ် ရပ်တည်လုပ်ဆောင်ပေးမယ်ဆိုတဲ့ မျှော်မှန်းချက်နဲ့ပေါ့ဗျာ။ လက်ရှိ တိုင်းပြည်အုပ်ချုပ်နေတဲ့သူတွေကို အားမရတာလဲ ပါ ပါတယ်။ဒီမိုး ဒီလေ ဒီလူတွေနဲ့ဆိုရင် တိုင်းပြည်ဟာ ကမ္ဘာ့အဆင်းရဲဆိုးစာရင်းဝင်နိုင်ငံများအနက်တစ်ခု အာဆီယံအဖွဲ့ထဲမှာတောင် နောက်ဆုံးပိတ်ဘဝက လွတ်မြောက်မှာမဟုတ်ဘူးဆိုတာ ပြည်သူလူထုအနေနဲ့ ယူဆနေကြလို့ ဖြစ်ပါတယ်။

ကဲ၊ ဒေါ်စုနဲ့NLD လွှတ်တော်ထဲရောက်တာ တစ်နှစ်ပြည့်ပါတော့မယ်။ ပြည်သူတွေရဲ့ မျှော်လင့်ချက်ကို ဘယ်လောက်ထိဖြည့်ပေးနိုင်ပြီလဲ။ အာဏာရပါတီက လေးစားခန့်ညား၊ ဖြုံရတဲ့ အတိုက်အခံပါတီကြီးတစ်ခုရဲ့ အခန်းကဏ္ဍကို ဘယ်လောက်ထိ ဖြည့်ဆည်းနိုင်ခဲ့ပြီလဲ။

"လွှတ်တော်ထဲဝင်တာကြာပြီ။ NLD အမတ်တွေ လွှတ်တော်ထဲ ဘာလုပ်နေကြသလဲ။ အာဏာရပါတီက တင်လာတဲ့အဆိုကို ဘယ်နှစ်ခေါက် ဝေဖန်ဖူးလဲ။ တင်လာသမျှ အမြဲတမ်း ဝေဖန်စရာ မလိုဘူး။ တချို့ကိစ္စကို ကောင်းတာပါရင် လက်ခံပေါ့။ တချို့ကိစ္စတွေက Modified လုပ်ပေါ့။ ပြုပြင် ပြင်ဆင်ပြီးတော့ ဖြည့်စွက်တာရှိမယ်။ အချို့ကိစ္စတွေမှာ ဝေဖန်တာရှိမယ်။ အချို့ ကန့်ကွက်တာရှိမယ်" လို့ ဆောင်းပါးရှင် မင်းဇင်က အင်တာဗျုးတစ်ခုမှာ ပြောပါတယ်။

