Monday, September 2, 2013

“အားရင် ဖတ်ကြည့်ပေးပါ.. ”



၁။ မေ့ပစ်သင့်တဲ့ အရာတွေကို မေ့ပစ်သင့်တယ်။
၂။ မမြင်ချင်ယောင်ဆောင်သင့်တဲ့ အရာတွေကို မမြင်ချင်ယောင်ဆောင်ရတယ်။
၃။ မချစ်သင့်တဲ့လူကို မချစ်သင့်ပါဘူး။
၎။ မုန်းသင့်တဲ့အရာကို မမုန်းပဲ သဘောထားကြီးစွာနဲ့ ခွင့်လွတ်ပေးပါ။
၅။ ကိုယ့်ကိုအလေးအနက်မထားတဲ့လူကို ကိုယ်က အရမ်းအလေးအနက်မထားပဲ လျှစ်လျှူပြန်ရှုထားနိုင်အောင် နေပါ။
၆။ ကိုယ်က စကားတစ်ခွန်းကို လေးနက်စွာနဲ့ ပြောတာကို အလေးအနက် နားမထောင်တတ်တဲ့လူကို နောက် မပြောမိအောင် နေပါ။
၇။ ကိုယ့်ချစ်သူလုပ်နေတဲ့ အကြောင်းအရာအားလုံးကို လိုက်ပြီး သိချင်မနေပဲ တစ်ချို့ကို မသိတာ ကောင်းမယ်ဆိုတဲ့ စိတ်လေးနဲ့ နေနိုင်အောင်နေပါ။
၈။ မိမိပါးစပ်ကြောင့် သူတစ်ပါးစိတ်ထိခိုက်စေမဲ့ စကားလုံးတွေကို ရှောင်ရှားပြီးပြောပေးပါ။
၉။ သူတစ်ပါး ပါးစပ်က မိမိကိုယ်စိတ်အနှောင့်အယှက်ဖြစ်စေမဲ့ စကားလုံးတွေ ကြားရလျှင်လည်း ပြန်မပြောမိ အောင်နေပေးပါ။
၁၀။ စကားဆိုတာက စကတည်းက ကားလာတာမို့ ပတ်ဝန်းကျင်က အခြား မနာလိုသူတွေက ပြောတဲ့စကား အားလုံးကို အလေးအနက်မထားတာ
မိမိစိတ်ကိုသက်သာစေပါတယ်။ (ပတ်ဝန်းကျင်ကို လုံးလုံးဂရုမစိုက်နဲ့ဟု ဆိုလိုခြင်းမဟုတ်ပါ.. )
၁၁။ အရာရာတိုင်းကို မိမိထက်မြင့်တဲ့လူနဲ့ပဲ တိုင်းတာနေမယ်ဆိုရင် မိမိပဲစိတ်ညစ်ရပါမယ်။
၁၂။ အခြားသူများရဲ့ ပြသာနာအားလုံးကို မိမိနှင့်မဆိုင်ရင် ၀င်မပါတာကောင်းပါတယ်။ ( အများ မုန်း တာ ခံရ တတ်တယ်)
၁၃။ အွန်လိုင်းဆိုပြီး ဒီလူကိုငါမသိဘူးဆိုပြီး မိန်းကလေးတွေကို မိုက်ရိုင်းသော စကားလုံးတွေ မပြောမိပါစေနဲ့။
၁၄။ မိမိကြောင့် အခြားသူများစိတ်အားငယ်မဲ့၊ စိတ်ညစ်စေမဲ့၊ စိတ်ပျက်စေမဲ့၊ အနှောင့်အယှက်ဖြစ်စေမဲ့ လုပ်ရပ်များကို ရှောင်ကြဉ်ပေးကြပါ။


“သူကောင်းလျှင် ကျွန်ုပ်ကောင်းမည် ” မဟုတ်ပါဘူး.....

“သူကောင်းကောင်း မကောင်းကောင်း ကျွန်ုပ်ကောင်းပါမည်..”

သူငယ်ချင်းများအားလုံး ကျန်းမာပျော်ရွှင်နိုင်ကြပါစေ....... ကဗျာ

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...