Monday, September 2, 2013

ဗြိတိသျှကောင်စီမှ အင်္ဂလိပ်စာသင်တန်းသစ်များကို ၂ဝ၁၃ ခုနှစ် အောက်တိုဘာလတွင် စတင်ဖွင့်လှစ်




ဗြိတိသျှကောင်စီမှ အင်္ဂလိပ်စာသင်တန်းသစ်များကို ၂ဝ၁၃ ခုနှစ် အောက်တိုဘာလတွင် စတင်ဖွင့်လှစ်မည်ဖြစ်ပါသည်။

ဝင်ခွင့် စာမေးပွဲများကို ၂ဝ၁၃ ခုနှစ် အောက်တိုဘာလတွင် ကျင်းပသွားမည်ဖြစ်သဖြင့် (အသက် ၇ နှစ်နှင့် အထက် မည်သူမဆို) တက်ရောက်လိုသူများ လာရောက်ဖြေဆိုနိုင်ပါသည်။ ဝင်ခွင့် စာမေးပွဲကြေးမှာ မြန်မာငွေ တစ်သောင်းကျပ်ဖြစ်ပြီး မှတ်ပုံတင်ကဒ်ပြား (သို့မဟုတ်) သန်းခါင်စာရင်း/မွေးစာရင်း မူရင်းဖြင့် ဝင်ခွင့် စာမေးပွဲဖြေရန် အောက်ပါအချိန်စာရင်းအတိုင်း ၂ဝ၁၃ ခုနှစ် စက်တင်ဘာလ (၉) ရက်နေ့ မှစ၍ တနင်္လာနေ့မှ သောကြာနေ့ နံနက် (၈:၃ဝ) မှ ညနေ (၅:ဝဝ) အတွင်းလာရောက် စာရင်းပေးသွင်းနိုင်ပါပြီ။

အသက် (၁၈) နှစ် နှင့်အထက် - စက်တင်ဘာလ ၉ ရက် မှ ၁၃ ရက်
အသက် (၁၃) နှစ် မှ (၁၇) နှစ် - စက်တင်ဘာလ ၁၆ ရက် မှ ၂ဝ ရက်
အသက် (၇) နှစ် မှ (၁၂) နှစ် - စက်တင်ဘာလ ၂၃ ရက် မှ ၂၇ ရက်

မှတ်ချက် ။ ။ ဗြိတိသျှကောင်စီမှ အင်္ဂလိပ်စာသင်တန်းများကို အသက်အရွယ်အလိုက် အောက်ပါအတိုင်းခွဲခြားသတ်မှတ်ထားပါသည်။

အသက်(၇) နှစ် မှ (၉)နှစ် - Primary Learners
အသက်(၁၀) နှစ် မှ (၁၂)နှစ် - Tween Learners
အသက်(၁၃) နှစ် မှ (၁၅)နှစ် - Secondary Learners
အသက်(၁၆) နှစ် မှ (၁၇)နှစ် - Young Adults
အသက်(၁၈) နှစ် နှင့် အထက် - Adult Learners

ဤသင်တန်းများမှာ အင်္ဂလိပ်စာစွမ်းရည် (၄)မျိုးစလုံး ပိုမိုတိုးတက်လာစေရန် ခေတ်မီသင်ကြားရေးအထောက်အကူပြု ပစ္စည်းများစွာဖြင့် သင်ကြားပို့ချပေးမှာ ဖြစ်ပါသည်။

အသေးစိတ်သိရှိလိုပါက British Council Customer Service & Sales Department ဖုန်းနံပါတ် ၂၅၆၂၉ဝ ၊ ၂၅၆၂၉၁ (လိုင်းခွဲ - ၃၃၂၅, ၃၃၂၆, ၃၃၁၇) သို့ တနင်္လာနေ့မှ စနေနေ့ နံနက် (၈:၃ဝ) မှ ညနေ (၆:ဝဝ) အတွင်း ဆက်သွယ်မေးမြန်နိုင်ပြီး enquiries@mm.britishcouncil.orgသို့လည်း အီးမေးလ်ပို့၍ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...