Monday, October 7, 2013

ပြူတင်းပေါက်ပေါ်က ပေါင်မုန့်ကလေး




လွန်ခဲ့တဲ့ နှစ်နှစ် ဆယ် ကျော် ကာလတုန်း က အိမ်ရှင်မ တစ်ယောက် ဟာ သူ့မိသားစု စားဖို့အတွက် ပေါင်မုန့် ဖုတ်နေ ပါတယ်။ အဲဒီလို ပေါင်မုန့် ဖုတ်နေရင်း မှာ စိတ်ကူး တစ်ခု ရပြီး ပေါင်မုန့် အပို တစ်လုံး ကိုပါ ဖုတ်လိုက် ပါတယ်။ ပြီးတော့ အဲဒီပေါင်မုန့် ကို ဗိုက်ဆာ နေတဲ့ တစ်ယောက်ယောက် များ ရှိခဲ့ရင် ယူသွား နိုင်ဖို့ အတွက် သူတို့ အိမ်ရှေ့ ပြူတင်း ပေါက် မှာ ထားထား လိုက်ပါတယ်။ အဲဒီ ပေါင်မုန့်ကို ပြူတင်းပေါက် မှာ ထားထား ရင်း အိမ် ကနေ အဝေး တစ်နေရာ ကို ထွက်သွား တဲ့ သူမ ရဲ့သားလေး အန္တရာယ် ကင်းရှင်း ပါစေ ကြောင်း ဆုတောင်း တတ် ပါတယ်။ သူမ ရဲ့ သားလေး ဟာ တိုးတက်ရာ တိုးတက်ကြောင်း ရှာ ဖို့ဆိုပြီး မြို့ကို ထွက်သွား ခဲ့တာ ကြာ ပါပြီ။ သို့သော် လည်း ခုချိန် မှာ စစ်ဖြစ် လာတဲ့ အတွက် သတင်း မကြားရ တာ ကြာပြီ ဖြစ်တဲ့ သူမ သား အတွက် ရတက် မအေးနိုင် အောင် ရှိနေ ခဲ့ရ ပါတယ်။ ဒါကြောင့် လည်း သူမ သားလေး အန္တရာယ် ကင်းရှင်း အောင် ဆုတောင်း နေရတာ ဖြစ်ပါ တယ်။

အိမ်ရှင်မ ရဲ့ ပေါင်မုန့် ကို ပြူတင်းပေါက် မှာ စထားတဲ့နေ့ ကစပြီး လာလာ ယူတဲ့သူ က ခါးကုန်းကုန်း ရုပ်ဆိုးဆိုး အဖိုးကြီး တစ်ယောက် ဖြစ်ပါ တယ် တဲ့။ အဲဒီ အဖိုးကြီး ဟာ ပေါင်မုန့် ကို ယူပြီးတိုင်း အိမ်ရှင် တွေကို ကျေးဇူးတင် ဝမ်းမြောက် တဲ့ အပြုအမူ ပြရမဲ့ အစား စကား တစ်ခွန်း ကိုသာ ထပ် တလဲထဲ ရွတ်ဆို ပြီး အဝေး ကို ထွက်ခွာ သွားတတ် ပါတယ်။ သူဆို သွားတဲ့ စကား က "မကောင်းတာ လုပ်ရင် မကောင်း သလို ခံစားရမယ်။ ကောင်းတာ လုပ်ရင် လည်း ကောင်းတာ ပြန်လာမယ်" ဆိုတဲ့ စကားဘဲ ဖြစ်ပါတယ်။

အိမ်ရှင်မ ဟာ နေ့တိုင်း နေ့တိုင်း ပေါင်မုန့် တစ်လုံး တစ်လုံး ပိုဖုတ်ပြီး ပြူတင်းပေါက် မှာ တင်ထား မြဲ တင်ထားပြီး သူမ သားလေး ဘေးရန် ကင်းရှင်း ပြီး ပြန်ရောက် လာစေ ကြောင်း ဆုတောင်း လေး ရှိသလို ခါးကုန်ကြီး ဟာ လည်း နေ့စဉ် နေ့တိုင်း အဲဒီ ပေါင်မုန့်ကို လာလာ ယူမြဲ ဖြစ်ပါတယ်။ လာယူ တိုင်း လည်း သူ့ ပါးစပ် ကနေ "မကောင်းတာ လုပ်ရင် မကောင်း သလို ခံစား ရမယ်။ ကောင်းတာ လုပ်ရင် လည်း ကောင်းတာ ပြန်လာ မယ်" ဆိုတဲ့စကား ကို တဖွဖွ ရေရွတ်ပြီး ထွက်ခွာ သွားလေ့ ရှိပါတယ်။ အဲဒီ အဖြစ်အပျက် ဟာ ကြာလာ တဲ့ အခါကျ တော့ အိမ်ရှင် မ ရဲ့စိတ် ထဲမှာ ခံရ ခက်လာ ပါတယ်။ ပေါင်မုန့် ကို နေ့တိုင်း လာယူ ပေမဲ့ ကျေးဇူးတင် စကား၊ ကျေးဇူးတင် တဲ့ အမူအရာ တစ်ခွန်း မှ ပြောဖော် မရဘဲ သူ ပြောနေကျ စကား ကိုသာ သူ့ ဖာသူ တီးတိုး ရေရွတ် ပြောဆို သွားခဲ့ပါ တယ်။