စာရေးသူ သိရ၊ ကြားရသလောက် NLD လွှတ်တော်အမတ်တွေဟာ လွှတ်တော်တွင်းမှာ လွတ်လပ်စွာ အဆိုတင်းသွင်းခွင့်၊ ဆွေးနွေးခွင့် ရှိကြတယ်ဆိုပဲ။ ဒါဟာ ကောင်းပေမယ့် ဘဝင်မကျစရာ ဖြစ်ပါတယ်။ နိုင်ငံရေးပါတီကြီး တစ်ရပ်ဟာ မိမိအဖွဲ့ဝင်တစ်ဦးက ပါတီကိုယ်စာပြုပြီး လွှတ်တော်မှာ အဆိုတင်သွင်းဝေဖန်ဆွေးနွေးခြင်းမပြုမီပါတင်တွင်းမှာ ကြိုတင်ဇာတ်တိုက်သင့်ပါတယ်။ ပွဲမဝင်မီ လေ့ကျင့်သင့်ပါတယ်။ NLD မှာ အဲဒီအလေ့အထ ရှိရဲ့လား။ အဆိုဆုံးက မြန်မာ့ဆက်သွယ်ရေးတင်ဒါရွေးချယ်မှု ကြေညာခါနီးမှကပ်ပြီး ခရိုနီတွေရဲ့ အကျိုးစီးပွားရှေ့ရှုကာ ရပ်ဆိုင်းဖို့ ပြည်သူလွှတ်တော်က အရေးပေါ်အဆိုတင်သွင်းထောက်ခံအတည်ပြုရာမှာ NLD လွှတ်တော်အမတ်များရဲ့ ဝေဖန်ဆွေးနွေးအသံ လုံးဝမကြားရတာပါပဲ။ နောက်ပြီး ပြန်ကြားရေးဝန်ကြီးဌာနကတင်သွင်းတဲ့ ပုံနှိပ်မီဒီယာဥပဒေနှင့် ပတ်သက်ပြီး မီဒီယာလောကမှာ ဒီလောက် ဆူပူပွက်လောရိုတ်နေတာ ပြည်သူ့ကိုယ်စားလှယ်များဆိုတဲ့ NLD အမတ်များရဲ့အသံတိတ်နေပြီး ပြည့်သူ့လွှတ်တော်က အတည်ပြုခဲ့တာပါပဲ။ နိုင်ငံရေးပါတီတစ်ရပ်မှာ အမတ်တွေအနေနဲ့ မိမိတင်လိုက်တဲ့ အဆို ရူံးချင်ရူံးမယ်။ အင်အားကြီးတဲ့ အာဏာရပါတီရဲ့ ပယ်ချတာခံရချင်ခံရမယ်။ ရူံးရူံးနိုင်နိုင် ပြည်သူတွေအတွက် အကျိုးရှိရင် တင်ပြရမယ် အကျိုးမဲ့ရင် ကန့်ကွက်ရမှာ တာဝန်သိ အတိုက်အခံပါတီရဲ့ အလုပ်ပဲဖြစ်ပါတယ်။ NLD ပြည့်သူ့လွှတ်တော်ကိုယ်စားလယ်များဟာအဲဒီတာဝန်ကို မလုပ်ကြသလောက်ပဲ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် NLD အမတ်တွေရဲ့ လွှတ်တော်တွင်း ဆောင်ရွှတ်ချက်ကို ပြည်သူတွေအနေနဲ့ အားမလို အားမရ ဖြစ်နေပါတယ်။ ပေါင်းသင့်ကပေါင်း ခွဲသင့်ကခွဲ။ အာဏာရပါတီက သူ့အလုပ်သူလုပ်၊ အတိုက်အခံပါတီကလည်း သူ့အလုပ်သူလုပ်ရပါမယ်။

နောက်ပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ လွှတ်တော်ရေးရာ ကိစ္စတွေနဲ့ အချိန်ကုန်လွန်နေတယ်။NLD ပါတီရဲ့စည်းရုံးတည်ဆောက်ရေးအပေါ် အာရုံမစိုက်နိုင်ဘူးလို့ အချို့ကဝေဖန်ထောက်ပြနေပါတယ်။ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို တာဝန်သတ်သတ်မှတ်မှတ်ပေးတာ မရှိဘူးလို့ အထူးသဖြင့် လူငယ်တွေကို လေ့ကျင့်ပျိုးထောင်ပေးမှု မရှိကြောင်း ကြားရပါတယ်။ ခုဆိုရင် ၂၀၁၃ ခုနှစ် ထက်ဝက်ကျိုးနေပြီး ၂၀၁၄ ခုနှစ်ဆိုရင် လာမဲ့ရွေးကောက်ပွဲကြီးအတွက် မဲဆွယ်စည်းရုံးမှုတွေ လုပ်ရတော့မယ်။ NLD ပါတီ ဘာတွေလုပ်နေသလဲ။ ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်တတ် နိုင်ငံခြားဧည့်သည် လက်ခံတာလောက်ပဲ ရှိပြီး အောက်ခြေ NLD ပါတီဝင်တွေရဲ့ လှုပ်ရှားမှုကို ရေရေရာရာ မတွေ့ရပါဘူး။ NLD ပါတီဝင်တွေဟာ ကိုယ်ကျိုးစွန့်သူတွေ၊ အနစ်နာခံသူတွေဖြစ်ကြတယ်ဆိုတဲ့ ပုံရိပ်တွေ လူထုကြားတွင် လျော့ကျလာနေကြေသတိထားရပါမယ်မယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ မိမိနှင့် အာဏရပါတီထိပ်ပိုင်းခေါင်းဆောင်တွေ ရင်းနှီချစ်ကြည်ချင်းဖြင့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ မတိုင်မီ ၂၀၀၈ ဖွဲ့စည်းပုံဥပဒေ ပြင်ဆင်ရေးဖြစ်နိုင်မယ်လို့ ယုံကြည်နေပုံ ရပါတယ်။ ဖွဲ့စည်းပုံဥပပြင်ဆင်ရေးနှင့် ပတ်သက်ပြီး အာဏာရပါတီရဲ့ဥကဋ္ဌက တစ်မျိုးပြော၊ ဒုတိယဥကဋ္ဌက တစ်မျိုးပြောနဲ့ အချိန်မီပြင်ဆင်ရေး ဖြစ်မြောက် မထင်ပါဘူး။ ဖွဲ့စည်းပုံဥပဒေပြင်ဆင်ရာမှာ အခရာကျတဲ့ တပ်မတော်ကလည်း၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံဥပဒေကာကွယ်စောင့်ရှောင့်ရန်ကိုပဲ ကြုံကြိုက်တိုင်းပြောဆိုနေပြီး ပြင်ဆင်ရေးကိစ္စ လုံးဝပြောဆိုသံမကြားရပါဘူး။

ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်နှင့်NLDကို အကြံပြုချင်တာက ဖွဲ့စည်းပုံဥပဒေပြင်ဆင်ရေးဆွဲရေးကိစ္စကို ဇောင်းပေးမနေဘဲ ပါတီတည်ဆောက်ရေး၊ လူထုစည်းရုံးရေးအပေါ် ယခုအချိန်မှစပြီး အာရုံစိုက်ကြပါ။ အာဏာရပါတီနှင့် NLD ပါတီရဲ့ မှုဝါဒသဘောထား၊ ရပ်တည်ချက်မတူကြောင်း ပြည်သူလူထုသိရှိအောင် ဖော်ပြကြပါ။ အာဏရပါတီကြီးနဲ့အတိုက်အခံပါတီဟာကိစ္စတော်တော်များများမှာ တူလွန်နေရင်တော့ ရွေချယ်ရမည့်ပြည်သူများအတွက် ဇဝေဇဝါဖြစ်နိုင်ပါတယ်။ အာဏာရပါတီကို ထောက်ခံသင့်တဲ့နေရာမှာ ထောက်ခံ၊ တချို့နေရာတွင် ပြတ်ပြတ်သားသား ဝေဖန်ဆွေးနွေးကန့်ကွက်ရပါမယ်။ အာဏာရပါတီနှင့်ချစ်ကြည်ရင်းနှီးလွန်းရင် ပါတီခေါင်းဆောင်မတွက်ရော ပါတီအတွက်ပါ သိက္ခာကျစရာ ဖြစ်နိုင်ပါတယ်။ လေးစား၊ ခံ့ညား၊ ဂုဏ်သိက္ခာကြီးမားတဲ့ ပြည်သူများက ယုံကြည်အားထားရတဲ့ ပါတီကြီးတစ်ရပ်ဖြစ်အောင် ရပ်တည်ပြီး ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရရေး ရည်မှန်းချက်ထားစေချင်တယ်။

အခုလောလောဆယ် NLD ဟာ ပါတီရဲ့ ဦးတည်ချက်များကို လျှောက်လှမ်းရာမှာ နည်းဗျုဟာအရ ဝေဝါးနေပါတယ်။ NLD ဘယ်လဲ၊ ဘာလဲဆိုပြီး ပြည်သူလူထုအများစုကြီးက မေးခွန်းထုတ်နေကြကြောင်းပါဗျာ။

ဝိုင်းတော်သားတစ်ဦး

News Watch(စောင့်ကြည့်သတင်းဂျာနယ်) 

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...