"မကောင်း တာ လုပ်ရင် မကောင်းသလို ခံစား ရမယ်။ ကောင်းတာ လုပ်ရင် လည်း ကောင်းတာ ပြန်လာမယ်" ဆိုတဲ့စကား ကိုသာ ကြားနေ ရတော့ အိမ်ရှင်မ ဟာ ဒေါသ ထွက် သလို ဖြစ်လာ ပါတော့ တယ်။ "ဒီ ခါးကုန်းကြီး ဟာ နေ့တိုင်း နေ့တိုင်း ငါထားထား တဲ့ ပေါင်မုန့် လာလာ ယူပြီး ကျေးဇူးတင် စကား တစ်ခွန်း တောင် ပြောဖို့ မသိတတ် ဘူး ။ ဘာ မဟုတ်တဲ့ စကားတွေ ဘဲ ပြောပြော သွားတယ်။ ဘယ်လို လူစားမျိုး လဲ မသိဘူး" လို့ တွေးမိ ပြီး "ဒီလောက် တောင် ကျေးဇူး မသိတတ်၊ ကျေးဇူးတင် စကား ပြောဖို့ ဝန်လေး တတ်တဲ့ ဒီ ခါးကုန်းကြီး နောက် ကို ငါထား တဲ့ ပေါင်မုန့် တွေ လာမယူ တော့ အောင် တစ်ခုခု လုပ်မှ ဖြစ်တော့ မယ်" လို့ စိတ်ကူး ရေရွတ် မိပါတယ်။

အဲ ဒီလိုနဲ့ မိုး ခပ်ဖွဲဖွဲ ရွာနေ တဲ့ တစ်ရက် မှာ အိမ်ရှင်မဟာ ပေါင်မုန့် အပို တစ်လုံး ဖုတ်မဲ့ အထဲ ကို အဆိပ် တစ်မျိုး ကို ထည့်လိုက် ပါတယ်။ အဲဒီလို အဆိပ် ကို ထည့်ပြီး ဖုတ် မယ် ပြင် နေတုန်းမှာ အိမ်ရှင်မ ရဲ့လက်တွေဟာ တဆတ်ဆတ် တုန်ယင် လာပြီး " ငါ ဘာတွေ လုပ်ဖို့ စိတ်ကူး နေတာလဲ။ ပေါင်မုန့်ကို မရှိ နွမ်းပါးသူ ဘယ်သူဘဲ ယူယူ ဆိုတဲ့ စိတ်ကူး နဲ့ ပြူတင်းပေါက် နားမှာ ထားဖို့ ငါ နေ့စဉ် ဖုတ်နေ တာဘဲ။ ဒီ ခါးကုန်းကြီး ကျေးဇူး တင်တင် မတင်တင်၊ ငါ စေတနာ ပျက်စရာ လိုလို့လား " လို့ အသိ တရား ပြန်ဝင် လာပြီး အဆိပ် ထည့်ထား တဲ့ ပေါင်မုန့် ကို မီးဖို ထဲ ပစ်ချ လိုက်ပြီး နောက်ထပ် အသစ် တစ်လုံး ကို ထပ်မံ ပြုလုပ်ပြီး ပြူတင်းပေါက် ပေါ် တင်ထား လိုက်ပါ တော့တယ်။

လာနေကျ အတိုင်း ခါးကုန်းကြီး ပေါ်လာပြီး အိမ်ရှင်မ ထားထား တဲ့ ပေါင်မုန့် ကို ယူပြီး ခါတိုင်း လို "မကောင်းတာ လုပ်ရင် မကောင်း သလို ခံစားရမယ်။ ကောင်းတာ လုပ်ရင် လည်း ကောင်းတာ ပြန်လာမယ်" ဆိုတဲ့စကား ကို ရေရွတ်ပြီး ထွက်သွား ပြန်ပါ တယ်။ အဲဒီ နေ့ ညနေ မှာတော့ သူမ တို့ အိမ်တံခါး ကို တစ်စုံ တစ်ယောက် က လာခေါက် ပါတယ်။ တံခါး လည်း ဖွင့်လိုက် ရော အံ့သြ စရာ ကို သူမ တွေ့လိုက် ရပါတယ်။ အဲဒါက စာမလာ သတင်း မကြား အတန် ကြာ ပျောက် နေတဲ့ သူမရဲ့ သား ဟာ တံခါးရှေ့ ကို ရောက်နေ ခဲ့ပါပြီ။ သူမရဲ့ သား ဟာ ကျုံလှီ ပိန်ခြုံး နေပြီး အဝတ်အစား တွေ ဟာ လည်း စုတ်ပြဲ ညစ်နွမ်း လို့ နေပါတယ်။ ပြီးတော့ လည်း အင်အား ချည့်နဲ့ မောပန်း ပြီး အလွန် တရာ မှ ဆာလောင် ငတ်မွတ် နေတဲ့ ပုံ ပေါ် ပါတယ်။

သူမ သားလေး ဟာ မိခင် ဖြစ်သူ ကိုလည်း မြင်ရော အားရ ဝမ်းသာ ပြေးဖက် လိုက်ပြီး " မေမေရယ် ကျွန်တော် ဖြင့် အိမ်ကို တောင် ပြန်မှ ရောက်ပါ တော့မလား လို့ ။ ခုမှဘဲ စိတ်အေး ရတော့ တယ်" လို့ ပြော လိုက်တော့ မိခင် ဖြစ်သူ က "ဘာတွေများ ဖြစ်ခဲ့လဲ သားရယ် .. မေမေ့ ကို ပြောပြ ပါဦး" လို့ ပြန်မေး ပါတယ်။ သား ဖြစ်သူ က " ကျွန်တော် မြို့ကနေ ပြန်လာ တဲ့ လမ်း တစ်လျှောက် လုံး တိုက်ပွဲ တွေ ကို ရှောင်ကွင်းပြီး လာခဲ့ ရတယ်။ တောထဲ တောင်ထဲ ကိုလည်း ဖြတ် ခဲ့ ရတယ်။ အိမ် နဲ့ သိပ်မဝေး တော့ တဲ့ နေရာ ရောက်တော့ ကျွန်တော့် မှာ ဘာမှ စားစရာ မရှိတော့ဘူး ဝယ်စား ဖို့ ငွေလည်း မရှိ တော့ဘူး။ အစာ မစားရတာ ကြာတော့ အားပြတ် ပြီး လဲကျ တော့မလို ဖြစ်နေ ခဲ့တယ်။ ကျွန်တော် တော့ သေတော့  မယ် လို့ကို အောက်မေ့ တော့တာဘဲ။ အဲဒါ ဒီ မနက်မှာ ခါးကုန်း အဖိုးကြီး တစ်ယောက်က ကျွန်တော့် ဘေး ကနေ ဖြတ်သွား တော့ သူ့ လက် ထဲမှာ ကိုင် လာတဲ့ ပေါင်မုန့် တ စ်လုံး ကို တွေ့လိုက် ရလို့ ကျွန်တော် လည်း ပေါင်မုန့် တစ်ဖဲ့လောက် ကျွေး ပါလို့ တောင်းပန် ပါတယ်" လို့ ပြောပြ ပါတယ်။

အဲဒီ တော့ ခါးကုန်းကြီး က ပေါင်မုန့် ကို သားကို ကျွေး ရဲ့လား လို့ မိခင် က မေးတော့ "ဟုတ်တယ် မေမေ။ ခါးကုန်းကြီး ဟာ ကျွန်တော့် ကို သူ့လက် ထဲ က ပေါင်မုန့်တစ် လုံးလုံး ကို ပေးခဲ့ ပြီး " ဒီ ပေါင်မုန့်ဟာ ငါနေ့တိုင်း စားနေကျ ရိက္ခာဘဲ။ ဒါပေမဲ့ ဒီ ပေါင်မုန့် တစ်လုံးလုံး မင်း ကို ပေးခဲ့ ပါမယ် .... ဘာဖြစ် လို့လဲ ဆိုတော့ ခု ချိန်မှာ ငါ့ထက် မင်း က ဒီ ပေါင်မုန့်တစ်လုံး ကို ပို လိုအပ် နေတဲ့ သူ ဖြစ်နေလို့ ပါဘဲ" လို့ ပြောသွား ခဲ့တာပါ။ ကတယ် ကို ကျွန်တော့်  ရဲ့ အသက် သခင် လို့ ပြောရမယ် မေမေ ရေ .... အဲဒီ ပေါင်မုန့် သာ ကျွန်တော် မစား ရရင် ဒီကို တောင် ရောက်အောင် လာနိုင် ဖို့ မမြင်တော့ ပါဘူး။ ကျွန်တော် ဟာ အစာ ငတ်ပြီး သေရုံ သာ ရှိပါတော့ တယ် လို့ ပြောပြ လိုက် ပါတယ်။

သားရဲ့ စကား ကို ကြား ရတော့ မိခင် ဖြစ်သူ က အံ့သြ ထိတ်လန့်ပြီး မျက်နှာ တစ်ခုလုံး ဖြူဖျော့ ပြီး မူးမေ့ လဲကျ မတတ် ခံစားလိုက် ရတဲ့ အတွက် တံခါးဘောင် ကို လှမ်းထိန်း လိုက်ရ ပါတယ်။ သူမ ဟာ ဒီမနက် မှာ ပေါင်မုန့်ထဲ ကို အဆိပ် ထည့်ပြီး ဖုတ်ဖို့ လုပ်ခဲ့ မိပါသေး တယ်။ ဒီ မနက်မှာ အဲဒီ ပေါင်မုန့်ကို ခါးကုန်းကြီး ကသာ ယူသွား မိခဲ့ရင် အဆိပ်ထည့် ထားတဲ့ ပေါင်မုန့် ကို စားမိ သူက သူမရဲ့ အချစ်ဆုံး သားလေး ဖြစ်မှာ အသေအချာ ပါ။ အဲဒီလို သာ ဆိုရင် သူမ သားလေး ကို လည်း ဆုံးရှုံး ရဖို့ သေချာ သလောက် ရှိပါ တယ်။ အဲဒီ တော့မှ ခါးကုန်းကြီး ပြောပြော သွားတဲ့ "မကောင်းတာ လုပ်ရင် မကောင်း သလို ခံစားရမယ်။ ကောင်းတာ လုပ်ရင် လည်း ကောင်းတာ ပြန်လာမယ်" ဆိုတဲ့စကား ရဲ့ အဓိပ္ပါယ် ကို သဘောပေါက် နားလည် မိရ ပါတော့ တယ်။

ခါးကုန်းကြီး ကို အဆိပ်မိ စေချင် စိတ်နဲ့ သာ ပေါင်မုန့် ထဲ အဆိပ် ထည့်ပြီး သာ ဖုတ်ခဲ့ မိရင် အဲဒီ မကောင်း တဲ့ စိတ်ထား ရဲ့ အကျိုးဆက် ဟာ သူမ သာ ပြန် ခံစား ရမှာ ဖြစ်ပါတယ်။ ခုတော့ မကောင်း တဲ့ စိတ်ရိုင်း ကို ဖယ် ပြီး စိတ်ကောင်းကောင်း ဖြင့် ပေါင်မုန့်အကောင်း ကိုသာ ဖုတ်ဖြစ် ခဲ့တဲ့ အတွက် သူမ သားလေး ပြန်ရောက် လာ နိုင်ခဲ့ တာ ဖြစ်ပါတယ်။ သူမ ပြူတင်းပေါက် မှာ နေ့စဉ်ထား ဖြစ် ခဲ့တဲ့ ပေါင်မုန့်ကလေး က သူမသား အသက် ကို ကယ်လိုက် တာသာ ဖြစ်ပါ တော့ တယ်။ မိခင် ဖြစ်သူ ဟာ သူမရဲ့ တစ်သက်တာ မှာ မကောင်းမှု ကို လုပ်ဖို့ ဘယ်တော့ မှ ကြံစည် ဖြစ်တော့မှာ မဟုတ်တာ သေချာ ပါတယ်။

ကောင်းမှု တစ်ခုခု ( သို့မဟုတ် ) ကောင်းသည်၊ မှန်သည် ဟု မိမိ လေးနက်စွာ ယုံကြည် ထား သည့် အရာ တစ်ခုခု ကို ပြုလုပ် သည့်အခါ မည်သူ တစ်ဦး တစ်ယောက် ကမျှ အသိပြု သည် ဖြစ်စေ၊ မပြု သည် ဖြစ်စေ၊ ချီးကျူး ခြင်း၊ ထုတ်ဖော် ပြောဆို ခြင်း ပြု သည် ဖြစ်စေ၊ မပြု သည် ဖြစ်စေ၊ မိမိ လုပ်လက်စ ကောင်းမှုဟု မိမိ ယုံကြည် သော အလုပ် ကို ပြုလုပ် မြဲ ဆက် ပြုလုပ်ပါ။ ထို ကောင်းမှု နှင့် ထိုက်တန် သော ကောင်းကျိုး ကို တစ်နေ့နေ့ တစ်ချိန်ချိန် တွင် သင် ကိုယ်တိုင် သေချာ ပေါက် ပြန်လည် ခံစား ရမည် ဖြစ်သည်။

The Good You Do, Comes Back To You ( Author Unknown) ကို ဘာသာပြန်ပါသည်။

ချော ( အစိမ်းရောင် လွင် ပြင် )

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...